MySport Myanmar

ချယ်လ်ဆီးအသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အီဂါလို

နှစ်စဉ်နှစ်တိုင်း ကျင်းပနေကြဖြစ်တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ လက်ရှိအချိန်မှာ စတင်ယှဉ်ပြိုင်နေပြီဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်ထိကိုတောင် ရောက်ရှိနေပြီဖြစ်ပြီး မနက်ဖြန်မှာပဲ ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်းနဲ့ အီဂျစ်ကလပ် အယ်လ်အာလီအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နောက်တစ်ရက်မှာတော့ ဥရောပချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Photo Credit : Be Soccer

၂၀၂၁ခုနှစ်ရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ယူအေအီးနိုင်ငံမှာ ကျင်းပစေတာဖြစ်ပြီး ပထမအဆင့် ပွဲစဉ်အဖြစ် ယူအေအီးကလပ် အယ်လ်ဂျားဇီးယားနဲ့ တဟီဟီကလပ် ပီရိုင်းအသင်းတို့ ရင်ဆိုင်ခဲ့ရာ အယ်လ်ဂျားဇီးယားက အနိုင်ရခဲ့လို့ ဒုတိယအဆင့်မှာ ဆော်ဒီကလပ် အယ်လ်ဟီလာနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာတော့ အယ်လ်ဟီလာက (၆)ဂိုး (၁)ဂိုးနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ အယ်လ်ဟီလာဆိုတာက ဆော်ဒီရဲ့ အင်အားကြီး ကလပ်အသင်းကြီး တစ်သင်းဖြစ်သလို မကြာသေးခင်ကမှ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း အီဂါလိုကိုပါ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Bliteoc

အခုဆိုရင် အယ်လ်ဟီလာအသင်းဟာ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်လို့ ဆီမီးဖိုင်နယ်မှာ အင်အားကြီး ကလပ်အသင်းကြီးဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခုလို ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရတော့မယ့် အခြေအနေအပေါ် အီဂါလိုက “ကမ္ဘာ့ကလပ်ဖလားမှာ ရင်ဆိုင်သွားရမယ့် အသင်းတွေအကြောင်းကို တွေးကြည့်တဲ့အခါ ဒီအသင်းတွေက မြင့်မားတဲ့ အဆင့်တစ်ခုမှာ ရှိနေသလို သူတို့ရဲ့ သက်ဆိုင်ရာ တိုက်ကြီးတွေမှာ အနိုင်ရထားကြတဲ့ အသင်းကြီးတွေလည်း ဖြစ်နေပါတယ်။ ကျွန်တော်တို့ကတော့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်သွားရမှာပါ။ ဒီအသင်းက အသင်းကောင်း တစ်သင်းဖြစ်ပြီးတော့ ကျွန်တော်လည်း အရင်က ဆုံတွေ့ခဲ့ဖူးတဲ့ အသင်းတစ်သင်းပါ။ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့အသင်းနဲ့ အသင်းပရိသတ်တွေရဲ့ ရည်မှန်းချက် ပန်းတိုင်က အနိုင်ရဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းက အရှုံးရလဒ်ဆိုတာကို နားမလည်တတ်သေးတဲ့ အသင်းမျိုးပါ။ ကျွန်တော်တို့တွေ အနိုင်ရဖို့အတွက် အစွမ်းကုန် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းမှာ ပရိသတ် ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ ဝက်စ်ဘရွန်း ကစားသမားဟောင်း ပယ်ရေရား ပေါ်တိုတိုက်စစ်မှူးဟောင်း မာရီဂါနဲ့ ယူနိုက်တက် ဝက်ဖိုဒ့်ကစားသမားဟောင်း အီဂါလိုတို့ ပါဝင်ကစားနေကြပါတယ်။

Exit mobile version