ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း ပီတစ်ကတော့ မက်ဆီဟာ ရော်နယ်ဒို မဟုတ်တဲ့ အတွက်ကြောင့် နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းအနေနဲ့ မက်ဆီကို မခေါ်ယူသင့်ဘူးလို့ အကြံပေး ပြောသွားခဲ့ပါတယ်။ ပီတစ်က တိုက်စစ်မှူး မက်ဆီဟာ ခန္စာကိုယ်ပိုင်းအရ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့သလို မန်စီးတီးအသင်းအနေနဲ့ မက်ဆီကို ခေါ်ချင်ရင် လွန်ခဲ့တဲ့ နှစ်တွေကလည်းက ခေါ်ယူခဲ့သင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailymail

မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဘာစီလိုနာ အားကစား ဒါရိုက်တာ အဘီဒယ်တို့ကြား တင်းမာမှုတွေ ရှိလာတာကြောင့် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ မန်စီးတီး နည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ တိုက်စစ်မှူး မက်ဆီကို ကာလရှည် နည်းပြခဲ့ဖူးပြီး မန်စီးတီးအသင်းမှာ ပြန်လည်ပေါင်းစည်းနိုင်ချေ ရှိပေမဲ့ ပီတစ်ကတော့ မန်စီးတီးအသင်းအနေနဲ့ မက်ဆီကို မခေါ်ယူသင့်ဘူးလို့ အကြံပေးခဲ့ပါတယ်။

Photo Credit: Dailymail

အီမာနျူအယ် ပီတစ်က “မက်က အင်္ဂလန်နိုင်ငံရဲ့ ပြင်ထန်းမှုနဲ့ သင့်တော်မယ်လို့ မထင်မိပါဘူး။ သူ့ကို မြင်ရရင် အင်္ဂလန် ပရိသတ်တွေအတွက်က ကြည်နူးစရာ ဖြစ်မှာပါ။ ဒါပေမဲ့ မန်စီးတီးလို အသင်းအနေနဲ့ အသက် (၃၂) ဒါမှမဟုတ် (၃၃) နှစ် မက်ဆီကို ဘာလို့ ခေါ်ချင်ရတာလဲ ဆိုတာ နားမလည်ဘူး။ မန်စီးတီးအသင်းက သူ့ကို ခေါ်ချင်ရင် လွန်ခဲ့တဲ့ နှစ်တွေက ခေါ်ခဲ့သင့်ပါတယ်။ မက်ဆီက ရော်နယ်ဒို မဟုတ်ပါဘူး။ ခန္စာကိုယ်ပိုင်းကြည့်ရင် မတူညီကြဘူး”လို့ ပြောခဲ့ပါတယ်။