မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း၊ လက်ရှိ ဒါဘီကောင်တီအသင်းရဲ့ တိုက်စစ်မှူး ဝိန်း ရွန်နီက သီယာဂို အယ်လ်တန်တာရာဟာ ပြီးခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာ မန်ယူအသင်းကို ပြောင်းလာဖို့ အလွန် နီးစပ်ခဲ့ပြီး လက်ရှိရာသီမှာ လီဗာပူးလ်အသင်းကို မပြောင်းဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ ဘိုင်ယန်အသင်းရဲ့ ဥက္ကဌက အသင်းရဲ့ ကွင်းလယ်လူ အယ်လ်ကန်တာရာဟာ အသင်းနဲ့ စာချုပ်သစ် ထပ်တိုးဖို့ ငြင်းပယ်ခဲ့တယ်လို့ အတည်းပြုခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် (၂၇) သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Goal

(၂၉) နှစ်အရွယ် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို ခေါ်ယူနိုင်ဖို့ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ မန်စီးတီးအသင်း၊ မန်ယူအသင်း၊ လီဗာပူးလ်အသင်း နဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေပြီး လီဗာပူးလ်က ခေါ်ယူနိုင်ချေ အရှိဆုံး ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျင် ကလော့ပ်က ပြီးခဲ့တဲ့ လမှာ အသင်းရဲ့ ပစ်မှတ်ဖြစ်သူ ကွင်းလယ်လူ အယ်လ်ကန်တာရာကို ကစားသမားကောင်း ဖြစ်တယ်လို့ ပြောခဲ့ပြီး မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက လီဗာပူးလ်အသင်းကို မပြောင်းဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

The Sunday Times မှာ ဝိန်း ရွန်နီက “အယ်လ်ကန်တာရာက လွန်ခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာ မန်ယူ အသင်းကို ပြောင်းလာခါနီး ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ လီဗာပူးလ်အသင်းက သူ့ကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေတယ်။ သူက ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေက တစ်ယောက် ဖြစ်ပြီး သူအနေနဲ့ လီဗာပူးလ်အသင်းကို မသွားဖို့ မျှော်လင့်ပါတယ်။ သူက ဘောလုံး ပြန်လုနိုင်ပြီး ဘောလုံးကို ထိန်းကစားနိုင်တယ်။ နောက်ပြီး သူက ဂိုးကန်သွင်းနိုင်တယ်။ သူက စွယ်စုံရတဲ့ ကွင်းလယ် ကစားသမား ဖြစ်ပြီး အရာအားလုံး နီးပါး ပိုင်ဆိုင်ထားတယ်။ သူက ဘိုင်နယ်အသင်းရဲ့ တိုက်စစ်ကို နောက်က ပံ့ပိုးပေးပြီး နောက်တန်းနဲ့ ဘောလုံးပေးကစားပါတယ်”လို့ ပြောခဲ့ပါတယ်။