MySport Myanmar

ကျမရဲ့အနှစ်သက်ဆုံးသော ကစားသမားက ရော်နယ်လ်ဒိုပါဆိုတဲ့ မာရီယာမာကိုဗစ်

ကမ္ဘာ့အလှဆုံး အမျိုးသမီး ဘောလုံးသမားလေးလို့ တင်စားခေါ်ဆိုခံနေရတဲ့ ခရိုအေးရှား ဘောလုံးသမား အန်နာမာရီယာမာကိုဗစ်က သူမအနေနဲ့ ခရိုအေးရှား အမျိုးသမီး လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရရှိဖို့အတွက် သူမ အနှစ်သက်ဆုံးသော ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုဆီကနေ သင်ယူလေ့လာခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Star

အသက်(၂၂)နှစ်အရွယ်ရှိ ခရိုအေးရှား တိုက်စစ်ကစားသမား မာရီယာမာကိုဗစ်ဟာ သူမရဲ့ဘောလုံးစွမ်းရည်ကြောင့်သာမကပဲ သူမ အလှအပတွေကြောင့် အလွန်ကျော်ကြားနေသူ ဖြစ်နေရပါတယ်။ ဂျာမန်မီဒီယာ 20min ကပါ မာရီယာကို ကမ္ဘာပေါ်မှာ အလှပဆုံးသော အမျိုးသမီး ဘောလုံးသမားလို့ တင်စားခေါ်ဆိုနေကြတဲ့အပြင် လိင်ဆွဲဆောင်မှု အပြင်းထန်းဆုံးလို့ပါ သတ်မှတ်ခေါ်ဆိုနေကြလျက် ရှိပါတယ်။ လက်ရှိ ဆွစ်ဇာလန်ကလပ် ဂရက်စ်ဟော့ပါး အမျိုးသမီးအသင်းမှာ ပါဝင်ကစားနေတဲ့ မာရီယာက သူမရဲ့ အောင်မြင်မှုနောက်ကွယ်မှာ သူမရဲ့စိတ်ကို အဓိကမောင်းနှင်ပေးနိုင်တဲ့ ကစားသမားက ရော်နယ်လ်ဒိုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Benchwarmers

မာရီယာမာကိုဗစ်က “ကျမအတွက် လူကာမိုဒရစ်က စံနမူနာကောင်းတစ်ဦးပါ။ သူက ကမ္ဘာ့ဘောလုံးသမား တစ်ယောက်ဖြစ်ပြီး ခရိုအေးရှားကိုလည်း ကိုယ်စားပြုပါတယ်။ အမျိုးသမီး ဘောလုံးသမားတွေကြားမှာလည်း ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ ရိုမိုနာဘက်မန်းပေါ့။ ဒါပေမယ့် ကျမရဲ့ အနှစ်သက်ဆုံးသော ကစားသမားက ခရစ္စတီယာနိုရော်နယ်ဒိုပါ။ ဘာကြောင့်လဲဆိုတော့ သူက စည်းကမ်းအရမ်း ရှိပါတယ်။ အားကစားမှာ အရာအားလုံးကို ပေးအပ်နိုင်ဖို့ဆိုတာက အရမ်းအရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ သူ့မှာ ဒီလို စိတ်ထားမျိုး ရှိနေသလို ကျမလည်း ဒီလိုစိတ်မျိုး မွေးမြူထားပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။ မာရီယာက သူမကို ကမ္ဘာအလှဆုံး အမျိုးသမီး ဘောလုံးသမားတစ်ဦးဆိုပြီး သတ်မှတ်ခေါ်ဆိုနေကြတဲ့အပေါ် မာရီယာကိုယ်တိုင် ကျေနပ်နေပေမယ့်လည်း သူမကို sexy အရမ်းဆန်လွန်းသူလို့ ပြောဆိုရေးသားနေကြတဲ့အပေါ်မှာတော့ မကျေနပ်ကြောင်း သဘောမကျကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပြီး သူ့အကြောင်း ရေးသားဖော်ပြတော့မယ်ဆိုရင်လည်း သေချာမသိပဲ မရေးသားသင့်ဘူးလို့ သတိပေး ပြောဆိုထားပါတယ်။

Exit mobile version