နည္းျပ အမ္မရီဟာ ပီအက္စ္ဂ်ီအသင္းကုိ နည္းျပခဲ့စဥ္တုန္းက တုိက္စစ္မွဴး ေနမာကုိ ဘာစီလုိနာ အသင္းကေန ေခၚယူခဲ့ေပမဲ့လည္း ေနမာကုိ စပိန္ကုိ ျပန္သြားသင့္ၿပီလုိ႔ အႀကံေပးသြားခဲ့ပါတယ္။ နည္းျပ အမ္မရီဟာ အာဆင္နယ္ နည္းျပအျဖစ္ကေန အထုတ္ခံခဲ့ရၿပီးတဲ့ေနာက္ အသင္းလက္မဲ့ ျဖစ္ေနၿပီး (၂၀၁၇) ခုႏွစ္မွာ ပီအက္စ္ဂ်ီအသင္းကို နည္းျပခဲ့စဥ္က ေနမာကုိ ေခၚယူႏုိင္ခဲ့ပါတယ္။

Photo Credit: Dailymail

နည္းျပ အမ္မရီဟာ ပီအက္စ္ဂ်ီအသင္းကုိ နည္းျပခဲ့စဥ္က (၂၀၁၇) ခုႏွစ္မွာ တုိက္စစ္မွဴး ေနမာကုိ ကမၻာ့ စံခ်ိန္တင္ ေျပာင္းေရြ႕ေၾကး ေပါင္ (၁၉၈) သန္းနဲ႔ ဘာစီလုိနာအသင္းကေန ေခၚယူခဲ့ပါတယ္။ နည္းျပ အမ္မရီဟာ ဘရာဇီး တုိက္စစ္မွဴး ေနမာကုိ ဘာစီလုိနာအသင္းကေန ေခၚယူခဲ့ေပမဲ့လည္း သူက ေနမာဟာ ဘာစီလုိနာအသင္းကုိ ျပန္သြားသင့္တယ္လုိ႔ အႀကံေပးသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Dailymail

နည္းျပ အမ္မရီက “ေနမာ ဘာစီလုိနာအသင္းကုိ ျပန္လာမယ္ ဆုိတာ အမ်ားႀကီး ၾကားၾကမွာပါ။ သူ႔ကုိ ပီအက္စ္ဂ်ီအသင္းမွာ လာကစားဖုိ႔ ေျပာခဲ့တဲ့ လူေတြထဲမွာ ကြ်န္ေတာ္လည္း ပါဝင္ခဲ့တယ္။ အခု ကြ်န္ေတ္ာ စပိန္ႏုိင္ငံမွာ ရွိေနပါတယ္။ ေနမာ ျပန္လာသင့္ၿပီလုိ႔ပဲ ကြ်န္ေတာ္ ထင္ပါတယ္။ အေကာင္းဆုံး ကစားသမားက အေကာင္းဆုံး အသင္းမွာပဲ ရွိရမွာပါ”လုိ႔ ေျပာျပသြားခဲ့ပါတယ္။

Photo Credit: Dailymail

ပီအက္စ္ဂ်ီ တုိက္စစ္မွဴး ေနမာဟာ ၿပီးခဲ့တဲ့ ေႏြးရာသီ အေျပာင္းအေရြ႕မွာ ဘာစီလုိနာအသင္းကုိ ျပန္သြားဖုိ႔ အျပင္းအထန္ ခ်ိတ္ဆက္ခဲ့ေပမဲ့လည္း ပီအက္စ္ဂ်ီအသင္းက သူ႔ကို တားႏုိင္ခဲ့ပါတယ္။ တုိက္စစ္မွဴး ေနမာဟာ လက္ရွိရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္္ ပဲြစဥ္ (၁၂) ပြဲ ကစားၿပီးရာမွာ သြင္းဂုိး (၉) ဂိုး နဲ႔ ဂုိးဖန္တီးမႈ (၆) ႀကိမ္ ျပဳလုပ္ထားၿပီး ပုံစံေကာင္း ျပန္ရလာၿပီပဲ ျဖစ္ပါတယ္။

{Unicode}

နည်းပြ အမ်မရီဟာ ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်တုန်းက တိုက်စစ်မှူး နေမာကို ဘာစီလိုနာ အသင်းကနေ ခေါ်ယူခဲ့ပေမဲ့လည်း နေမာကို စပိန်ကို ပြန်သွားသင့်ပြီလို့ အကြံပေးသွားခဲ့ပါတယ်။ နည်းပြ အမ်မရီဟာ အာဆင်နယ် နည်းပြအဖြစ်ကနေ အထုတ်ခံခဲ့ရပြီးတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေပြီး (၂၀၁၇) ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်က နေမာကို ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Dailymail

နည်းပြ အမ်မရီဟာ ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်က (၂၀၁၇) ခုနှစ်မှာ တိုက်စစ်မှူး နေမာကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် (၁၉၈) သန်းနဲ့ ဘာစီလိုနာအသင်းကနေ ခေါ်ယူခဲ့ပါတယ်။ နည်းပြ အမ်မရီဟာ ဘရာဇီး တိုက်စစ်မှူး နေမာကို ဘာစီလိုနာအသင်းကနေ ခေါ်ယူခဲ့ပေမဲ့လည်း သူက နေမာဟာ ဘာစီလိုနာအသင်းကို ပြန်သွားသင့်တယ်လို့ အကြံပေးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

နည်းပြ အမ်မရီက “နေမာ ဘာစီလိုနာအသင်းကို ပြန်လာမယ် ဆိုတာ အများကြီး ကြားကြမှာပါ။ သူ့ကို ပီအက်စ်ဂျီအသင်းမှာ လာကစားဖို့ ပြောခဲ့တဲ့ လူတွေထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့တယ်။ အခု ကျွန်တေ်ာ စပိန်နိုင်ငံမှာ ရှိနေပါတယ်။ နေမာ ပြန်လာသင့်ပြီလို့ပဲ ကျွန်တော် ထင်ပါတယ်။ အကောင်းဆုံး ကစားသမားက အကောင်းဆုံး အသင်းမှာပဲ ရှိရမှာပါ”လို့ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Dailymail

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ နွေးရာသီ အပြောင်းအရွေ့မှာ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ အပြင်းအထန် ချိတ်ဆက်ခဲ့ပေမဲ့လည်း ပီအက်စ်ဂျီအသင်းက သူ့ကို တားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး နေမာဟာ လက်ရှိရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပွဲစဉ် (၁၂) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၉) ဂိုး နဲ့ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားပြီး ပုံစံကောင်း ပြန်ရလာပြီပဲ ဖြစ်ပါတယ်။