ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိကကစားသမား ဟာဇက္ဟာ အသင္းကို ရာသီဝက္အငွားနဲ႔ ေျပာင္းေရႊ႕လာတဲ့ အာဂ်င္တီးနားလက္ေရြးစင္ ဟီဂူအင္ကို အသင္းမွာ အေကာင္းဆံုးတြဲဖက္ ကစားနိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ဆိုခဲ့ပါတယ္။ ဟီဂူအင္ဟာ ဂ်ဴဗင္တပ္အသင္းကေန တရားဝင္ေျပာင္းေရႊ႕လာတာဟာ ရက္ပိုင္းမ်ွသာရွိေသးျပီး အခုခ်ိန္မွာေတာ့ တနဂၤေႏြေန႔မွာ ကစားမယ့္ အက္ဖ္ေအဖလားပြဲစဥ္ျဖစ္တဲ့ ရွက္ဖီးအသင္းနဲ႔ပြဲမွာ ဝင္ေရာက္ကစားဖို႔ ျပင္ဆင္ေနတဲ့သူလည္း ျဖစ္ပါတယ္။

ဟာဇက္ဟာ ယေန႔မနက္က စပါးအသင္းကို ပင္နယ္တီဂိုးနဲ႔ အနိုင္ရျပီး အီးအက္ဖ္အယ္ဖလား ဖိုင္နယ္ကုိ တက္ေရာက္သြားျပီျဖစ္ျပီး အဆိုပါပြဲအျပီးမွာေတာ့ ဟာဇက္က ဟီဂူအင္အေၾကာင္းကို ေျပာျပသြားခဲ့တာပါ။ ဟာဇက္က ` ဒီရာသီမွာ ကြ်န္ေတာ္တို႔ဟာ ေကာင္းေကာင္းကစားနိုင္ေနတယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ တစ္ခါတေလမွာေတာ့ ကြ်န္ေတာ္တို႔ဟာ တစ္ဂိုးသြင္းယူဖို႕ကိုေတာင္ ခက္ခဲေနတတ္ပါတယ္။ တခ်ိဳ႕ပြဲေတြမွာဆိုရင္ ကြ်န္ေတာ္တို႔က အခြင့္အေရးေတြအမ်ားႀကီး ဖန္တီးနိုင္ခဲ့ေပမယ့္ ဂိုးတစ္ဂိုးမွ မရခဲ့တာလည္း ရွိပါတယ္။´ လို႔ ယခုရာသီမွာၾကံဳေနရတဲ့ အခက္အခဲကို ေျပာျပခဲ့ပါတယ္။ ဆက္လက္ျပီး ` ေတာင္ပံကစားသမားတစ္ဦးအေနနဲ႔ ကြ်န္ေတာ္က ကမၻာ့အေကာင္းဆံုးစာရင္းဝင္ ္တိုက္စစ္မွဴးေတြနဲ႔ပဲ တြဲကစားခ်င္ပါတယ္။ ဒီေယဂိုေကာ္စတာနဲ႔ တြဲကစားရတာက ကြ်န္ေတာ့္ရဲ႕ေျခစြမ္းကို တိုးတက္ေစခဲ့တာကို ျမင္ေတြ႕ရမွာပါ။ အခုေတာ့ ဟီဂူအင္ေရာက္လာပါျပီ။ ကြ်န္ေတာ္ကေတာ့ သူ႔ကို ကမၻာ့အေကာင္းဆံုးစာရင္းဝင္ တိုက္စစ္မွဴးလို႔ ယံုၾကည္ပါတယ္´ လို႔ ဟီဂူအင္နဲ႔ ပတ္သတ္ျပီး သူ႔ရဲ႕ အျမင္ကို ေျပာျပခဲ့ပါတယ္။

ဟာဇက္က ` ကြ်န္ေတာ္ဟာ ဂ်ရူး မိုရာတာတို႔နဲ႔ တြဲကစားရတာကိုလည္း နွစ္သက္ပါတယ္။ ကြ်န္ေတာ္ဟာ တိုက္စစ္မွဴးေတြ တျခားေတာင္ပံကစားသမားေတြနဲ႔ တြဲကစားရတာကို နွစ္သက္လွျပီး အထူးသျဖင့္ တိုက္စစ္မွဴးတစ္ေယာက္က ကြ်န္ေတာ့္ရဲ႕ အေရွ႕မွာ ရွိေနတာကို ပိုသေဘာက်ပါတယ္။ ဒါက ကြ်န္ေတာ့္ကို လြတ္လြတ္လပ္လပ္လႈပ္ရွားနိုင္ေအာင္ ျပဳလုပ္ေပးတယ္ေလ။ ကြ်န္ေတာ္ဟာ တိုက္စစ္မွဴးနဲ႔ တြဲဖက္ကစားကာ တစ္ဖက္အသင္းခံစစ္ကို ထိုးေဖာက္ခ်င္တာေၾကာင့္ တိုက္စစ္မွဴးက ခံစစ္ဇုန္ထဲကို အရမ္းႀကီးတုိးဝင္သြားရင္ ကြ်န္ေတာ္ ဒုကၡေရာက္ေတာ့တာပါပဲ။ ဒီေနရာမွာ ဂ်ရူးက ကြ်န္ေတာ့္ရဲ႕အေၾကာင္းကို အမ်ားႀကီး နားလည္တဲ့သူပါ။´ လို႔ သူနဲ႔ တြဲကစားမယ့္ တိုက္စစ္မွဴးလုပ္သင့္တဲ့ အရာေတြကို ထုတ္ေဖာ္သြားပါတယ္။ ဟီဂူအင္နဲ႔ ပတ္သတ္ျပီး `ဟီဂူအင္က အရမ္းေကာင္းတဲ့ တိုက္စစ္မွဴးပါ။ ျပီးေတာ့ သူက ဧရိယာထိပ္မွာ ေနရာယူပံုေတြ အရမ္းေကာင္းပါတယ္။ ဂိုးေတြအမ်ားႀကီးလည္း သြင္းယူထားတဲ့သူျဖစ္တာေၾကာင့္ သူနဲ႔ တြဲကစားရတာက လြယ္ကူမယ္လို႔ ထင္ပါတယ္´ လို႔ မွတ္ခ်က္ခ်ခဲ့ပါတယ္။

`တိုက္စစ္မွဴးတစ္ေယာက္အေနနဲ႔ ၅ဂိုး ၁ဂိုးနဲ႔ အနိုင္ရေနတဲ့ပြဲမွာဆိုရင္ ဂိုးသြင္းရတာဟာ သိပ္မခက္ခဲပါဘူး။ ဒါေပမယ့္ တစ္ခါတေလမွာ အသင္းက ဂိုးေတြလိုအပ္ေနျပီဆိုရင္ သြင္းယူေပးနိုင္ဖို႔ လိုအပ္ပါတယ္။ ဟီဂူအင္ဟာ လိဂ္မ်ိဳးစံုမွာ က်င္လည္လာခဲ့တာေၾကာင့္ သူလုပ္နိုင္မယ္လို႔ ယံုၾကည္ပါတယ္။ ဂ်ရူးဟာလည္း တိုက္စစ္မွဴးေကာင္းတစ္ဦးပါ။ ဒီေယဂိုေကာ္စတာကေတာ့ အဲ့ဒီလို တိုက္စစ္မွဴးမ်ိဳးမဟုတ္ပါဘူး။ သူကေတာ့ ေနရာစံု ပံုစံစံုကေန သြင္းယူနိုင္တဲ့သူပါ´ လို႔ ကစားေဖာ္ေဟာင္း ဒီေယဂိုေကာ္စတာကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

(Unicode)

ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမား ဟာဇက်ဟာ အသင်းကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာတဲ့ အာဂျင်တီးနားလက်ရွေးစင် ဟီဂူအင်ကို အသင်းမှာ အကောင်းဆုံးတွဲဖက် ကစားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဆိုခဲ့ပါတယ်။ ဟီဂူအင်ဟာ ဂျူဗင်တပ်အသင်းကနေ တရားဝင်ပြောင်းရွှေ့လာတာဟာ ရက်ပိုင်းမျှသာရှိသေးပြီး အခုချိန်မှာတော့ တနင်္ဂနွေနေ့မှာ ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်ဖြစ်တဲ့ ရှက်ဖီးအသင်းနဲ့ပွဲမှာ ဝင်ရောက်ကစားဖို့ ပြင်ဆင်နေတဲ့သူလည်း ဖြစ်ပါတယ်။

ဟာဇက်ဟာ ယနေ့မနက်က စပါးအသင်းကို ပင်နယ်တီဂိုးနဲ့ အနိုင်ရပြီး အီးအက်ဖ်အယ်ဖလား ဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပြီး အဆိုပါပွဲအပြီးမှာတော့ ဟာဇက်က ဟီဂူအင်အကြောင်းကို ပြောပြသွားခဲ့တာပါ။ ဟာဇက်က ` ဒီရာသီမှာ ကျွန်တော်တို့ဟာ ကောင်းကောင်းကစားနိုင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ ကျွန်တော်တို့ဟာ တစ်ဂိုးသွင်းယူဖို့ကိုတောင် ခက်ခဲနေတတ်ပါတယ်။ တချို့ပွဲတွေမှာဆိုရင် ကျွန်တော်တို့က အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးတစ်ဂိုးမှ မရခဲ့တာလည်း ရှိပါတယ်။´ လို့ ယခုရာသီမှာကြုံနေရတဲ့ အခက်အခဲကို ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ` တောင်ပံကစားသမားတစ်ဦးအနေနဲ့ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ်တိုက်စစ်မှူးတွေနဲ့ပဲ တွဲကစားချင်ပါတယ်။ ဒီယေဂိုကော်စတာနဲ့ တွဲကစားရတာက ကျွန်တော့်ရဲ့ခြေစွမ်းကို တိုးတက်စေခဲ့တာကို မြင်တွေ့ရမှာပါ။ အခုတော့ ဟီဂူအင်ရောက်လာပါပြီ။ ကျွန်တော်ကတော့ သူ့ကို ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် တိုက်စစ်မှူးလို့ ယုံကြည်ပါတယ်´ လို့ ဟီဂူအင်နဲ့ ပတ်သတ်ပြီး သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။

ဟာဇက်က ` ကျွန်တော်ဟာ ဂျရူး မိုရာတာတို့နဲ့ တွဲကစားရတာကိုလည်း နှစ်သက်ပါတယ်။ ကျွန်တော်ဟာ တိုက်စစ်မှူးတွေ တခြားတောင်ပံကစားသမားတွေနဲ့ တွဲကစားရတာကို နှစ်သက်လှပြီး အထူးသဖြင့် တိုက်စစ်မှူးတစ်ယောက်က ကျွန်တော့်ရဲ့ အရှေ့မှာ ရှိနေတာကို ပိုသဘောကျပါတယ်။ ဒါက ကျွန်တော့်ကို လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်အောင် ပြုလုပ်ပေးတယ်လေ။ ကျွန်တော်ဟာ တိုက်စစ်မှူးနဲ့ တွဲဖက်ကစားကာ တစ်ဖက်အသင်းခံစစ်ကို ထိုးဖောက်ချင်တာကြောင့် တိုက်စစ်မှူးက ခံစစ်ဇုန်ထဲကို အရမ်းကြီးတိုးဝင်သွားရင် ကျွန်တော် ဒုက္ခရောက်တော့တာပါပဲ။ ဒီနေရာမှာ ဂျရူးက ကျွန်တော့်ရဲ့အကြောင်းကို အများကြီး နားလည်တဲ့သူပါ။´ လို့ သူနဲ့ တွဲကစားမယ့် တိုက်စစ်မှူးလုပ်သင့်တဲ့ အရာတွေကို ထုတ်ဖော်သွားပါတယ်။ ဟီဂူအင်နဲ့ ပတ်သတ်ပြီး `ဟီဂူအင်က အရမ်းကောင်းတဲ့ တိုက်စစ်မှူးပါ။ ပြီးတော့ သူက ဧရိယာထိပ်မှာ နေရာယူပုံတွေ အရမ်းကောင်းပါတယ်။ ဂိုးတွေအများကြီးလည်း သွင်းယူထားတဲ့သူဖြစ်တာကြောင့် သူနဲ့ တွဲကစားရတာက လွယ်ကူမယ်လို့ ထင်ပါတယ်´ လို့ မှတ်ချက်ချခဲ့ပါတယ်။

`တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ၅ဂိုး ၁ဂိုးနဲ့ အနိုင်ရနေတဲ့ပွဲမှာဆိုရင် ဂိုးသွင်းရတာဟာ သိပ်မခက်ခဲပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ အသင်းက ဂိုးတွေလိုအပ်နေပြီဆိုရင် သွင်းယူပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဟီဂူအင်ဟာ လိဂ်မျိုးစုံမှာ ကျင်လည်လာခဲ့တာကြောင့် သူလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဂျရူးဟာလည်း တိုက်စစ်မှူးကောင်းတစ်ဦးပါ။ ဒီယေဂိုကော်စတာကတော့ အဲ့ဒီလို တိုက်စစ်မှူးမျိုးမဟုတ်ပါဘူး။ သူကတော့ နေရာစုံ ပုံစံစုံကနေ သွင်းယူနိုင်တဲ့သူပါ´ လို့ ကစားဖော်ဟောင်း ဒီယေဂိုကော်စတာကို ချီးကျူးသွားခဲ့ပါတယ်။