ရွက္ဖီးလ္ နည္းျပ ခရစ္ ဝိုင္ဒါက ယေန႔ည (၂း၃၀) အခ်ိန္မွာ လီဗာပူးလ္အသင္းနဲ႔ ကစားမယ့္ ပြဲစဥ္မွာ သူ႔ရဲ႕ ကစားသမားေတြကို ဒိုင္ေတြ မေႏွာင့္ယွက္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာခဲ့ပါတယ္။ ရွက္ဖီးလ္အသင္းဟာ (၂၀၂၀) ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ အေဝးကြင္း ပြဲစဥ္ကို ကစားရမွာ ျဖစ္ၿပီး ပရီးမီးယားလိဂ္ ဦးေဆာင္ လီဗာပူးလ္အသင္းနဲ႔ ရင္ဆိုင္ရမွာပဲ ျဖစ္ပါတယ္။

Photo Credit: talkSPORT

ရွက္ဖီးလ္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၀) ကစားၿပီးတဲ့ အခ်ိန္မွာ (၅) ပြဲသာ ရႈံးနိမ့္ခဲ့ၿပီး ရမွတ္ (၂၉) မွတ္နဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပး ဇယား အဆင့္ (၈) မွာ ရပ္တည္ေနလ်က္ပါပဲ။ နည္းျပ ခရစ္ ဝိုင္ဒါရဲ႕ ရွက္ဖီးလ္အသင္းဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္မွာ မန္စီးတီးအသင္းနဲ႔ အေဝးကြင္း ပြဲစဥ္ ကစားခဲ့ၿပီး အေဝးကြင္း ပြဲစဥ္ (၂) ပြဲဆက္တိုက္ ကစားသြားမွာပဲ ျဖစ္ပါတယ္။

Photo Credit: talkSPORT

နည္းျပ ခရစ္ ဝိုင္ဒါဟာ ယေန႔ည လီဗာပူးလ္အသင္းနဲ႔ ကစားရမယ့္ ပြဲစဥ္ မတိုင္ခင္ လီဗာပူးလ္ အသင္းနဲ႔ ပြဲစဥ္မွာ ဒိုင္ေတြ မေႏွာင့္ယွက္ဖို႔ ေမွ်ာ္လင့္ေနတယ္လုိ႔ talkSPORT က ေဖာ္ျပခဲ့ပါတယ္။ talkSPORT က နည္းျပ ကေလာ့ပ္ နဲ႔ နည္းျပ ခရစ္ ဝိုင္ဒါတို႔ရဲ႕ ပြဲႀကိဳစကားေတြကို ေဖာ္ျပခဲ့ၿပီး နည္းျပ ခရစ္ ဝိုင္ဒါက လီဗာပူးလ္နဲ႔ ပြဲစဥ္မွာ အေတြ႕အႀကဳံေကာင္း ရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit: talkSPORT

ရွက္ဖီးလ္ နည္းျပ ခရစ္ ဝိုင္ဒါက “လီဗာပူးလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားရတာဟာ မယုံႏိုင္စရာ အေတြ႕အႀကံ ျဖစ္လာမွာပါ။ ဒီပြဲကို ေရွ႕ေရာက္ေစမယ့္ ပြဲစဥ္ ျဖစ္ေအာင္ ႀကိဳးစားၾကရပါမယ္။ ေနာက္ၿပီးေတာ့ ဒိုင္ေတြက ကြၽန္ေတာ္တို႔ရဲ႕ ကြင္းလယ္ ကစားသမားေတြကို မေႏွာက္ယွက္ဖို႔ နဲ႔ ကစားသမားေတြကို ေပးကစားၿပီး ဂိုးသြင္းဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ အခိုင္မာ ေျပာခဲ့ပါတယ္။

{Unicode}

ရှက်ဖီးလ် နည်းပြ ခရစ် ဝိုင်ဒါက ယနေ့ည (၂း၃၀) အချိန်မှာ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ သူ့ရဲ့ ကစားသမားတွေကို ဒိုင်တွေ မနှောင့်ယှက်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ ရှက်ဖီးလ်အသင်းဟာ (၂၀၂၀) ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဝေးကွင်း ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဦးဆောင် လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

Photo Credit: talkSPORT

ရှက်ဖီးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ကစားပြီးတဲ့ အချိန်မှာ (၅) ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ရမှတ် (၂၉) မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် (၈) မှာ ရပ်တည်နေလျက်ပါပဲ။ နည်းပြ ခရစ် ဝိုင်ဒါရဲ့ ရှက်ဖီးလ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကစားခဲ့ပြီး အဝေးကွင်း ပွဲစဉ် (၂) ပွဲဆက်တိုက် ကစားသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: talkSPORT

နည်းပြ ခရစ် ဝိုင်ဒါဟာ ယနေ့ည လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ် မတိုင်ခင် လီဗာပူးလ် အသင်းနဲ့ ပွဲစဉ်မှာ ဒိုင်တွေ မနှောင့်ယှက်ဖို့ မျှော်လင့်နေတယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။ talkSPORT က နည်းပြ ကလော့ပ် နဲ့ နည်းပြ ခရစ် ဝိုင်ဒါတို့ရဲ့ ပွဲကြိုစကားတွေကို ဖော်ပြခဲ့ပြီး နည်းပြ ခရစ် ဝိုင်ဒါက လီဗာပူးလ်နဲ့ ပွဲစဉ်မှာ အတွေ့အကြုံကောင်း ရရှိဖို့ မျှော်လင့်နေပါတယ်။

Photo Credit: talkSPORT

ရှက်ဖီးလ် နည်းပြ ခရစ် ဝိုင်ဒါက “လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရတာဟာ မယုံနိုင်စရာ အတွေ့အကြံ ဖြစ်လာမှာပါ။ ဒီပွဲကို ရှေ့ရောက်စေမယ့် ပွဲစဉ် ဖြစ်အောင် ကြိုးစားကြရပါမယ်။ နောက်ပြီးတော့ ဒိုင်တွေက ကျွန်တော်တို့ရဲ့ ကွင်းလယ် ကစားသမားတွေကို မနှောက်ယှက်ဖို့ နဲ့ ကစားသမားတွေကို ပေးကစားပြီး ဂိုးသွင်းဖို့ မျှော်လင့်ပါတယ်”လို့ အခိုင်မာ ပြောခဲ့ပါတယ်။