ဘာစီလိုနာ တိုက္စစ္မႉးႀကီး ဆြာရက္ဇ္ဟာ မေန႔ညက မာလာကာနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေျခဖေနာင့္နဲ႔ ေပါက္လိုက္တဲ့ ေဘာလုံးဟာၿပိဳင္ဘက္ဂိုးသမားကိုေက်ာ္ၿပီး ဂိုးတိုင္ထဲ လွလွပပ ဝင္သြားခဲ့ပါတယ္။

Photo Credit: Marca

အဆိုပါသြင္းဂိုးနဲ႔ ပတ္သက္ၿပီး ဆြာရက္ဇ္က “ဒီဂိုးဟာ ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ အေကာင္းဆုံးသြင္းဂိုးပါ။‌ေနရာလြတ္မရွိခဲ့တာ သတိထားမိပါတယ္။ဒါေၾကာင့္ ေနာက္ဆုံးေ႐ြးခ်ယ္စရာဆိုလို႔ ေျခဖေနာင့္နဲ႔ ေပါက္လိုက္႐ုံပဲ က်န္ေတာ့တာဗ်။နည္းျပႀကီးအ‌ေနနဲ႔လည္း ကြၽန္ေတာ္ဟာ လြတ္လြတ္ကြၽတ္ကြၽတ္ သြင္းရမယ့္အလုံးေတြဆို လြဲ‌ေခ်ာ္တတ္ၿပီး ခက္ခဲတဲ့ အလုံးေတြက်ေတာ့ သြင္းတတ္တယ္လို႔ ေျပာပါတယ္။”လို႔ ဆိုလိုက္ပါတယ္။

Photo Credit: Marca

ဘာစီလိုနာအသင္းသားေတြဟာ ၅-၂ ဆိုတဲ့ ရလဒ္နဲ႔ ကမ့္ႏူးပရိသတ္ေတြကို လွလွပပ ေဖ်ာ္ေျဖခဲ့တာျဖစ္ပါတယ္။ဆြာရက္ဇ္က “ဒီႏိုင္ပြဲဟာ ဘာစီလိုနာအသင္းသားေတြရဲ႕ ယုံၾကည္မႈကို ျပသေနသလို ဒီထက္ေကာင္းတာေတြကို ဆက္ေမွ်ာ္ေနၾကဦးမွာပါ။အင္မတန္ေကာင္းတဲ့ ပြဲပါပဲ။” လို႔ ေျပာပါတယ္။ဆက္လက္ၿပီး ဆြာရက္ဇ္အေနနဲ႔ ဂိုးေပါက္ေပ်ာက္ေနတဲ့ အသင္းေဖာ္ ကရစ္ဇ္မန္းရဲ႕ မေန႔ညက သြင္းဂိုးနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။

(Unicode)

ဘာစီလိုနာ တိုက်စစ်မှူးကြီး ဆွာရက်ဇ်ဟာ မနေ့ညက မာလာကာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေဖနောင့်နဲ့ ပေါက်လိုက်တဲ့ ဘောလုံးဟာပြိုင်ဘက်ဂိုးသမားကိုကျော်ပြီး ဂိုးတိုင်ထဲ လှလှပပ ဝင်သွားခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါသွင်းဂိုးနဲ့ ပတ်သက်ပြီး ဆွာရက်ဇ်က “ဒီဂိုးဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးသွင်းဂိုးပါ။‌နေရာလွတ်မရှိခဲ့တာ သတိထားမိပါတယ်။ဒါကြောင့် နောက်ဆုံးရွေးချယ်စရာဆိုလို့ ခြေဖနောင့်နဲ့ ပေါက်လိုက်ရုံပဲ ကျန်တော့တာဗျ။နည်းပြကြီးအ‌ေနနဲ့လည်း ကျွန်တော်ဟာ လွတ်လွတ်ကျွတ်ကျွတ် သွင်းရမယ့်အလုံးတွေဆို လွဲ‌ေချာ်တတ်ပြီး ခက်ခဲတဲ့ အလုံးတွေကျတော့ သွင်းတတ်တယ်လို့ ပြောပါတယ်။”လို့ ဆိုလိုက်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းသားတွေဟာ ၅-၂ ဆိုတဲ့ ရလဒ်နဲ့ ကမ့်နူးပရိသတ်တွေကို လှလှပပ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ဆွာရက်ဇ်က “ဒီနိုင်ပွဲဟာ ဘာစီလိုနာအသင်းသားတွေရဲ့ ယုံကြည်မှုကို ပြသနေသလို ဒီထက်ကောင်းတာတွေကို ဆက်မျှော်နေကြဦးမှာပါ။အင်မတန်ကောင်းတဲ့ ပွဲပါပဲ။” လို့ ပြောပါတယ်။ဆက်လက်ပြီး ဆွာရက်ဇ်အနေနဲ့ ဂိုးပေါက်ပျောက်နေတဲ့ အသင်းဖော် ကရစ်ဇ်မန်းရဲ့ မနေ့ညက သွင်းဂိုးနဲ့ပတ်သက်ပြီး ချီးကျူးသွားခဲ့ပါတယ်။