MySport Myanmar

(၁၆)သင်းအဆင့်ထက် ပိုမိုတဲ့ အဆင့်တွေထိ မျှော်မှန်းထားတယ်လို့ ဆွန်ဟောင်မင် ကြုံဝါး

မနေ့ညက ကစားသွားခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(H)ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အုပ်စုဗိုလ် ပေါ်တူဂီကို အနိုင်ယူပြီး ရမှတ်(၄)မှတ်ချင်း တူညီနေတဲ့ ဥရုဂွေးအသင်းထက် သွင်းဂိုး ပိုများလို့ ရှုံးထွက်(၁၆)အဆင့်ဆီ တတ်လှမ်းသွားခဲ့သော တောင်ကိုရီးယားအသင်းရဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က သူတို့အသင်းအနေနဲ့ (၁၆)သင်းအဆင့်ထက် ပိုမိုတဲ့ ကွာတား ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေထိပါ မျှော်မှန်းထားတယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

တောင်ကိုရီးယားအသင်းဟာ ဥရုဂွေးကို ဂိုးမရှိသရေ ဂါနာကို ကပ်ရှုံးထားခဲ့ရလို့ ရမှတ်(၁)မှတ်သာ ရထားတာဖြစ်လို့ နောက်တစ်ဆင့်တတ်ဖို့အတွက် ပေါ်တူဂီလို အသင်းမျိုးကို အနိုင်ကစားဖို့ လိုအပ်လာခဲ့ပါတာယ်။ ပေါ်တူဂီက ဂါနာရော ဥရုဂွေးကိုပါ အနိုင်ကစားထားဖြစ်လို့ နောက်တစ်ဆင့်တတ်ထားတဲ့အတွက် ကစားသမားတွေ အနားပေးထားခဲ့ပေမယ့် ရော်နယ်လ်ဒို အပါအဝင် အရည်အသွေးမြင့် ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ပွဲကိုတောင် စောစောစီးစီး ဦးဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆွန် ဦးဆောင်တဲ့ တောင်ကိုရီးယားက အရှုံးရလဒ်နောက်ကနေ လိုက်ကစားရင်း (၂)ဂိုး (၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး ရှုံးထွက်အဆင့်ဆီ တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီနိုင်ပွဲနဲ့ ပတ်သတ်ပြီး အနိုင်ဂိုးရှင် ဟွမ်ဟီချန်းရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့သူ ဆွန်ဟောင်မင်က “ပထမဆုံးတော့ ဒီပွဲက အရမ်းကို ခက်ခဲမယ့် ပွဲတစ်ပွဲလို့ ကျွန်တော် တွေးထင်ခဲ့မိတယ်။ ကျွန်တော်တို့အားလုံးလည်း ဒီပွဲမှာ အခက်တွေ့့လိမ့်မယ်လို့ ယူဆထားကြပြီးသားပါ။ တကယ်လည်း ခက်ခဲမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်အသင်းသားတွေက လုံးဝ အရှံးမပေးပဲ သေချာ ကြိုးစားအားထုတ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ အသင်းသားတွေအတွက်လည်း ဂုဏ်ယူမိတယ်။ သူတို့လည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ ရှုံးထွက်(၁၆)သင်းအဆင့်ကို ရောက်ရှိသွားဖို့က ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်ခဲ့တယ်။ အခုတော့ အဲ့ဒီ ပန်းတိုင်ထက် ပိုမို မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိလာခဲ့သလို အဲ့ဒီပန်းတိုင်အထိ ရောက်ရှိနိုင်အောင်လည်း ကျွန်တော်တို့ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ ဘရာဇီးလ်ကို အနိုင်ယူဖို့ အခွင့်အရေးတွေ ရှိတာကြောင့် ကျွန်တော်တို့ဘက်က အကောင်းဆုံး ကြိုးစားပြီး ပြင်ဆင်သွားမှာပါလို့” ကြုံးဝါးပြောဆိုလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ ဘရာဇီးလ်အသင်းတို့ဟာ ဒီဇင်ဘာ (၆)ရက်နေ့ မနက်(၁)နာရီခွဲအချိန်တွင် ယှဉ်ပြိုင်သွားရမှာလည်း ဖြစ်ပါတယ်။

Exit mobile version