လတ်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်နေတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ချယ်လ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီက အလိုရှိနေပြီး အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုက ချယ်လ်ဆီးမှာ ကောင်းကောင်းအံ့ဝင်နိုင်မယ် မထင်ဘူးလို့ ချယ်လ်ဆီးကစားသမားဟောင်း ဝီလျံဂါးလက်စ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Man Utd: Cristiano Ronaldo not for sale despite reports of move to Chelsea | Frenkie de Jong deal moving closer | Transfer Centre News | Sky Sports

Photo Credit : Sky Sports

အသက်(၃၇)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် ထိပ်တန်းစူပါစတားကြီး ရော်နယ်လ်ဒိုဟာ အသင်းရဲ့ နွေဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှု နှေးကွေးနေခြင်းတွေနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ထားခဲ့ခြင်းတွေအပေါ် စိတ်ပျက်နေရပြီး အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ထိ ကျန်ရှိနေသေးချိန်မှာပဲ အသင်းနဲ့ လမ်းခွဲဖို့ကို စီစဉ်လာခဲ့ပါတယ်။ အခုလို အနာဂတ် လှုပ်ခတ်လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းထွက်လာခဲ့သလို ယူနိုက်တက်ရဲ့ ပရီးမီယားလိဂ်ပြိုင်ဘက်အသင်း ချယ်လ်ဆီးနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Gallas done with France - Eurosport

Photo Credit : Eurosport

ဒါပေမယ့် ချယ်လ်ဆီး နောက်ခံကစားသမားဟောင်းကြီး ဂါးလက်စ်ကတော့ ရော်နယ်လ်ဒိုအနေနဲ့ ချယ်လ်ဆီးမှာ အံ့မဝင်နိုင်လောက်ဘူးလို့ သူရဲ့ ထင်မြင်ချက်တွေကို ပြောဆိုသွားခဲ့ပါတယ်။ ဂါးလက်စ်က “ခရစ္စတီယာနိုရော်နယ်လ်ဒိုက ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး ဖြစ်ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်နေသူဆိုတာကိုလည်း အားလုံးသိကြမှာပါ။ သူ ချယ်လ်ဆီးမှာ အံ့ဝင်လိမ့်မယ်လို့ မထင်မိပါဘူး။ တကယ်လို့ ချယ်လ်ဆီးက ခရစ္စတီယာနိုကို တကယ်ခေါ်ယူချင်တယ်ဆိုရင် အရာအားလုံးကို ဆွေးနွေးရမှာဖြစ်လို့ ခရစ္စတီယာနိုနဲ့ သောမတ်စ်တူဟယ်လ်တို့ကြားမှာ စကားပြောဆိုမှုတွေ ကောင်းကောင်းရှိနေသင့်တယ်။ ခရစ္စတီယာနိုက လက်ရှိမှာ အသက်(၃၇)နှစ် ရှိနေပြီဆိုပေမယ့် မနှစ်က ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးသူ ဖြစ်ခဲ့လို့ သူ့မှာ အရည်အသွေးကောင်းတွေ ရှိနေသေးတယ်ဆိုတာကို လူတိုင်းက သိကြပေမယ့်လည်း တချို့အကြောင်းအရာတွေနဲ့သာ သူ့ကို မကျေနပ် ဖြစ်ကြတာ။ ဒါကိုတော့ ကျွန်တော်လည်း နားမလည်ပါဘူး။ ဒါက ခရစ္စတီယာနို ရှိနေရင် သူနဲ့ တွဲကစားရတဲ့ ကစားသမားတွေက သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို မမြှင့်တင်နိုင်တဲ့ ပြသာနာကြောင့်ပဲ ဖြစ်မှာ။ ဒါပေမယ့် သူသာ ချယ်လ်ဆီးကို ရောက်လာမယ်ဆိုရင် အသင်းသားတွေရဲ့ ပံ့ပိုးမှုတွေကြောင့် ဂိုးတွေများစွာကို သွင်းယူနိုင်မှာတော့ သေချာပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။