တစ္ပြဲၿပီး တစ္ပြဲ၊ တစ္ရာသီၿပီး တစ္ရာသီသာ ကုန္ဆုံးလာခဲ့ေပမဲ့ မန္ယူပရိသတ္ေတြအတြက္ ဂုဏ္ယူဝင့္ႂကြားစရာဆိုလို႔ ဗလာနတၱိပါပဲ။ ဒီလို အသင္းရဲ႕ ဒုကၡပင္လယ္ေဝတဲ့ အေျခအေနမွာ ေပါ့ဘာသာ ၾကာေညာင္းလွတဲ့ ဒဏ္ရာျပႆနာကေန ျပန္လည္နာလံထူလာၿပီဆိုရင္ မန္ယူအသင္းသားေတြရဲ႕ စိတ္ဓာတ္ေရးရာသာမက ပရိသတ္ေတြရဲ႕ ေသာကေတြပါ သက္သာသြားေစပါလိမ့္မယ္။ကမာၻ႔ဖလား ကိုင္ေျမႇာက္ခဲ့တဲ့ ျပင္သစ္သားအေနနဲ႔ ဆိုးလ္ရွားရဲ႕ ရႈပ္ေထြးလွတဲ့ ပေဟဠိတစ္ခ်ိဳ႕ကို ေျဖရွင္းေပးဖို႔ အလားအလာရွိေနပါတယ္။

Photo Credit: Sportskeeda

နည္းျပႀကီးဆိုးလ္ရွားက ေပါ့ဘာဟာ ဒဏ္ရာကေန တစ္ျဖည္းျဖည္း သက္သာလာၿပီျဖစ္လို႔ ပြဲထြက္ကစားဖို႔ အသင့္ရွိမရွိ ေစာင့္ၾကည့္ရေတာ့မယ္လို႔ ဆိုခဲ့ပါတယ္။ ေပါ့ဘာ ျပန္ကစားေတာ့မလား ဆိုတဲ့ ေကာလဟလေတြကို ပိုေသခ်ာေရရာေစတာကေတာ့ ပရိသတ္တစ္ခ်ိဳ႕က သူ႔ကို ‌‌ေလ့က်င့္‌ေရးကြင္းျပင္မွာ တစ္စြန္းတစ္စ ေတြ႕ခဲ့ၾကလို႔ပါပဲ။

Photo Credit: Sportskeeda

ေပါ့ဘာသာ ျပန္လည္ကစားလာမယ္ဆိုရင္ နည္းျပဆိုးရွားလ္ကို အလုပ္ထုတ္ခံရမယ့္ ေဘးကေန လြတ္ေစႏိုင္ပါတယ္။စပါးက ပိုခ်က္တီႏိုကို ထုတ္လိုက္တဲ့ေနာက္ ဆိုးရွားလ္ရဲ႕ အနာဂါတ္လည္း ေဝဝါးလာခဲ့ရပါတယ္။ဒါေပမဲ့ တစ္ခ်ိဳ႕က ဆိုးလ္ရွားလ္အေနနဲ႔ ဒီလို တာဝန္ႀကီးမားတဲ့ ရာထူးအတြက္ အဆင္သင့္မျဖစ္ဘူးလို႔ စြပ္စြဲေနၾကေပမဲ့ တစ္ခ်ိဳ႕ပရိသတ္ေတြကေတာ့ အဓိကတရားခံဟာ ကစားသမားေတြကိုယ္တိုင္ပါပဲလို႔ ဆိုၾကပါတယ္။ျငင္းမရတဲ့အခ်က္ကေတာ့ ဒုကၡေဝဒနာအျဖာျဖာရဲ႕ ရင္းျမစ္ဟာ ကြင္းလယ္ အင္အားမဲ့ေနျခင္းေၾကာင့္ဆိုတာပါပဲ။

မန္ယူအသင္းအ‌ေနနဲ႔ ဖယ္လာနီနဲ႔ ဟာရဲရားတို႔ကို ေရာင္းထုတ္ခဲ့ေပမဲ့ အသင္းရဲ႕ ရလဒ္ေတြဟာ ထူးမျခားနားဘဲ ဒုံရင္းအတိုင္း ရွိေနဆဲပါပဲ။ေပါ့ဘာ၊ တိုမီေနး၊ ဖရက္ တို႔ရဲ႕ သုံးေယာက္တြဲဟာ ကြင္းလယ္ျပႆနာကို ေျဖရွင္းႏိုင္‌ေလာက္ေပမဲ့ ဆိုးလ္ရွားကေတာ့ ဒီရာသီအတြင္း သူတို႔ရဲ႕ ကြင္းလယ္အတြဲကို တစ္ပြဲမွ ထုတ္မသုံးခဲ့ပါဘူး။

Photo Credit: Sportskeeda

ဆိုေတာ့ ေပါ့ဘာနဲ႔ အကိုက္ညီဆုံး ေနရာက ဘယ္ေနရာျဖစ္မလဲ။ေပါ့ဘာဟာ ကြင္းလယ္ဧရိယာအတြင္း ေနရာစုံနီးပါး ကစားတတ္သူပါ။သူ႔ရဲ႕ တိက်တဲ့ ေဘာလုံးေပးပို႔မႈ စြမ္းရည္နဲ႔ ေဘာလုံးကြၽမ္းက်င္မႈေတြကို ၾကည့္ျခင္းအားျဖင့္ သူဟာ ေက်ာနံပါတ္ (၁၀) သို႔မဟုတ္ ကြင္းလယ္တိုက္စစ္မႉးေနရာအတြက္ အသင့္ေတာ္ဆုံးပါပဲ။ဒဏ္ရာကေန ျပန္လည္သက္သာလာေတာ့မယ့္ တိုမီေနးနဲ႔ ကမာၻ႔ဖလားပိုင္ရွင္၊ျပင္သစ္သား ေပါ့ဘာတို႔ကို နည္းျပႀကီး ဆိုးလ္ရွားအေနနဲ႔ ဘယ္လိုေနရာေတြမွာ ကစားေစမလဲဆိုတာကေတာ့ ပရိသတ္ေတြ စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

(Unicode)

တစ်ပွဲပြီး တစ်ပွဲ၊ တစ်ရာသီပြီး တစ်ရာသီသာ ကုန်ဆုံးလာခဲ့ပေမဲ့ မန်ယူပရိသတ်တွေအတွက် ဂုဏ်ယူဝင့်ကြွားစရာဆိုလို့ ဗလာနတ္တိပါပဲ။ ဒီလို အသင်းရဲ့ ဒုက္ခပင်လယ်ဝေတဲ့ အခြေအနေမှာ ပေါ့ဘာသာ ကြာညောင်းလှတဲ့ ဒဏ်ရာပြဿနာကနေ ပြန်လည်နာလံထူလာပြီဆိုရင် မန်ယူအသင်းသားတွေရဲ့ စိတ်ဓာတ်ရေးရာသာမက ပရိသတ်တွေရဲ့ သောကတွေပါ သက်သာသွားစေပါလိမ့်မယ်။ကမ္ဘာ့ဖလား ကိုင်မြှောက်ခဲ့တဲ့ ပြင်သစ်သားအနေနဲ့ ဆိုးလ်ရှားရဲ့ ရှုပ်ထွေးလှတဲ့ ပဟေဠိတစ်ချို့ကို ဖြေရှင်းပေးဖို့ အလားအလာရှိနေပါတယ်။

Photo Credit: Sportskeeda

နည်းပြကြီးဆိုးလ်ရှားက ပေါ့ဘာဟာ ဒဏ်ရာကနေ တစ်ဖြည်းဖြည်း သက်သာလာပြီဖြစ်လို့ ပွဲထွက်ကစားဖို့ အသင့်ရှိမရှိ စောင့်ကြည့်ရတော့မယ်လို့ ဆိုခဲ့ပါတယ်။ ပေါ့ဘာ ပြန်ကစားတော့မလား ဆိုတဲ့ ကောလဟလတွေကို ပိုသေချာရေရာစေတာကတော့ ပရိသတ်တစ်ချို့က သူ့ကို ‌‌ေလ့ကျင့်‌ေရးကွင်းပြင်မှာ တစ်စွန်းတစ်စ တွေ့ခဲ့ကြလို့ပါပဲ။

Photo Credit: Sportskeeda

ပေါ့ဘာသာ ပြန်လည်ကစားလာမယ်ဆိုရင် နည်းပြဆိုးရှားလ်ကို အလုပ်ထုတ်ခံရမယ့် ဘေးကနေ လွတ်စေနိုင်ပါတယ်။စပါးက ပိုချက်တီနိုကို ထုတ်လိုက်တဲ့နောက် ဆိုးရှားလ်ရဲ့ အနာဂါတ်လည်း ဝေဝါးလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်ချို့က ဆိုးလ်ရှားလ်အနေနဲ့ ဒီလို တာဝန်ကြီးမားတဲ့ ရာထူးအတွက် အဆင်သင့်မဖြစ်ဘူးလို့ စွပ်စွဲနေကြပေမဲ့ တစ်ချို့ပရိသတ်တွေကတော့ အဓိကတရားခံဟာ ကစားသမားတွေကိုယ်တိုင်ပါပဲလို့ ဆိုကြပါတယ်။ငြင်းမရတဲ့အချက်ကတော့ ဒုက္ခဝေဒနာအဖြာဖြာရဲ့ ရင်းမြစ်ဟာ ကွင်းလယ် အင်အားမဲ့နေခြင်းကြောင့်ဆိုတာပါပဲ။

မန်ယူအသင်းအ‌ေနနဲ့ ဖယ်လာနီနဲ့ ဟာရဲရားတို့ကို ရောင်းထုတ်ခဲ့ပေမဲ့ အသင်းရဲ့ ရလဒ်တွေဟာ ထူးမခြားနားဘဲ ဒုံရင်းအတိုင်း ရှိနေဆဲပါပဲ။ပေါ့ဘာ၊ တိုမီနေး၊ ဖရက် တို့ရဲ့ သုံးယောက်တွဲဟာ ကွင်းလယ်ပြဿနာကို ဖြေရှင်းနိုင်‌ေလာက်ပေမဲ့ ဆိုးလ်ရှားကတော့ ဒီရာသီအတွင်း သူတို့ရဲ့ ကွင်းလယ်အတွဲကို တစ်ပွဲမှ ထုတ်မသုံးခဲ့ပါဘူး။

Photo Credit: Sportskeeda

ဆိုတော့ ပေါ့ဘာနဲ့ အကိုက်ညီဆုံး နေရာက ဘယ်နေရာဖြစ်မလဲ။ပေါ့ဘာဟာ ကွင်းလယ်ဧရိယာအတွင်း နေရာစုံနီးပါး ကစားတတ်သူပါ။သူ့ရဲ့ တိကျတဲ့ ဘောလုံးပေးပို့မှု စွမ်းရည်နဲ့ ဘောလုံးကျွမ်းကျင်မှုတွေကို ကြည့်ခြင်းအားဖြင့် သူဟာ ကျောနံပါတ် (၁၀) သို့မဟုတ် ကွင်းလယ်တိုက်စစ်မှူးနေရာအတွက် အသင့်တော်ဆုံးပါပဲ။ဒဏ်ရာကနေ ပြန်လည်သက်သာလာတော့မယ့် တိုမီနေးနဲ့ ကမ္ဘာ့ဖလားပိုင်ရှင်၊ပြင်သစ်သား ပေါ့ဘာတို့ကို နည်းပြကြီး ဆိုးလ်ရှားအနေနဲ့ ဘယ်လိုနေရာတွေမှာ ကစားစေမလဲဆိုတာကတော့ ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။