အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူဆောက်ဂိတ်ကတော့ လက်ရွေးစ်အသင်းအတွက် ရွေးချယ်လို့ထားတဲ့ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖိုဒ့် မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆန်နဲ့ ဘန်လေဂိုးသမား နစ်ပုုတ်တို့အားလုံးတို့ဟာ အသင်းရဲ့ဂိုးပေါက်ကို ကာကွယ်ဖို့အတွက် အားလုံးမှာ အခွင့်အရေးတွေ ရှိလို့နေပြီး ဒီနေ့ညမှာ ဝေးလ်စ်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ခြေစမ်းပွဲမှာတော့ ပစ်ဖိုဒ့်ကို အနားပေးကာ ဒင်းဟန်ဒါဆန်နဲ့ နစ်ပုဒ်တို့ကိုပဲ ပွဲထွက်ဂိုးသမားအဖြစ်နဲ့ အသုံးပြုသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်အများစုမှာ ဂိုးသမားပစ်ဖိုဒ့်ကိုပဲ ပွဲထွက်ဂိုးသမားအဖြစ် ကြိမ်ဖန်များစွာ အသုံးပြုခဲ့ပေမယ့် ပစ်ဖိုဒ့်က ဒီနောက်ပိုင်း သူရဲ့ကလပ်အသင်းဖြစ်တဲ့ အဲဗာတန်မှာ အမှားအယွင်းတွေ မကြာခဏ ဖြစ်နေတတ်လို့ ဝေးလ်စ်အသင်းနဲ့ ကစားရမယ့် ချစ်ကြည်ရေးပွဲစဉ်မှာ ပစ်ဖိုဒ့်အစား ဟန်ဒါဆန် (ဒါမှမဟုတ်) နစ်ပုတ်ကိုသုံးစွဲဖို့ စီစဉ်လာခဲ့တာဖြစ်တယ်လို့ ဆောက်ဂိတ်က ပြောဆိုလာပါတယ်။ ဆောက်ဂိတ်က “ဂျော်ဒန်က ဒီနောက်ပိုင်းမှာ အမှားလေးတွေ ရှိနေခဲ့တာကို ကျွန်တော်သိတယ်။ ဒီတိုင်းပဲ နစ်ကလည်း ဒီပိတ်ရက်ပွဲစဉ်မှာ အမှားလေးတွေ ရှိခဲ့သေးတယ်”

Photo Credit : The Gazette

“ဒင်းကတော့ သူ့အသင်းမှာ ပရီးမီးယားလိဂ်ပွဲတွေ မပါဝင်ရပဲ လိဂ်ပွဲတွေချည်းပဲ ကစားထားရတာဆိုတော့ သူတို့အားလုံးက လက်ရှိအခြေအနေတွေက အတူတူပဲလို့ ပြောလို့ရတယ်။ အားလုံးက အပြိုင်အဆိုင်ဖြစ််နေမှာ။ ကျွန်တော်တို့ဘက်ကလည်း ဘယ်ဂိုးသမားကို တာဝန်ပေးရမလဲဆိုတာ ချီတုံချတုံတွေ ဖြစ်နေမှာမဟုတ်ဘူး။ ဝေးလ်စ်နဲ့ပွဲအတွက်တော့ အပြောင်းအလဲလုပ်ပါမယ်။ ဘာလို့လဲဆိုတော့ တခြားဂိုးသမားတွေ သူတို့ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာ သိရဖို့အတွက် အခွင့်အရေးပေးကြည့်ဖို့ လိုအပ်တယ်လေ။ ဂိုးသမားတွေကို ဒီလိုရွေးချယ်ထားပြီးမှ အသုံးမပြုပဲ ထားနေမယ်ဆိုရင် သူတို့အတွက်လည်း အရမ်းကို ခက်ခဲလာလိမ့်မယ်။ အရင်တုန်းကလည်း ကျွန်တော်တို့မှာ ဂိုးသမားတွေများကြီး ရှိခဲ့ပေမယ့် ဒီလိုအခြေအနေကို ကိုင်တွယ်ရခက်ခဲတော့ နောက်ဆုံးမှာ ဘာမှသိပ်မကစားလိုက်ရပဲ လက်ရွေးစင်ဘဝကနေ အနားယူခဲ့သူတွေ အများကြီးပါ။ ဒါကြောင့် အသင်းရဲ့လူစာရင်းကို ဟန်ချက်ညီဖို့အတွက် ကျွန်တော်ကတော့ ကစားသမားတိုင်းကို အခွင့်အရေးတွေ ပေးသွားမယ်။ အခွင့်အရေးပေးတဲ့အချိန်မှာ သူတို့ဘက်ကနေ သူတို့လုပ်ဆောင်နိုင်တာကို ချပြရမယ်။ သူတို့နေရာအတွက် တိုက်ပွဲဝင်ရမယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ဒီတစ်ပတ်မှာ ယှဉ်ပြိုင်သွားရမယ့် ဝေးလ် ဘယ်ဂျီယံ ဒိန်းမတ်အသင်းတို့နဲ့ ပွဲစဉ်တွေအတွက် ရွေးချယ်ထားတဲ့ လူစာရင်းထဲကမှ ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်ထားတဲ့ အေဘရာဟမ် ဆန်ချိုနဲ့ ဘန်ချီဝဲလ်တို့ကို လူစာရင်းကနေ ပြန်လည်ချန်လှပ်သွားခဲ့ပါတယ်။