စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိနေတော့တဲ့ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား အသင်းခေါင်းဆောင် အူဘာမီယန်းကို အာဆင်နယ်ဘက်ကနေ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ထားခဲ့ပေမယ့်လည်း အင်စတာဂရမ်မှာ အူဘာမီယန်းက သူရဲ့ညီအစ်ကိုဖြစ်သူနဲ့ Live လွှင့်နေစဉ်အတွင်း သူ့ကို အာဆင်နယ်ဘက်ကနေ စာချုပ်သစ်ကမ်းလှမ်းမှု မရှိသေးဘူးလို့ ပြောဆိုလာခဲ့တဲ့အတွက် ဒီသတင်းစကားဟာ အာဆင်နယ်ပရိသတ်တွေအတွက် စိုးရိမ်စရာတစ်ခု ဖြစ်သွားစေခဲ့ရပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းကို အက်အေဖလားတစ်လုံး အရယူပေးခဲ့သူဖြစ်ပြီး အသင်းကို လာမယ့်နှစ်အတွင်း ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ရောက်ဆင်နွဲခွင့်ရအောင်လည်း စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒေါ့မွန်ကနေ အာဆင်နယ်ကို ရောက်ရှိလာပြီး နှစ်ရာသီအတွင်းမှာပဲ အသင်းအတွက် သွင်းဂိုးများစွာ ရယူပေးထားနိုင်ခဲ့တဲ့ အူဘာမီယန်းကို အာဆင်နယ်အသင်းကနေ အမှန်အကန် စာချုပ်သက်တမ်းတိုးချင်နေတာဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိတော့ စာချုပ်သစ်ကိစ္စကို လုံးဝအပြီးသတ်ဆောင်ရွှက်နိုင်ခြင်း မရှိသေးတာပဲဖြစ်ပါတယ်။

Photo Credit : TEAMtalk

သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ အသင်းနဲ့အတူ စာချုပ်သက်တမ်း (၁)နှစ်ပဲ ကျန်ရှိတော့တဲ့ အသင်းရဲ့တိုက်စစ်ကစားသမား အူဘာမီယန်းအတွက် တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းခွဲနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့ သိရှိထားရပေမယ့် Instagram Live အတွင်းမှာ အူဘာမီယန်းက အသင်းအနေနဲ့ သူ့အပေါ် စာချုပ်သစ်ကမ်းလှမ်းထားမှု မရှိသေးဘူးဆိုပြီး ရုတ်တရက်ပြောဆိုခဲ့တာကြောင့် Live ကို ကြည့်ရှနေတဲ့ အာဆင်နယ်ပရိသတ်တွက စိုးရိမ်းသွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကို အူဘာမီယန်းက ပြန်လည်ထိန်းသိမ်းခဲ့ပြီး “ကောင်းသာညလေးဖြစ်ကြပါစေ။ အားလုံးပျော်ရွှင်ပါစေ။ အားလုံးအတွက် သတင်းကောင်းကြားရဖို့လည်း မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ကာ သူရဲ့Live ကို အဆုံးသတ်လိုက်ပါတယ်။ အခုလို စာချုပ်သစ်ကိစ္စ ကြန့်ကြာနေမှုအပေါ်မှာ အာဆင်နယ်ဂန္တဝင် ကစားသမားကြီး အီယန်ရိုက်ကလည်း စိတ်မရှည်နိုုင်တော့အကြောင်း သူရဲ့တွစ်တာပေါ်ကနေ သူကိုယ်တိုင်လက်မှတ်ထိုးနေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ နောက်ပြောင်ခဲ့ပါသေးတယ်။ အာဆင်နယ်ဟာ အူဘာမီယန်းကို သက်တမ်းတိုးပြီးသွားရင် နောက်ထပ်အသင်းရဲ့တိုက်စစ်ကစားသမား လာကာဇက်ကို အသင်းကနေ ရောင်းချသွားဖွယ် ရှိနေပါတယ်။