လီဗာပူးလ်အသင်းရဲ့ ဂျပန်ကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ တာကူမိမီနာမီနိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းအတွက် ပွဲထွက်ကစားခွင့် နည်းပါးခဲ့ရတာကြောင့် ရာသီဝက်အတွင်းမှာပဲ ဆောက်သမ်တန်အသင်းဆီကို ရာသီဝက်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရပြီး အခုဆိုရင် မီနာမီနိုဟာ ဆောက်သမ်တန်နဲ့ အငှားစာချုပ် ပြည့်မြောက်သွားပြီဖြစ်လို့ သူရဲ့မိခင်ကလပ် လီဗာပူးလ်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : Sports Illustrate

အသက်(၂၆)နှစ်အရွှယ်ရှိ ဂျပန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား မီနာမီနိုဟာ ၂၀၁၅ခုနှစ်ကမှ ဂျေလိဂ်ကလပ်အသင်းကနေ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အာလင်းဟာလန်း ဟွမ်ဟီချန်းတို့လို တိုက်စစ်ကစားသမားတွေနဲ့ တွဲဖက်ကာ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ မီနာမီနိုကို လီဗာပူးလ်အသင်းကနေ ၂၀၂ဝခုနှစ် ဆောင်းစျေးကွက်မှာပဲ ခေါ်ယူခဲ့ကာ မီနာမီနိုဟာလည်း အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေတးတယ်။

Photo Credit : Goal

မီနာမီနိုဟာ သူရဲ့လီဗာပူးလ်ကစားသမားဘဝ ဒုတိယမြောက် ဘောလုံးရာသီမှာ ပွဲထွက်ကစားခွင့်ရဖို့ မလွယ်ကူတာကြောင့် ဆောက်သမ်တန်အသင်းဆီ အငှားစာချုပ်နဲ့ အခုဆိုရင် အငှားပြည့်သွားခဲ့တဲ့အတွက် လီဗာပူးလ်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အသင်းရဲ့ ရာသီကြိုအစီအစဉ်တွေထဲမှာတောင် ပါဝင်လျက်ရှိနေပေမယ့် သူရဲ့အနာဂတ်နဲ့ပတ်သက်လို့ အတိအကျတော့ မသိရှိရသေးဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မီနာမီနိုက “ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ ကျွန်တော်မသိသေးဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ရာသီကြိုအတွက် ကျွန်တော် လီိဗာပူးလ်အသင်းဆီကို ပြန်သွားပြီး အဲ့ဒီမှာ ကျွန်တော်ရဲ့ အကောင်းဆုံးစွမ်းရည်တွေကို ပြန်လည်ရယူချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ မီနာမီနိုနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့က “ဒီကစားသမားက ကျွန်တော်တို့အသင်းရဲ့ ရေရှည်စီမံကိန်းအတွက်ပါ။ သူ့ဆီမှာ အလားအလာကောင်းတွေလည်း မြင်နေရတယ်။ သူက ပရီးမီးယားလိဂ်မှာလည်း (၁၇)ပွဲလောက် ကစားထားနိုင်ခဲ့တာကိုလည်း ကျွန်တော်တို့ မြင်ခဲ့ရတာပဲ။ သူ ဒီကို ပြန်လာချိန်မှာ သူ့ဆီမှာ မတူကွဲပြားတဲ့ အတွေးအမြင်တွေ ယုံကြည်မှု အဆင့်အတန်းတွေ ပါလာနိုင်တာမို့ ဒီအငှားအပြောင်းအရွှေ့က အသင်း(၂)သင်းလုံးအတွက် အကျိုးရှိစေရတယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက် အလွန်ထူးချွန်တဲ့ ကစားသမားတစ်ဦး ဖြစ်နေတာမို့ ဒီနေရာမှာ သူပြန်လည်ကစားဖို့ စိတ်အားထက်သန်နေမှာပါ” လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။