MySport Myanmar

အသင်းဖော် ကက်စီမဲရိုးက ခေါင်းဆောင်ကောင်းတစ်ဦးလို့ ဖရက်ဒ် ချီးကျူး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဖရက်ဒ်က သူရဲ့ လက်ရွေးစင်ရော ကလပ်အသင်းဖော်ပါဖြစ်တဲ့ ကွင်းလယ်လူ ကက်စီမဲရိုးဟာ စိတ်ဓါတ် မာကြောမှုရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်တယ်လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Mirror

သူ့အသင်းဖော် ကက်စီမဲရိုးနဲ့ ပတ်သတ်ပြီး ဖရက်ဒ်က “ကျွန်တော် ကက်စီမဲရိုးနဲ့ တွဲကစားရတာကို တော်တော် သဘောကျတယ်။ သူက ရီးယဲလ်မက်ဒရစ်အသင်းမှာတုန်းကလည်း ဆုဖလားတွေ အများကြီးကို ရယူနိုင်ခဲ့သေးတယ်။ ပြီးတော့ လက်ရွေးစင်အသင်းအတွက်လည်း ကောင်းမွန်တဲ့ စိတ်ဓါတ်မျိုး ပိုင်ဆိုင်ထားတယ်။ သူက ကျွန်တော်တို့ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ သူက ခေါင်းဆောင်ကောင်းတစ်ဦးလိုပါပဲ။ သူက ကျွန်တော်တို့တွေနဲ့ရော ကစားသမားတိုင်းလိုလိုနဲ့ပါ နေ့တိုင်း စကားတွေ ပြောဆိုနေတတ်တာ။ သူရဲ့ အင်္ဂလိဂ် စကားပြော စွမ်းရည် ပိုမို ကောင်းမွန်လာအောင်လည်း လေ့ကျင့်နေတတ်တယ်။ သူက တကယ့်ကို လူကောင်းတစ်ယောက်။ ဒါကိုလည်း လူတိုင်း သိကြတယ်။ သူက အဝတ်လဲခန်းထဲမှာ အဆင်ပြေအောင် နေတတ်ပါသေးတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဒါ့အပြင် နည်းပြကြီး အဲရစ်တန်ဟက်ဂ်နဲ့ ပတ်သတ်ပြီးတော့လည်း ဖရက်ဒ်က “အဲရစ်တန်ဟက်ဂ်က အသင်းဆီကို သူနဲ့အတူ သယ်ဆောင်လာတွေတာ အများကြီးပါပဲ။ သူက အဝတ်လဲခန်းအတွင်းကိုလည်း စွမ်းအားတွေ သယ်ဆောင်လာတယ်။ ဘာတွေက ပြောင်းလဲအောင် လုပ်လိုက်သလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ လူတွေက အတူတူပဲကို စိတ်ဓါတ်ပိုင်းတွေက ပြောင်းလဲလာခဲ့တယ်။ အခိုက်အတန့်တိုင်းလိုလိုမှာ ကျွန်တော်တို့ ယုံကြည်မှု ရှိလာတယ်။ ကျွန်တော်တို့ ပွဲစဉ်တွေအပေါ်မှာလည်း ယုံကြည်ချက်တွေ ရှိလာတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်တွေ ခံယူချက်တွေ ကောင်းမွန်လာတယ်။ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့အတွက် ဒီ mentality ပိုင်းကို ဆက်ထိန်းထားဖို့က အရေးကြီးပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၃ခုနှစ်ရဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေထဲ ပွဲပေါင်း (၁၇)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်နဲ့ တစ်ပွဲတည်းကိုသာ ရှုံးနိမ့်ထားခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ် လိဒ်စ်ယူနိုက်တက် ဘာစီလိုနာတို့ကို သရေကျထားခဲ့ကာ ကျန်တဲ့ပွဲအားလုံးကို အနိုင်ရထားခဲ့သလို လိဂ်ဖလား ဖိုင်နယ်မှာလည်း နယူးကာဆယ်ကို အနိုင်ယူပြီး လိဂ်ဖလား ချန်ပီယံ ဖြစ်ထားခဲ့ပါသေးတယ်။

Exit mobile version