ချဲလ်ဆီးအသင်းရဲ့ နောက်ခံ ကစားသမား ရူဒီဂါကတော့ အသင်းဖော် တိုက်စစ်မှူး အိုဒွိုင်းဟာဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ သူ့ရဲ့ အရည်အချင်းကို သက်သေပြပေးလိမ့်မယ်လို့ ပွဲအကြိုမှာ အခိုင်အမာ ပြောသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ယနေ့ည၊ စနေနေ့ည၊ တနင်္ဂနွေနေ့ နံနက်၊ (၁း၃၀) အချိန်မှာ ဘိုင်ယန်အသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ် ကစားသွားရမှာ ဖြစ်ပြီး ပထမ အကျော့ ပွဲစဉ်ကို ကစားခဲ့စဉ်ကတော့ အိမ်ကွင်းမှာ သွင်းဂိုးမရှိဘဲ (၃) ဂိုးပြတ် အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ချဲလ်ဆီးအသင်းဟာ ယနေ့ည ချန်ပီယံလိဂ် ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်မှာ အနိုင်ရရှိဖို့ အလားအလာ နည်းပါးနေတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ပထမအကျော့ ပွဲစဉ်မှာ သွင်းဂိုး (၃) ဂိုး သွင်းယူခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ချေ ပို များနေပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူး အိုဒွိုင်းဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၂) ပွဲ ကစားထားရာမှာ သွင်းဂိုး (၃) ဂိုးသာ သွင်းယူထားတာ ဖြစ်ပြီး အသင်းဖော် ရူဒီဂါကတော့ ယနေ့ည ကစားမယ့် ပွဲစဉ်မှာ အိုဒွိုင်းအနေနဲ့ သူ့ရဲ့ အရည်အချင်းကို ပြသမယ်လို့ ပြောပါတယ်။

Photo Credit: Goal

ရူဒီဂါက “ပြောရမယ် ဆိုရင် အိုဒွိုင်းက လူငယ် ကစားသမား ဖြစ်ပြီး အရည်အချင်း အများကြီး ရှိပါတယ်။ ဒီလိုမျိုး ပွဲစဉ်မှာ ဘိုင်ယန်လို အသင်းမျိုးနဲ့ ကစားရမှာ ဖြစ်တာကြောင့် အမြင်ပြောတဲ့ သူတွေ အများကြီး ရှိပါတယ်။ အိုဒွိုင်းက ဒီလိုမျိုး ပွဲစဉ်ကို လိုချင်တာပါ။ ဒီလို ပွဲစဉ်ကို ကစားဖို့ ဘောလုံး ကစားနေတာပါပဲ။ အိုဒွိုင်းက သူ့ရဲ့ အရည်အချင်းကို သက်သေပြပါလိမ့်မယ်။ ဒီပွဲစဉ်မှာ တိုးတတ်လာတဲ့ ကစားဟန်ကို ပြသချင်ပါတယ်။ ပထမ အကျော့ ပွဲစဉ်မှာတော့ သူတို့ အနိုင်ရရှိခဲ့ပါတယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုမျိုးပါပဲ၊ ကျွန်တော်တို့ ဒီပွဲစဉ်မှာ အသင်းရဲ့ အချို့ ဂုဏ်သိက္ခာကို ပြသချင်ပါတယ်။ ဒီအခြေအနေမှာ ရှုံးဖို့ အခြေအနေပိုများတာက သူတို့ မဟုတ်ဘဲ ကျွန်တော်တို့ပါပဲ။ ဒါကလည်း အားသာချက် ဖြစ်သွားနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။