MySport Myanmar

ဂျရတ်ကြောင့် လီဗာပူးလ် ပရိသတ် ဖြစ်ခဲ့ရတယ်လို့ ရာဘီယော့ ဖွင့်ဟ

ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်ကစားသမား အက်ဒရီယန်ရာဘီယော့က သူဟာ လီဗာပူးလ်နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်ရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်တာကြောင့် လီဗာပူးလ်အသင်းကိုပါ အားပေးခဲ့ဖူးတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ရာဘီယော့ဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး သူ့ကို free transfer နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာလည်း လီဗာပူးလ်အသင်းပါ ပါဝင်နေခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် ဈေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို မဖြစ်မနေ ဖြည့်တင်းရဖို့ လိုအပ်နေတာကြောင့် ဘယ်လင်ဟမ် မာသီးယပ်စ်နူးနက်စ် မီလင်ကိုဗစ်ဆာဗစ်နဲ့ ရာဘီယော့တို့လို ကွင်းလယ်ကစားသမားတွေကို ပစ်မှတ်ထားနေတာပဲ ဖြစ်ပါတယ်။

Photo Credit : The Empire of the Kop

လီဗာပူးလ်အသင်းနဲ့ ပတ်သတ်ပြီး ရာဘီယော့က “ကျွန်တော်က စတီဗင်ဂျရတ်ရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်တာကြောင့်မို့ လီဗာပူးလ်အသင်းကိုလည်း အရမ်း နှစ်သက်ခဲ့တယ်။ ဂျရတ်က ကျွန်တော့်အတွက် အိမ်မက်တွေကို ဖန်တီးပေးခဲ့တဲ့သူ။ ဒါကြောင့်ပဲ ကျွန်တော်က လီဗာပူးလ်အသင်းကို အားပေးဖြစ်ခဲ့တာ။ ကျွန်တော်ရဲ့ နောက်ထပ် idol ကတော့ ဇီဒန်းပါပဲ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

အသက်(၂၇)နှစ်အရွယ်ရှိ ရာဘီယော့ဟာ ဒီနှစ်ရာသီမှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ရောက်လာဖို့ အလွန် နီးစပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လစာကိစ္စ အဆင်မပြေလို့ ရာဘီယော့က ဂျုဗင်တပ်စ်မှာသာ ဆက်လက် ရှိနေခဲ့ပေမယ့် လာမယ့်နွေမှာတော့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေရာ သူ့ကို လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က အသင်းဆီ အရ ခေါ်ယူဖွယ် ရှိနေပြီး သူရဲ့ ဂျုဗင် အသင်းဖော်ဟောင်း အာသာမယ်လိုကိုတော့ အငှားစာချုပ် ပြည့်သွားချိန်မှာ အပြီးသတ် ခေါ်ယူခြင်း မပြုတော့ပဲ ဂျုဗင်ဆီကိုသာ ပြန်လည် စေလွှတ်ဖွယ် ရှိနေပါတယ်။

Exit mobile version