ပီအက်စ်ဂျီနဲ့ ပြင်သစ်အသင်းတို့ရဲ့ တ်ိုက်စစစ်ကစားသမား ကီလီယန်အမ်ဘာပေက ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားနေရတာထက် ပြင်သစ်အသင်းမှာ ပါဝင်နေရခြင်းက သူ့အတွက် ကစားရတာ လွတ်လပ်မှု ပိုရှိတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Mbappe said Olivier Giroud's presence in the France team allows him to 'move and go to space'

Photo Credit : Daily Mail

အသက်(၂၃)နှစ်အရွယ် တိုက်စစ်ကစားသမား ဘာပေဟာ မနေ့ညက သြစတြီးယားအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ Nations League ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် နိုင်ပွဲတစ်ပွဲပါ ဖော်ဆောင်ပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဘာပေက ပြင်သစ်နည်းပြဒေ့ရှောင့်ရဲ့ နည်းစနစ်အောက်မှာ ပါဝင်ကစားရတာက ပီအက်စ်ဂျီအသင်းမှာ ကစားရတာထက် ပိုမို အဆင်ပြေနေရပြီး နေရာလွတ်တွေ ပိုရတယ်လို့ ရှင်းလင်းပြောကြားလိုက်ပါတယ်။

The Frenchman (middle) suggested he has more freedom with France than he does with PSG

Photo Credit : Daily Mail

ပြင်သစ်မှာ ပါဝင်ကစားရတဲ့ position နဲ့ ပတ်သတ်ပြီး ဘာပေက ” ဒီမှာက သူတို့ ကစားခိုင်းတာ မတူပါဘူး။ ဒီမှာက ကျွန်တော် ပီအက်စ်ဂျီမှာ ကစားရတာထက် ပိုပြီး လွတ်လပ်နေတယ်။ ဂျရူးလို no(9)role အထောင်တိုက်စစ်မှူးမျိုး ရှိနေတယ်ဆိုတာကိုလည်း နည်းပြကလည်း သိနေတော့ ကျွန်တော်က နေရာစုံ ရွေးလျားနိုင်ပြီး နေရာလွတ်တွေကိုလည်း သွားလာနိုင်တယ်။ ပဲရစ်မှာကျတော့ ဒီလို မဟုတ်ဘူး။ ကျွန်တော်က တိုက်စစ်နေရာအနံ့မှာ ကစားရတာ သဘာကျပေမယ့်လို့ အထောင်တိုက်စစ်နေရာအတွက်ပဲ ကစားစေတယ်” လို့ ပြောဆိုလိုက်ပါတယ်။ ဘာပေက သူပြောခဲ့သလိုပဲ သြစတြီးယားနဲ့ပွဲစဉ် ဒုတိယပိုင်း ပြန်အစလောက်မှာပဲ သူရခဲ့တဲ့ နေရာလွတ်ကနေ အသင်းအတွက် ပထမဂိုးကို စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာပေက ပြင်သစ်အသင်းမှာ ဒီလိုမျိုး ကစားခဲ့ရပေမယ့် ပီအက်စ်ဂျီမှာဆိုရင်တော့ နေမာ မက်ဆီတို့က ဘာပေကို တောင်ပံနှစ်ဖက်နေ ခြံရံပြီး ဘာပေကတော့ တိုက်စစ် pivot နေရာမှာ ကစားရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာကလည်း ဘာပေကို အဆုံးသတ်ဂိုးတွေ သွင်းယူဖို့အတွက်ကိုသာ အဓိက တာဝန်ပေးထားတာဖြစ်လို့ ဘာပေက ဒီရာသီအတွင်း ဂိုးဖန်တီးမှု တစ်ကြိမ်မှကို မလုပ်ဆောင်ထားနိုင်တာဖြစ်ကာ မက်ဆီနဲ့ နေမာတို့ကိုပဲ ဖန်တီးမှု (၇)ကြိမ်စီ လုပ်ဆောင်ထားခဲ့ပါတယ်။