အသက်(၂၀)အရွယ်သာ ရှိသေးတဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းဟာ သူ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခွင့် ရရှိခဲ့ရလို့ အတိုင်းမသိ ဝမ်းမြောက်မိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းက ဟွိုင်လန်းအတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်း + အပိုဆုကြေး ယူရို (၁၀)သန်းတို့အထိ အသုံးပြခဲ့ရပြီး ၂၀၂၈ခုနှစ် ဇွန်လ + (၁)နှစ်ထပ်တိုးခွင့် စာချုပ်နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Detik Sports
“ကျွန်တော် ငယ်ငယ်လေးကတည်းက ဒီကလပ်အသင်းကြီးရဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့တာ လျှို့ဝှက်ထားစရာ မလိုလောက်အောင် လူတိုင်း သိကြပါတယ်။ မန်ယူနိုက်တက် ကစားသမားတစ်ဦးအဖြစ်နဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ လျှောက်လှမ်းဖို့ကိုလည်း အိမ်မက်မက်ခဲ့ရတယ်။”
“ဒီအိမ်မက်ကို လက်တွေ့ဖြစ်လာအောင် လုပ်ဖို့ ရလာတဲ့ ဒီအခွင့်အရေးအတွက် ကျွန်တော် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားမိရတယ်။ ကလပ်က ကျွန်တော့်အပေါ် ထားရှိပေးတဲ့ ယုံကြည်မှုကို ကျွန်တော့်ဘက်ကနေ ပြန်ပြီး ပေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။”
Photo Credit : Sky Sports
“ကျွန်တော်ရဲ့ ကစားသမားဘဝ စောနေသေးပေမယ့် ခြေလှမ်းကြီးတစ်ခု လှမ်းဖို့အတွက် နဲ့ ကမ္ဘာ့အဆင့် ကစားသမား အစုအဖွဲ့နဲ့ အတူကစားဖို့အတွက် အဆင့်သင့် ဖြစ်နေပြီဆိုတာ ကျွန်တော် သိပါတယ်။ နည်းပြနဲ့ စကားပြောပြီးတာနဲ့ ဒီပတ်ဝန်းကျင်က ကျွန်တော်ရဲ့ တိုးတက်မှုအတွက် ပြီးပြည့်စုံမယ့် နေရာမျိုးဆိုတာ ကျွန်တော် သိလိုက်တယ်။”
“ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်နဲ့ လက်တွဲခွင့် ရတော့မှာမို့ ကျေနပ်မိပါတယ်။ သူရဲ့လမ်းညွန်မှု နဲ့ ပံ့ပိုးမှုအောက်မှာ ကျွန်တော်ရဲ့ အသင်းဖော်တွေနဲ့အတူ ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်စွမ်း ရှိမယ်ဆိုတာ ကျွန်တော် သိပါတယ်။”