လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် အမေရိကန်ရှိ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အသင်းသစ်တစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းရဲ့ ပိုင်ရှင်အဖြစ် ဆောင်ရွှက်လျက်ရှိနေတဲ့ နာမည်ကျော် ဘောလုံးသမားကြီးဖြစ်သူ ဒေးဗစ်ဘက်ခမ်းဟာ သူဘောလုံးသမားဘဝကနေ အနားမယူရသေးခင် ပီအက်စ်ဂျီအသင်းမှာ ကစားနေစဉ်အတွင်း ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ကာ လီယွန်နယ်မက်ဆီနဲ့ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကာ မက်ဆီကြောင့် သူရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့အထိ ဆုံးဖြတ်ခဲ့ရတယ်လို့ ဘက်ခမ်းက ဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ အသက်(၄၄)နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ရှံးထွက်အဆင့်မှာ ကြုံတွေ့ခဲ့ရပြီး ဘာစီလိုနာရဲ့အဓိက ကစားသမား မက်ဆီနဲ့ပါ ရင်ဆိုင်တွေ့ခဲ့့ရတာဖြစ်ပါတယ်။ မက်ဆီနဲ့ပတ်သက်ပြီး ဘက်ခမ်းက “မက်ဆီက ကျွန်တော့်ကို ကျော်ဖြတ်ပြီး ပြေးလွှားသွားတာကို ခံလိုက်ရတဲ့နောက်ပိုင်းမှာ ကျွန်တော်ရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်သင့်ပြီလို့တောင် တွေးတောမိလိုက်ပါသေးတယ်။ ကျွန်တော်တို့ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ရတယ်။ ဘာစီလိုနာကလည်း ဂိုးတွေသွင်းခဲ့တယ်”

Photo Credit : GiveMeSport

“အဲ့ဒီအချိန်က ကျွန်   တော်ရဲ့အသက်အရွှယ်က အကျပိုင်းကို ရောက်နေပေမယ့်လည်း ဘာစီလိုနာလို အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာက အရမ်းကို သဘောကျစရာကောင်းပါတယ်။ (၂)ကျော့စလုံးက အရမ်းကောင်းတဲဲ့ပွဲဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့တွေ ဂုဏ််ယူစရာကောင်းအောင် ကစားနိုင်ခဲ့သလို အဝေးဂိုးနဲ့ ရှုံးခဲ့တာဖြစ်ပြီး ရလဒ်အရတော့ အရေးမနိမ့်ခဲ့ပါဘူး” လို့ ပြောဆိုလာခဲ့ပါတယ်။ အဲ့ဒီအချိန်က ပီအက်စ်ဂျီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး (၂)ကျော့ပေါင်းရလဒ် ၃ဂိုးစီသရေကျခဲ့တာဆိုပေမယ့် ဘာစီလိုနာအသင်းက အဝေးဂိုးစည်းမျဉ်းကြောင့် ဆီမီးဖိုင်နယ်ကို တတ်လှမ်းခဲ့ရပေမယ့် ဆီမီးဖိုင်နယ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့ပြီး ပြုတ်သွားခဲ့ရပါတယ်။