ၿပီးခဲ႔တဲ႔ပိတ္ရက္က ကစားသြားခဲ႔တဲ႔ ရုိးမားအသင္းနဲ႔ ဂ်ဳဗင္တပ္စ္အသင္းတုိ႔ရဲ႕အီတလီစီးရီးေအပြဲစဥ္(၁၉)အတြင္း ဒုတိယပုိင္းပြဲကစားခ်ိန္မွာ တုိက္စစ္မွဴး ဂြန္ဇာလုိဟီဂြာအင္နဲ႔ လူစားလဲခံခဲ႔ရလုိ႔ ေဒါသေပါက္ကြဲခဲ႔ရတဲ႔ အာဂ်င္တီးနားလက္ေရြးစင္ ေပၚလုိဒီဘားလားနဲ႔ မိမိၾကားမွာ ျပသာနာတစ္စုံတစ္ရာ ရွိမေနပဲ ဒါဟာ လူစားလဲခံခဲ႔ရတဲ႔ ကစားသမားေတာ္ေတာ္မ်ားမ်ားရဲ႕သဘာဝအတုိင္း ျဖစ္ေပၚလာတတ္တဲ႔ အျပဳအမႈတစ္ခုလုိ႔ပဲ ဂ်ဳဗင္တပ္စ္အသင္းရဲ႕နည္းျပဆာရီက ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ဒီေနာက္ပုိင္းပြဲစဥ္ေတြမွာ ဂ်ဳဗင္တပ္စ္အသင္းအတြက္ အက်ိဳးအျပဳႏုိင္ဆုံး ကစားသမားျဖစ္လုိ႔ေနတဲ့ ဒီဘားလားဟာ ရုိးမားအသင္းနဲ႔ကစားခဲ႔တဲ႔ စီးရီးေအပြဲစဥ္မွာလည္း ဒီမီရယ္ရဲ႕အဖြင့္ဂုိးကုိလည္း သူကုိယ္တုိင္ဖန္တီးေပးႏုိင္ခဲ႔လုိ ၅မိနစ္အၾကာမွာ ဆက္လက္ရရွိခဲ႔တဲ႔ ပင္နယ္တီကန္သြင္းခြင့္ကလည္း သူ႔ကုိျပစ္ဒဏ္ခံရမႈကေနတစ္ဆင့္ ရရွိခဲ႔တာျဖစ္လုိ႔ ဂ်ဳဗင္တပ္စ္သြင္းဂုိး၂ဂုိးလုံးက ဒီဘားလားနဲ႔ ပတ္သက္ဆက္ႏြယ္လုိ႔ေနပါတယ္။ ဒါေပမယ့္လည္း တုိက္စစ္ပုိင္းအေျပာင္းအလဲ လုပ္ခ်င္ေနတဲဲ႔ ဆာရီက ဒီဘားလားေနရာမွာ ဟီဂြာအင္ကုိ ထည့္သြင္းလုိက္လုိ႔ ဒီဘားလာမွာ ေဒါသထြက္ခဲ႔ရၿပီး စိတ္ပ်က္ေဒါသထြက္တဲ႔ အမႈအရာေတြပါ ျပဳမႈသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဂ်ဳဗင္တပ္စ္အသင္းရဲ႕နည္းျပျဖသူဆာရီက “ကြ်န္ေတာ္ ဒီဘားလားနဲ႔ ေန႔တုိင္းလုိလုိ စကားေျပာျဖစ္ပါတယ္။ သူ႔ကုိ ကြ်န္ေတာ္သေဘာက်တယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာျဖစ္ခဲ႔တာလဲဆုိတာကုိေတာ့ ေျပာစရာမလုိပါဘူး။ နည္းျပအဖြဲ႕ဝင္ေတြ ေျပာတာကေတာ့ သူအေနနဲ႔ လူစားလဲခံခဲ႔ရလုိ႔သာ ဒီလုိအမႈအရာေတြ လုပ္ေဆာင္ခဲ႔တာလို႔ သိထားပါတယ္။ ဒါက ထူးျခားတဲ႔ကိစၥေတာ့ မဟုတ္ပါဘူး။ ကြ်န္ေတာ္တုိ႔ဆီမွာ တုိက္စစ္စြမ္းေဆာင္ရည္ ေကာင္းမြန္လွတဲ႔ ကစားသမားေတြမ်ားစြာ ပုိင္ဆုိင္ထားလုိ႔ ဒီလုိေတြေတာ့ ျဖစ္တတ္မွာပဲေလ။ ဒါက ျပသာနာလည္းမဟုတ္သလုိ အျငင္းပြားစရာကိစၥလည္း မဟုတ္ပါဘူး။ ကြ်န္ေတာ္တုိ႔ရဲ႕တုိက္စစ္မွဴးသုံးေယာက္လုံးကလည္း ပုံစံေကာင္းမွာရွိေနၾကပါတယ္” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ဆာရီဟာ ခ်ယ္လ္ဆီးကေန ဂ်ဳဗင္တပ္စ္အသင္းကုိ ေျပာင္းလဲကုိင္တြယ္ခဲ႔စဥ္တုန္းက ဒီဘားလားကုိ အသင္းကေန ေရာင္းခ်ဖုိ႔ႀကိဳးပမ္းခဲ႔ဖူးၿပီး ဒီဘားလားဘက္ကေန လက္မခံခဲ႔လုိ႔သာ အသင္းမွာ အခုထိဆက္လက္ရွိေနရတာပဲျဖစ္ပါတယ္။

(Unicode)

ဒီဘားလားနဲ့ မိမိတို့ကြားမှာ ဘာပြသာနာမှ ရှိလို့မနေဘူး ဂျုဗင်တပ်နည်းပြဆာရီ ရှင်းလင်း

ပြီးခဲ့တဲ့ပိတ်ရက်က ကစားသွားခဲ့တဲ့ ရိုးမားအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့အီတလီစီးရီးအေပွဲစဉ်(၁၉)အတွင်း ဒုတိယပိုင်းပွဲကစားချိန်မှာ တိုက်စစ်မှူး ဂွန်ဇာလိုဟီဂွာအင်နဲ့ လူစားလဲခံခဲ့ရလို့ ဒေါသပေါက်ကွဲခဲ့ရတဲ့ အာဂျင်တီးနားလက်ရွေးစင် ပေါ်လိုဒီဘားလားနဲ့ မိမိကြားမှာ ပြသာနာတစ်စုံတစ်ရာ ရှိမနေပဲ ဒါဟာ လူစားလဲခံခဲ့ရတဲ့ ကစားသမားတော်တော်များများရဲ့သဘာဝအတိုင်း ဖြစ်ပေါ်လာတတ်တဲ့ အပြုအမှုတစ်ခုလို့ပဲ ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဆာရီက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဒီနောက်ပိုင်းပွဲစဉ်တွေမှာ ဂျုဗင်တပ်စ်အသင်းအတွက် အကျိုးအပြုနိုင်ဆုံး ကစားသမားဖြစ်လို့နေတဲ့ ဒီဘားလားဟာ ရိုးမားအသင်းနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း ဒီမီရယ်ရဲ့အဖွင့်ဂိုးကိုလည်း သူကိုယ်တိုင်ဖန်တီးပေးနိုင်ခဲ့လို ၅မိနစ်အကြာမှာ ဆက်လက်ရရှိခဲ့တဲ့ ပင်နယ်တီကန်သွင်းခွင့်ကလည်း သူ့ကိုပြစ်ဒဏ်ခံရမှုကနေတစ်ဆင့် ရရှိခဲ့တာဖြစ်လို့ ဂျုဗင်တပ်စ်သွင်းဂိုး၂ဂိုးလုံးက ဒီဘားလားနဲ့ ပတ်သက်ဆက်နွယ်လို့နေပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်ပိုင်းအပြောင်းအလဲ လုပ်ချင်နေတဲဲ့ ဆာရီက ဒီဘားလားနေရာမှာ ဟီဂွာအင်ကို ထည့်သွင်းလိုက်လို့ ဒီဘားလာမှာ ဒေါသထွက်ခဲ့ရပြီး စိတ်ပျက်ဒေါသထွက်တဲ့ အမှုအရာတွေပါ ပြုမှုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဖြသူဆာရီက “ကျွန်တော် ဒီဘားလားနဲ့ နေ့တိုင်းလိုလို စကားပြောဖြစ်ပါတယ်။ သူ့ကို ကျွန်တော်သဘောကျတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဖြစ်ခဲ့တာလဲဆိုတာကိုတော့ ပြောစရာမလိုပါဘူး။ နည်းပြအဖွဲ့ဝင်တွေ ပြောတာကတော့ သူအနေနဲ့ လူစားလဲခံခဲ့ရလို့သာ ဒီလိုအမှုအရာတွေ လုပ်ဆောင်ခဲ့တာလို့ သိထားပါတယ်။ ဒါက ထူးခြားတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ တိုက်စစ်စွမ်းဆောင်ရည် ကောင်းမွန်လှတဲ့ ကစားသမားတွေများစွာ ပိုင်ဆိုင်ထားလို့ ဒီလိုတွေတော့ ဖြစ်တတ်မှာပဲလေ။ ဒါက ပြသာနာလည်းမဟုတ်သလို အငြင်းပွားစရာကိစ္စလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့တိုက်စစ်မှူးသုံးယောက်လုံးကလည်း ပုံစံကောင်းမှာရှိနေကြပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆာရီဟာ ချယ်လ်ဆီးကနေ ဂျုဗင်တပ်စ်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့စဉ်တုန်းက ဒီဘားလားကို အသင်းကနေ ရောင်းချဖို့ကြိုးပမ်းခဲ့ဖူးပြီး ဒီဘားလားဘက်ကနေ လက်မခံခဲ့လို့သာ အသင်းမှာ အခုထိဆက်လက်ရှိနေရတာပဲဖြစ်ပါတယ်။