ဒီနှစ်ဘောလုံးရာသီအစမှာ အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ ပြောင်းရွှေ့မှုတစ်ခုအဖြစ် လိုင်လီအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား နီကိုလပ်စ်ပေပေဟာ အာဆင်နယ်အသင်းဆီကို ပေါင်ရ၂သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အူဘာမီယန်း လာကာဇက် ပေပေတို့ သုံးယောက်တွဲတိုက်စစ်အစုအဖွဲ့နဲ့ အာဆင်နယ်က ဒီရာသီမှာ ဆာလာ မာနေး ဖာမီနိုတို့ကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်တိုက်စစ်ကိုတောင် စိန်ခေါ်လာနိုင်ဖွယ်ရှိတယ်လို့ ထင်ကောင်းထင်ခဲ့ရပါတယ်။ ဒါပေမယ့် ပေပေရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်က ထင်သလောက် မလှပနိုင်ခဲ့ပဲ ရာသီဝက်အကျော်လောက်အထိ ပါဝင်ကစားခဲ့ရာမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုး၃ဂိုးလေးပဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၄နှစ်အရွှယ် အိုင်ဗရီကို့စ်တောင်ပံကစားသမား ပေပေက အာဆင်နယ်ပရိသတ်တွေ မျှော်မှန်းထားသလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာကြောင့် ပရီးမီးယားလိဂ်မှာ ၁၄ပွဲပဲ ပွဲထွက်ကစားခဲ့ရပြီး ကျန်တဲ့ပွဲတွေမှာတော့ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပါတယ်။ ပေပေဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၇ပွဲအထိ ပါဝင်ကစားခဲ့ရပေမယ့်လည်း သွင်းဂိုး၅ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ကြိမ်သာ ရှိခဲ့သလို တစ်ပွဲနဲဲ့တစ်ပွဲမှာလည်း သူရဲဲ့အကောင်းဆုံးကစားဟန်ကို မထိန်းသိမ်းနိုင်လို့ အာဆင်နယ်အနေနဲ့ ပေပေကို ခေါ်ယူခဲဲ့ခြင်းက မှားယွင်းခဲ့တယ်လို့ အသင်းရဲ့ကစားသမားဟောင်းတွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ပြစ်တင်ထားကြပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ တရားဝင် Youtube Channel တစ်ခုဖြစ်တဲဲ့ Arsenal TV ရဲဲ့ အစီအစဉ်တစ်ခုမှာတော့ ပေပေက သူ့ကို ခက်ခံရုန်းကန်ရစေနိုင်ခဲ့တဲ့ ခံစစ်ကစားသမားမရှိဘူးလို့ အံ့အားသင့်ဖွယ် ဖြေဆိုလာခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်အတွင်း ပေပေနဲ့အတူ သူရဲ့အာဆင်နယ်အသင်းဖော် ကွင်းလယ်ကစားသမား ဂွမ်ဒူဇီပါ ပါဝင်ထားပြီး “မင်းရင်ဆိုင်ခဲ့တဲ့ ခံစစ်ကစားသမားတွေထဲမှာ ဘယ်သူက မင်းအတွက် အခက်ခဲဆုံးလဲ မေးမြန်းခဲ့ရာ ပေပေက “အရိုးသားဆုံး ပြောရရင်တော့ ဘယ်သူမှကို မရှိခဲ့ဘူး” လို့ ခပ်တည်တည်ပဲ ဖြေဆိုသွားခဲ့ပါတယ်။ ဒီအဖြေက မေးခွန်းမေးခဲ့တဲ့ ဂွမ်ဒူဇီကိုပါ အံ့အားသင့်သွားစေခဲ့လို့ “ဒါတကယ် ရိုးရိုးသားသားဖြေတာလား” လို့ ဆက်လက်မေးမြန်းခဲရာ ဟုတ်မှန်ကြောင်း ပေပေက ထပ်လောင်းဖြေဆိုသွားခဲ့ပါတယ်။ မနှစ်က လီဂူးရဲ့အကောင်းဆုံးကစားသမားစာရင်းမှာ ထည့်သွင်းရွေးချယ်ခံခဲ့ရပေမယ့်လည်း လက်ရှိ အသင်းသစ်မှာတော့ လိုင်လီမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး ထပ်တူပြသနိုင်ဖို့အတွက် ရုန်းကန်နေရပါတယ်။