မန်ချက်စတာယူနိုက်တက်အသင်းအတွက် နှစ်ယောက်မရှိနိုင်တဲ့ အသင်းခေါင်းဆောင်ဟောင်း ရွိင်ကိန်းဟာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် အကောင်းဆုံးမောင်းနှင်နိုင်ခဲ့တဲ့ အင်ဂျင်တစ်လုံးလို ကစားသမားဖြစ်ခဲ့သလို အမြဲလိုလို သွေးဆူတတ်လို့လည်း ပြိုင်ဘက်ကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာလည်း မကြာခဏရှိခဲ့ရပါတယ်။ ရွိုင်းကိန်းနဲ့ ခဏခဏ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားတွေထဲမှာတော့ အာဆင်နယ်ဂန္တဝင်ကစားသမားဟောင်းကြီး ပက်ထရစ်ဗီအာရာက ထိပ်ဆုံးမှာ ပါဝင်နေတယ်ဆိုပေမယ့်လည်း နယူးကာဆဲလ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အလန်ရှီးယားလည်း ပါဝင်လို့နေပါတယ်။

Photo Credit : Youtube

ပရီးမီးယားလိဂ်ရဲ့ Legend ကစားသမားနှစ်ယောက်ဟာ ၂၀၀၁ခုနှစ်တုန်းက စိန့်ဂျိမ်းစ်ပတ်ကွင်းမှာ ကျင်းပခဲဲ့တဲဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်လို့ အနီကတ်ပြသမှုတွေပါ ပါဝင်လာခဲ့ရပါတယ်။ အဲ့ဒီပွဲအတွင်းမှာ အိမ်ရှင်နယူးကာဆဲလ်က ၄ဂိုး၃ဂိုးနဲ့ ဦးဆောင်ထားချိန် ရှီးယားက ဘယ်တောင်ပံတလျှောက် ဘောလုံးဆွဲယူလာရင်း စည်းကျော်သွားလို့ ယူနိုက်တက်ဘက်က လက်ပစ်ဘောမြောက်ခွင့်ရပြီး ဒီလက်ပစ်ဘောကို ရွိုင်းကိန်းမြှောက်လိုက်ရမှာ ဘောလုံးရဲ့ဦးတည်ချက်က ရှီးယားဆီကိုရောက်သွားကာ ဘောလုံးနဲ့ လှမ်းပစ်လိုက်သလို ဖြစ်သွားရပါတယ်။

Photo Credit : Sports.JOE.ie

ဒီဖြစ်ရပ်ကြောင့် ကွင်းလယ်ဒိုင်ကလည်း ရွိုင်းကိန်းကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့သလို ရွိုင်းကိန်းမှာလည်း သူရဲ့ဒေါသစိတ်ကို နှိုးဆွပေးခဲ့တဲ့ ရှီးယားကို ချက်ချင်းသတ်ဖြတ်တော့မယ့်အတိုင်း ရန်ရှာခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရှီးယားက “ဟုတ်တယ်…အမှန်ပဲ ကျွန်တော့်သူကို လုံးဝသဘောမကျဘူး။ ပွဲကပြီးခါနီးနေပြီ။ ပြောရရင် သူက ကျွန်တော်ဆင်ထားတဲဲ့ ထောင်ခြောက်ထဲကို ဆင်းသက်ခဲ့ရတဲ့ သားကောင်တစ်ကောင်လိုပဲဲ။ သူဒေါသထွက်အောင် ဘာတွေပြောလိုက်မိလိုက်ဆိုတာတော့ ကျွန်တော်မမှတ်မိတော့ဘူး။ ဒါပေမယ့် သူဘယ်လောက်တင်းနေသလဲဆိုတာကို ကျွန်တော်သိတယ်။ သူ့နားထဲကနေ မီးခိုးငွေ့တွေထွက်နေသလိုပဲ။ သူက ကျွန်တော့်ကို ပြသာနာရှာဖို့အတွက် ပွဲပြီးဆုံးချိန်ထိ ဥမင်လှိုက်ခေါင်းအတွင်းကနေတောင် စောင့်ဆိုင်းနေပါသေးတယ်” လို့ ပြန်ပြောင်းဆိုလာခဲ့ပါတယ်။ ရွိုင်ကိန်းကတော့ သူရဲ့ကစားသမားဘဝအတွင်း ပြိုင်ဘက်အသင်းတွေရဲ့ ထိပ်သီးကစားသမားတွေနဲ့ မကြာခဏ ထိပ်တိုက်တွေ့ဆုံရတတ်ပါတယ်။