MySport Myanmar

အသင်းရဲ့ ရလဒ်တွေက ကျွန်တော့်မှာပဲ အပြည့်အဝ တာဝန်ရှိတယ် – ဂရေဟမ်ပေါ်တာ

ချဲလ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ဂရေဟမ်ပေါ်တာက အသင်းရဲ့ လက်ရှိ ဆိုးရွှားတဲ့ ရလဒ်ပိုင်း အခြေအနေတွေ အားလုံးက သူ့အပေါ်မှာပဲ အပြည့်အဝ တာဝန်ရှိပါတယ်လို့ ဝန်ခံထားခဲ့သလို အသင်းအတွက်လည်း လုံလောက်မှု မရှိခဲ့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ချဲလ်ဆီးအသင်းဟာ မနေ့ညက စပါးအသင်းနဲ့ လန်ဒန်ဒါဘီ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ စပါးနဲ့ နောက်ဆုံး (၁၀)ပွဲ ရင်ဆိုင်ခဲ့စဉ် မိနစ်(၉၀)အတွင်း လုံးဝ မရှံးဖူးသေးတဲ့ မှတ်တမ်းကောင်းတစ်ခုပါ ချိုးပျက်သွားခဲ့ရပြီး Tottenham Hotspur ကွင်းထဲမှာ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒီလို ရှုံးနိမ့်မှုကြောင့် ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ (၁၁)ပွဲအတွင်း (၁)ပွဲတည်းကိုသာ အနိုင်ရထားခဲ့ပြီး (၆)ပွဲထိ ရှုံးနိမ့်ကာ (၄)ပွဲသရေကျထားခဲ့ပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေတွေနဲ့ ပတ်သတ်ပြီး ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက “ရလဒ်တွေအတွက် ကျွန်တော် တာဝန် အပြည့်အဝယူပါတယ်။ ဒါက ချဲလ်ဆီးအတွက်ကိုလည်း မလုံလောက်ပါဘူး။ ကျွန်တော်တို့ ကြိုးစားပြီး ရလဒ်တွေ တိုးတတ် ကောင်းမွန်လာစေချင်ပါတယ်။ ရလဒ်တွေ မကောင်းမွန်တဲ့အခါမျိုးဆိုရင် အထောက်အပံ့တွေကို အမြဲတမ်း အားကိုးနေလို့ မရဘူးဆိုတာ သေချာပါတယ်။ ကျွန်တော့်အလုပ်က ဆက်လက် လုပ်ဆောင်နေဖို့ပါပဲ။ ကစားသမားတွေက အရာအားလုံးကို ပေးဆပ်ကစားခဲ့ကြပါတယ်။ သူတို့တွေလည်း နာကျင်ခဲ့ကြရပါတယ်။ အဲ့ဒါကလည်း ကျွန်တော့် တာဝန်ပါပဲ” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Tribuna

ဆောင်းဈေးကွက်အတွင်းမှာ ဂျာအိုဖီးလစ် မူဒရစ်ခ်နဲ့ မာဒူအက်ခေတို့လို တိုက်စစ်ကစားသမားတွေကို ဖြည့်တင်းထားခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဖေဖော်ဝါရီလအတွင်း ကစားခဲ့သမျှ ပြိုင်ပွဲစုံ (၅)ပွဲအတွင်း အသင်းတိုက်စစ်က သွင်းဂိုး (၁)ဂိုးတည်းသာ သွင်းယူနိုင်ခဲ့သလို ၂၀၂၃ခုနှစ်ရဲ့ (၂)လတာအတွင်းမှာလည်း တိုက်စစ်က (၄)ဂိုးတည်းသာပဲ သွင်းယူခဲ့တဲ့အထိ အခြေအနေဆိုးနေရပါတယ်။

 

Exit mobile version