ရတနာပုံအသင်း ကွင်းလယ်ကစားသမားလှိုင်းဘိုဘိုဟာ ထိုင်းလိဂ်(၁)ကလပ်ဆူခိုထိုင်းအသင်းဆီကို ရာသီဝက် အငှားနဲ့ သွားရောက်ကစားတော့မှာဖြစ်တယ်လို့ ရတနာပုံအသင်းရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာကနေ ဒီကနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လှိုင်ဘိုဘိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းမှာ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ခြေစွမ်းပြကစားပေးခဲ့သူဖြစ်သလို ဆူခိုထိုင်းအသင်းဘက်ကလည်း တရားဝင်ကမ်းလှမ်းလာခဲ့တာကြောင့် ယခုလိုရာသီဝက် အငှားသွားရောက်ကစားဖို့  ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရတနာပုံအသင်းကနေ ပြည်ပနိုင်ငံများဆီကို သွားရောက်ကစားသူများ ရှိခဲ့ပေမယ့် လှိုင်ဘိုဘိုအနေနဲ့ကတော့ ပြည်ပကလပ်တစ်ခုဆီကို သွားရောက်ထွက်ကစားမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီးယခုရက်ပိုင်းအတွင်း ဆူခိုထိုင်းအသင်းဆီကို သွားရောက်ပူးပေါင်းမှာပဲဖြစ်ပါတယ်။

ဆူခိုထိုင်းအသင်းဟာ မြန်မာကစားသမားတွေကို ခေါ်ယူအသုံးပြုနေသော အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ ရတနာပုံအသင်း နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ဇော်မင်းထွန်းလည်း ပါဝင်ကစားလျက်ရှိနေပါတယ်။

Source – Yadanarbon Football Club Facebook