ကမ္ဘာတစ်လွှားမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပြသာနာရပ်တွေကြောင့် ဘောလုံးပွဲတွေ ရပ်နားထားခဲ့ရလို့ ဘောလုံးအသင်းတွေမှာ ဘဏ္ဍာရေးအခြေအနေ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လာမယ့်ဘောလုံးရာသီမှာတောင် ကစားသမားခေါ်ယူဖို့မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ ဒီလိုဘတ်ဂျက်ထိခိုက်မယ့် ကလပ်အသင်းတွေထဲမှာ ရှိလို့မနေပဲ အသင်းရဲဲ့အဓိက ကစားသမားတွေမဟုတ်တဲ့ အငှားချထားတဲ့ ကစားသမားတွေကို အသင်းကနေ ရောင်းထုတ်သွားမယ်ဆိုရင်တောင်မှ ပေါင်သန်းတစ်ရာကျော်လောက်အထိကို ဝင်ငွေပြန်ရဖွယ်ရှိနေပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ ဘောလုံးရာသီတိုင်းလိုလိုမှာ အသင်းကနေ ကစားသမားအများစုကို အခြားသော ကလပ်အသင်းတွေဆီ အငှားချတတ်လေ့ရှိပြီး ဒီရာသီမှာဆိုရင်လည်း မိုရာတာ မော့ဆက်စ် ဘာကာယိုကို ဇာပါကော်စတာ ဒရင့်ဝါးတား ပဆာလစ်တို့လို ကစားသမားကောင်းတွေကို အငှားချထားခဲ့တာကြောင့် ဒီကစားသမားတွေကို အပြီးသတ်ရောင်းချလိုက်မယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာလောက်အထိ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်း ဒီကစားသမားတွေအပြင် လူငယ်ကစားသမား တော်တော်များများကိုလည်း အငှားချထားပါသေးတယ်။

Photo Credit : The Sun

တကယ်တော့ ချယ်လ်ဆီးအသင်းဟာ စပိန်တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာကို လာမယ့်ဇူလိုင်(၁)ရက်နေ့မှာ အသက်လက်တီကိုမက်ဒရစ်အသင်းဆီ ပေါင်(၄၈)သန်းနဲ့ ရောင်းချဖို့ သဘောတူညီထားခဲ့တာဖြစ်လို့ ဒီကနေလည်း ပြောင်းရွှေ့ကြေး ရရှိမှာဖြစ်သလို အသင်းဟောင်း မိုနာကိုအသင်းမှာ အငှားပြန်ကစားနေတဲ့ ကွင်းလယ်လူ ဘာကာယိုကိုမှာလည်း အသင်းကနေ ထွက်ခွာမယ်ဆိုရင် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀)လောက် ရရှိဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ခြေစွမ်းအထူးပြသနေတဲ့ အတ္တလန်တာအသင်းဆီကို အငှားချထားခဲ့တဲ့ ပလာဆစ်ကို အတ္တလန်တာအသင်းဆီ အပြီးသတ်ရောင်းချဦးမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး ပေါင်(၁၄.၄)သန်းလောက် ရရှိဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘန်လေကို အငှားချထားတဲ့ ဒရင့်ဝါးတား ရိုးမားမှာ အငှားနဲ့ လာကစားနေတဲဲ့ ဇာပါကော်စတာနဲ့ အင်တာမီလန်မှာ ရာသီဝက်အငှားနဲ့ သွားရောက်ကစားနေသူ ဗစ်တာမော့ဆက်စ်တို့ကို ရောင်းထုတ်မယ်ဆိုရင်တောင် နောက်ထပ်ပေါင်သန်း(၂၀)လောက် ထပ်မံရရှိဦးမှာဖြစ်လို့ ချယ်လ်ဆီးအသင်းအတွက်ကတော့ ဒီကစားသမားတွေ ရောင်းချငွေနဲ့တင် အသင်းရဲ့ဘဏ္ဍာရေးကို ဖူလုံသွားစေနိုင်ပါတယ်။