MySport Myanmar

မက်ဆီကို ဘာစီလိုနာအသင်းဆီ ပြန်လာစေချင်နေတဲ့ လီဝန်ဒေါစကီး

ဘာစီလိုနာအသင်းရဲ့ ပိုလန် တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီး ဘာစီလိုနာရဲ့ legend player ၊ icon player တစ်ဦးဖြစ်သူ လီယွန်နယ်မက်ဆီကို လာမယ့် နွေရာသီမှာ ဘာစီလိုနာအသင်းဆီ ပြန်လည် ရောက်ရှိလာစေချင်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Goal

ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ မက်ဆီဟာ လာမယ့် ဇွန်လလကုန်မှာပဲ သူရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီဘက်က မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မက်ဆီကိုယ်တိုင်ကတော့ အသင်းနဲ့ ထပ်မံ သက်တမ်းမတိုးချင်တော့ပဲ အသင်း အပြောင်းအလဲ လုပ်ဆောင်ဖို့သာ ဆန္ဒရှိနေပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်နေတဲ့ မက်ဆီကိုလည်း သူ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာက ပြန်လည် ခေါ်ယူဖို့ စ်ိတ်ဝင်စားနေကြောင်း မက်ဆီကို အသင်းဆီ ပြန်ခေါ်နိုင်ဖို့ကိုလည်း ကြိုးပမ်းနေကြောင်း ဘာစီလိုနာ ဒုဥက္ကဌကိုယ်တိုင် လူသိရှင်ကြား ပြောဆိုထားခဲ့ပါတယ်။

Photo Credit : The Analyst

ဘာစီလိုနာအသင်းနဲ့ ပတ်သတ်သမျှ အသင်းဥက္ကဌတွေ အသင်းတာဝန်ရှိသူတွေ အသင်းနည်းပြတွေနဲ့ အသင်းကစားသမားတွေ အသင်းပရိသတ်တွေ အားလုံးက မက်ဆီကို သူတို့အသင်းဆီ ပြန်ရောက်စေချင်နေကြပြီး ဒီရာသီမှ ဘာစီလိုနာကို ရောက်ရှိလာတဲ့ လီဝန်ဒေါစကီးကိုယ်တိုင်ပါ မက်ဆီကို ဘာစီလိုနာဆီ ပြန်ရောက်စေချင်နေပါတယ်။ “ကျွန်တော်အတွက်ကတော့ မက်ဆီက ဘာစီလိုနာမှာ အမြဲရှိနေမှာပါ။ သူ ဒီကို ပြန်လာမယ်ဆိုရင် အသင်းပရိသတ်တွေနဲ့ ကစားသမားတွေအတွက် ခမ်းနားထည်ဝါလိမ့်မယ်။ ဘာစီလိုနာက သူရဲ့နေရာတစ်ခုပါ။ နောက်ရာသီမှာ ကျွန်တော် မက်ဆီနဲ့ အတူတူ တွဲဖက်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ လီဝန်ဒေါစကီးက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Yahoo Sport UK

မက်ဆီ နဲ့ လီဝန်ဒေါစကီးတို့ဟာ အမြဲတမ်းလိုလို ပြိုင်ဘက်တွေအဖြစ်နဲ့သာ ထိပ်တိုက် တွေ့ဆုံခဲ့ရတာဖြစ်ပြီး အထူးသဖြင့် ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံချိန် အာဂျင်တီးနား နဲ့ ပိုလန်အသင်းတို့ ထိပ်တိုက်တွေ့ချိန်တွေမှာ ပြိုင်ဘက်တွေအဖြစ် ယှဉ်ပြိုင်ခဲ့ရပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ မက်ဆီနဲ့ တွဲဖက် ကစားချင်တယ်လို့ မကြာခဏ ဖွင့်ဟထားခဲ့ပြီး ဘယ်လို တိုက်စစ်ကစားသမားမဆို မက်ဆီ နဲ့ အတူတူ ကစားချင်မိမှာပဲလို့ ပြောဆိုထားခဲ့ဖူးပါတယ်။

Exit mobile version