မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က သူ့ကို ယူနိုက်တက်ရဲ့ဂန္တဝင်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အဲရစ်ကန်တိုနာနဲ့ ခိုင်းနှိုင်းပြောဆိုနေကြတဲ့အပေါ် ငြင်းဆန်ပယ်ချသွားပြီး ဒီကစားသမားကြီးနဲ့ အခုလို ခိုင်းနှိုင်းခံရဖို့အတွက် အများကြီးလိုအပ်နေသေးကြောင်းနဲ့ အောင်မြင်မှုတွေ ဆုဖလားတွေများစွာကိုလည်း အသင်းအတွက် ရယူပေးဖို့ လိုအပ်နေသေးတယ်လို့ တုန့်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Bein Sports

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို သူရောက်လာချိန်ကနေစပြီး ယူနိုက်တက်မှာလည်း ရလဒ်တွေ တောက်လျှောက်ကောင်းမွန်ခဲ့ရကာ ပြိုင်ပွဲစုံ(၂၂)ပွဲမှာ ရှံးပွဲက (၁)ပွဲသာရှိထားခဲ့ရပါတယ်။ ဖာနန်ဒက်စ်ကိုယ်တိုင်ကလည်း ယူနိုက်တက်အတွက် (၁၁)ဂိုး သွင်းယူပေးထားခဲ့ပြီး (၈)ဂိုးအထိကို ဖန်တီးထားနိုင်ခဲ့လို့ အခုလို အသင်းရဲ့Legend ကြီးဖြစ်တဲ့ ကန်တိုနာနဲ့ ခိုင်းနှိုင်းခံလာရတာဖြစ်ပါတယ်။

Photo Credit : Mirror

ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော်အတွက်တော့ ဒီလိုခိုင်းနှိုင်းခံရတဲ့ စကားတွေကို နားထောင်ရတာ အရမ်းကောင်းတယ်ဆိုပေမယ့် ကန်တိုနာဆိုတာက ဒီအသင်းအတွက် တကယ့်ကို ထူးခြားခမ်းနားတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တဲ့သူပါ။ အဲ့ဒီအတွက် သူနဲု့ခိုင်းနှိုင်းခံရဖို့အတွက်ဆိုရင် ကျွန်တော် ဒီထက်မက အများကြီးတိုးတတ်ကောင်းမွန်အောင် ကြိုးစားရဦးမယ်။ ဒီခိုင်းနှိုင်းခံရမှုအပေါ်မှာ သာယာနေလို့ မရပါဘူး။ ကျွန်တော် မန်ချက်စတာကို လာရောက်ခဲ့တယ်ဆိုတာကလည်း ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက်ပါပဲ။ ဒီရာသီမှာ ယူရိုပါလိဂ်ဖလားကို ပိုင်ဆိုင်လိုက်ရမယ်ဆိုရင်တော့ အရမ်းကို ပျော်ရွှင်မိရမှာ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာတော့ ယူရိုပါလိဂ်ဘုရင်လို့ တင်စားခေါ်ဆိုခံထားရတဲ့ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒါဟာ ယူနိုက်တက်အသင်းအတွက် ဒီနှစ်ဘောလုံးရာသီအတွင်း ရှံးထွက်ပြိုင်ပွဲတွေရဲ့ဆီမီးဖိုင်နယ်ကို တတိယကြိမ်မြောက်အဖြစ် တတ်လှမ်းနိုင်ခဲ့မှုဖြစ်ပြီး အက်အေဖလား ဆီမီးဖိုင်နယ်နဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ်တွေမှာတော့ ရှံးပွဲအသီးသီးနဲ့ ကြုံတွေ့ထားခဲ့ရပါတယ်။