ကစားသမားခေါ်ယူမှုဆိုတာ အသင်းတစ်သင်းရဲ့အားနည်းချက်တွေကို ဖာထေးပေးနိုင်ဖို့နဲ့ ကောင်းမွန်နေတဲ့ အသင်းကို ထပ်မံပြီးအင်အားဖြည့်တင်းပေးလိုက်တဲ့ သဘောကို သက်ရောက်စေပါတယ်။ ဒါပေမယ့်လည်း ခေါ်ယူမှုတိုင်းကတော့ အကောင်းဘက်ကို ဦးတည်နိုင်တာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ သန်းပေါင်းမြောက်များစွာနဲ့ ခေါ်ယူခဲ့ရတဲ့ ကစားသမားတွေက အသင်းအတွက် ဘာမှအကျိုးမပြုနိုင်လို့ ပြန်ရောင်းထုတ်တဲ့အခါ အရှံးပေါ်ခဲ့ရတာတွေတောင် ဖြစ်တတ်ပါတယ်။ ဒီနေ့တော့ ဘာစီလိုနာအသင်းရဲ့ (၆)နှစ်တာကာလအတွင်းမှာ အဆိုးရွှားဆုံး ခေါ်ယူမှုဖြစ်ခဲ့တာတွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : The Sun

၂၀၁၅-၂၀၁၆ ဘောလုံးရာသီ

(ခေါ်ယူခဲ့သော ကစားသမားများ – အက်ဒါတူရန် ၊ အလက်ဆစ်ဗီဒယ်)
နှစ်ယောက်လုံးက ဘာစီလိုနာမှာ ခြေစွမ်းပြနိုင်ခြင်းမရှိလို့ ဗီဒယ်ကို ဆီဗီလာအသင်းဆီ ရောင်းချခဲ့ရသလို အက်ဒါတူရန်ကိုလည်း တူရကီဘက်ဆီ အငှားချထားရာ ဒီနေ့မှာပဲ သူနဲ့ ဘာစီလိုနာတို့ရဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။

Photo Credit : The Sun

၂၀၁၆-၂၀၁၇ ဘောလုံးရာသီ

(ခေါ်ယူခဲ့သော ကစားသမားများ – အန်ဒရီဂိုးမက်စ် ၊ အယ်ကာဆာ ၊ အမ်တီတီ ၊ ဒစ်ဂ်နေး ၊ ဆီလက်ဆန်စ် ၊ ဒင်းနစ်ဆွာရက်ဇ် )
ဒီကစားသမားတွေအားလုံးထဲမှာ နောက်ခံလူအမ်တီတီပဲ လက်ရှိအချိန်ထိ အသင်းမှာ ကျန်နေခဲ့တာဆိုပေမယ့် အမ်တီတီတောင် နောက်ရာသီအထိ ဆက်လက်ရှိနေဖို့ မသေချာတော့ပါဘူး။

Photo Credit : The Sun

၂၀၁၇-၂၀၁၈ ဘောလုံးရာသီ

(ခေါ်ယူခဲ့သော ကစားသမားများ – ကော်တင်ဟို ၊ အူစမန်ဒမ်ဘီလီ ၊ ပေါ်လင်ဟို ၊ ဆီမီဒို ၊ ဒယ်လိုဖူ ၊ ယယ်ရီမီနာ ၊ မာလွန်)
ကော်တင်ဟိုနဲ့ဒမ်ဘီလီအတွက် နှစ်ယောက်ပေါင်း သန်း(၂၄၀)လောက် အကုန်ခံပေမယ့်လည်း (၂)ယောက်လုံးက အသင်းမှာ အံ့မဝင်ခဲ့ပဲ လာမယ့်စျေးကွက်အတွင်းမှာ အရှံးခံပြီး ရောင်းထုတ်ရဖွယ်ရှိနေပါတယ်။

Photo Credit : The Sun

၂၀၁၈-၂၀၁၉ ဘောလုံးရာသီ

(ခေါ်ယူခဲ့သော ကစားသမားများ – မယ်ကွန် ၊ လွန်းဂ်လတ် ၊ အာသာ ၊ ဗီဒယ် ၊ တိုဒီဘို
နောက်ခံလူလွန်းဂ်လတ်နဲ့ ဝါရင့်ကွင်းလယ်လူကြီးဗီဒယ်တို့ပဲ အသင်းနဲ့ အံ့ဝင်ခဲ့ပြီး ငွေကြေးအကုန်အကျများစွာ ခံခဲ့ရတဲ့ မယ်လ်ကွန်နဲ့ အာသာတို့ကတော့ တခြားအသင်းတွေဆီကိုတောင် ပြန်လည်ရောင်းချခဲ့ရပြီး လူငယ်ကြယ်ပွင့်လေး တိုဒီဘိုလည်း အသင်းမှာ နေရာမရသေးပဲ ရှိနေပါတယ်။

Photo Credit : The Sun

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ

(ခေါ်ယူခဲ့သော ကစားသမားများ-ဂရစ်ဇ်မန်း ၊ ဒီဂျောင် ၊ နက်တို ၊ ဘရေ့ဝိတ် ၊ ဖယ်လ်ပို ၊ အီမာဆန် ၊ ကူကူရီယာ)
ဒီရာသီမှာလည်း ဒီဂျောင်နဲ့ လိုအပ်လို့ အလျင်စလိုခေါ်ယူလိုက်ရတဲ့ ဘရေ့ဝိတ်လောက်ပဲ အသင်းအတွက် အသုံးဝင်ခဲ့ပြီး ငွေကြေးပေါင်းမြောက်များစွာနဲ့ ခေါ်ယူခဲ့ရတဲ့ ဂရစ်ဇ်မန်းကတော့ အခုချိန်ထိကို စိတ်ကျေနပ်စရာကောင်းလောက်တဲ့ခြေစွမ်းမျိုး မပြသနိုင်သေးပါဘူး။