မက္ဆီဟာ မေန႔ညက မာလာကာအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဟက္ထရစ္ သြင္းယူခဲ့ၿပီးေနာက္ ဘင္ဇီမားကို ေက်ာ္ျဖတ္ၿပီး လာလီဂါဂိုးသြင္းအမ်ားဆုံးဇယားထိပ္မွာ ရပ္တည္သြားၿပီ ျဖစ္ပါတယ္။ဘင္ဇီမားအေနနဲ႔ အက္စပန္ညိဳနဲ႔ ကစားတဲ့ ပြဲမွာ သူ႔ရဲ႕ (၁၁)လုံး‌ေျမႇာက္ ဂိုးသြင္းခဲ့တာျဖစ္ၿပီး ေနာက္နာရီအနည္းငယ္အၾကာမွာ မက္ဆီလည္း လွပတဲ့ ဟက္ထရစ္ဂိုးေတြနဲ႔အတူ လာလီဂါဂိုးသြင္းအမ်ားဆုံးဇယားထိပ္မွာ (၁၂)ဂိုးနဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။ပီခ်ီခ်ီဆု ဆိုတာကေတာ့ လာလီဂါအတြင္း ဂိုးသြင္းအမ်ားဆုံး ကစားသမားကို မာကာသတင္းဌာနကေန ႏွစ္စဥ္ ခ်ီးျမႇင့္လ်က္ရွိတဲ့ ဆုပဲျဖစ္ပါတယ္။

Photo Credit: Marca

လာလီဂါစတား ႏွစ္ဦးၾကားမွာ (၁)ဂိုးသာ ကြာဟေနတာျဖစ္ပါတယ္။ ထူးျခားတာကေတာ့ ဘင္ဇီမားအေနနဲ႔ ပြဲေပါင္း (၁၄)ပြဲမွာ သြင္းဂိုး (၁၁)ဂိုး၊ ေပးပို႔မႈ (၅)ႀကိမ္ျပဳလုပ္ထားေပမဲ့ မက္‌ဆီအေနနဲ႔ ပြဲေပါင္း (၁၀)ပြဲသာ ကစားထားရာမွာ သြင္းဂိုး (၁၂)ဂိုး၊ ေပးပို႔မႈ (၅)ႀကိမ္ထိေတာင္ ျပဳလုပ္ထားႏိုင္တာကို အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ ေတြ႕ျမင္ရပါတယ္။

Photo Credit: Marca

ဘင္ဇီမားဟာ ဒီရာသီၿပိဳင္ပြဲေပါင္းစုံမွာေတာ့ မက္ဆီကို ေက်ာ္ၿပီး (၁၅)ဂိုး သြင္းယူထားပါတယ္။ဒါေပမဲ့ ၿပိဳင္ပြဲစုံ (၂၇)ဂိုး သြင္းယူထားတဲ့ လီဝန္ေဒါ့စကီးကို လိုက္မီဖို႔ ႏွစ္ဦးစလုံးအေနနဲ႔ ေျခလွမ္းမ်ားစြာ ဆက္ေလွ်ာက္ၾကရဦးမွာျဖစ္ပါတယ္။

(Unicode)

မက်ဆီဟာ မနေ့ညက မာလာကာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် ဘင်ဇီမားကို ကျော်ဖြတ်ပြီး လာလီဂါဂိုးသွင်းအများဆုံးဇယားထိပ်မှာ ရပ်တည်သွားပြီ ဖြစ်ပါတယ်။ဘင်ဇီမားအနေနဲ့ အက်စပန်ညိုနဲ့ ကစားတဲ့ ပွဲမှာ သူ့ရဲ့ (၁၁)လုံး‌ေမြှာက် ဂိုးသွင်းခဲ့တာဖြစ်ပြီး နောက်နာရီအနည်းငယ်အကြာမှာ မက်ဆီလည်း လှပတဲ့ ဟက်ထရစ်ဂိုးတွေနဲ့အတူ လာလီဂါဂိုးသွင်းအများဆုံးဇယားထိပ်မှာ (၁၂)ဂိုးနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ပီချီချီဆု ဆိုတာကတော့ လာလီဂါအတွင်း ဂိုးသွင်းအများဆုံး ကစားသမားကို မာကာသတင်းဌာနကနေ နှစ်စဉ် ချီးမြှင့်လျက်ရှိတဲ့ ဆုပဲဖြစ်ပါတယ်။

Photo Credit: Marca

လာလီဂါစတား နှစ်ဦးကြားမှာ (၁)ဂိုးသာ ကွာဟနေတာဖြစ်ပါတယ်။ ထူးခြားတာကတော့ ဘင်ဇီမားအနေနဲ့ ပွဲပေါင်း (၁၄)ပွဲမှာ သွင်းဂိုး (၁၁)ဂိုး၊ ပေးပို့မှု (၅)ကြိမ်ပြုလုပ်ထားပေမဲ့ မက်‌ဆီအနေနဲ့ ပွဲပေါင်း (၁၀)ပွဲသာ ကစားထားရာမှာ သွင်းဂိုး (၁၂)ဂိုး၊ ပေးပို့မှု (၅)ကြိမ်ထိတောင် ပြုလုပ်ထားနိုင်တာကို အံ့ဩဖွယ်ကောင်းလောက်အောင် တွေ့မြင်ရပါတယ်။

Photo Credit: Marca

ဘင်ဇီမားဟာ ဒီရာသီပြိုင်ပွဲပေါင်းစုံမှာတော့ မက်ဆီကို ကျော်ပြီး (၁၅)ဂိုး သွင်းယူထားပါတယ်။ဒါပေမဲ့ ပြိုင်ပွဲစုံ (၂၇)ဂိုး သွင်းယူထားတဲ့ လီဝန်ဒေါ့စကီးကို လိုက်မီဖို့ နှစ်ဦးစလုံးအနေနဲ့ ခြေလှမ်းများစွာ ဆက်လျှောက်ကြရဦးမှာဖြစ်ပါတယ်။