လီဗာပူးလ္ နည္းျပ ကေလာ့ပ္ဟာ မေန႔ညက ဝုဗ္လ္အသင္းကို (၂-၁) နဲ႔ အႏိုင္ရရွိခဲ့ၿပီးတဲ့ေနာက္ လီဗာပူးလ္အသင္းက (၆) ပြဲ ရႈံးရင္ေတာင္ ပရီးမီးယားလိဂ္ ဆုလား ရႏိုင္ပါတယ္လို႔ ေျပာတာကို ၾကားရင္ အန္ခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။ နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ ပြဲစဥ္ (၁) ပြဲေလွ်ာ့ (၂၃) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ (၁၆) မွတ္ျဖတ္နဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနတာေၾကာင့္မို႔ ပြဲစဥ္ (၅) ပြဲေလာက္ ရႈံးရင္ေတာင္ အဆင့္ (၁) ေနရာကို ဆက္ထိန္းထားႏိုင္ဦးမွာပဲ ျဖစ္ပါတယ္။

Photo Credit: DailyMail

လီဗာပူးလ္အသင္းဟာ မေန႔ညက ကစားခဲ့တဲ့ အေဝးကြင္း ပြဲစဥ္မွာေတာ့ ဟန္ဒါဆန္နဲ႔ အဖြင့္ဂိုးနဲ႔ ပထမပိုင္းကို အႏိုင္ရခဲ့ၿပီး ဒုတိယပိုင္းမွာ ဂ်ီမီနက္စ္ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရေပမဲ့လည္း ပြဲခ်ိန္ (၈၄) မိနစ္မွာ ဖာမင္ႏိုက အႏိုင္ဂိုး ျပန္သြင္းခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ လက္ရွိအခ်ိန္မွာေတာ့ ရပ္တန႔္လို႔ မရတဲ့ အသင္း ျဖစ္ေနၿပီး ပရီးမီးယားလိဂ္မွာ ရႈံးပြဲ မရွိေသးေပမဲ့ နည္းျပ ကေလာ့ပ္က ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ ၿပီးဆုံးသြားၿပီလို႔ ေျပာလို႔ မရေသးပါဘူးလို႔ ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

Photo Credit: DailyMail

ပြဲအၿပီး BT Sport မွာ နည္းျပ ကေလာ့ပ္က “ပြဲစဥ္ (၆) ပြဲ ရႈံးႏိုင္တယ္ေပါ့။ ကြၽန္ေတာ္ေတာ့ ဒီလို ေျပာတာေတြကို ၾကားရတဲ့ အခ်ိန္မွာ အန္ခ်င္မိတယ္။ ၿပိဳင္ပြဲ ၿပီးဆုံးေတာ့မွ ၿပီးဆုံးသြားမွာပါေလ။ ၿပိဳင္ပြဲမၿပီးဆုံးခင္ မၿပီးႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔က ပြဲစကတည္းက ၿပီးျပည့္စုံဖို႔အတြက္ ကစားတာ မဟုတ္ဘူး။ ၿပီးျပည့္စုံတဲ့ တုံ႔ျပန္မႈနဲ႔ ကစားတာပါ။ ပြဲကစားေနခ်ိန္မွာ ခက္ခဲတဲ့ အေျခအေနကို ျပန္တိုက္တာပါ။ ဒါက ကြၽန္ေတာ့္ရဲ႕ ကစားသမားေတြ လုပ္ခဲ့တာပါ”လို႔ ေျပာသြားပါတယ္။

{Unicode}

လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ မနေ့ညက ဝုဗ်လ်အသင်းကို (၂-၁) နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် လီဗာပူးလ်အသင်းက (၆) ပွဲ ရှုံးရင်တောင် ပရီးမီးယားလိဂ် ဆုလား ရနိုင်ပါတယ်လို့ ပြောတာကို ကြားရင် အန်ချင်တယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပွဲစဉ် (၁) ပွဲလျှော့ (၂၃) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၁၆) မှတ်ဖြတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတာကြောင့်မို့ ပွဲစဉ် (၅) ပွဲလောက် ရှုံးရင်တောင် အဆင့် (၁) နေရာကို ဆက်ထိန်းထားနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit: DailyMail

လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာတော့ ဟန်ဒါဆန်နဲ့ အဖွင့်ဂိုးနဲ့ ပထမပိုင်းကို အနိုင်ရခဲ့ပြီး ဒုတိယပိုင်းမှာ ဂျီမီနက်စ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပေမဲ့လည်း ပွဲချိန် (၈၄) မိနစ်မှာ ဖာမင်နိုက အနိုင်ဂိုး ပြန်သွင်းခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာတော့ ရပ်တန့်လို့ မရတဲ့ အသင်း ဖြစ်နေပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိသေးပေမဲ့ နည်းပြ ကလော့ပ်က ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးသွားပြီလို့ ပြောလို့ မရသေးပါဘူးလို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

Photo Credit: DailyMail

ပွဲအပြီး BT Sport မှာ နည်းပြ ကလော့ပ်က “ပွဲစဉ် (၆) ပွဲ ရှုံးနိုင်တယ်ပေါ့။ ကျွန်တော်တော့ ဒီလို ပြောတာတွေကို ကြားရတဲ့ အချိန်မှာ အန်ချင်မိတယ်။ ပြိုင်ပွဲ ပြီးဆုံးတော့မှ ပြီးဆုံးသွားမှာပါလေ။ ပြိုင်ပွဲမပြီးဆုံးခင် မပြီးနိုင်ပါဘူး။ ကျွန်တော်တို့က ပွဲစကတည်းက ပြီးပြည့်စုံဖို့အတွက် ကစားတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုနဲ့ ကစားတာပါ။ ပွဲကစားနေချိန်မှာ ခက်ခဲတဲ့ အခြေအနေကို ပြန်တိုက်တာပါ။ ဒါက ကျွန်တော့်ရဲ့ ကစားသမားတွေ လုပ်ခဲ့တာပါ”လို့ ပြောသွားပါတယ်။