အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူဟောင်း အွန်နရီက တစ်နေ့ မသေခင် အာဆင်နယ်အသင်းကို နည်းပြချင်ပါတယ်လို့ Canal Plus နဲ့ အမေးအဖြေပြုလုပ်ရာမှာ ပြောသွားခဲ့ပါတယ်။ အွန်နရီဟာ အာဆင်နယ်အသင်းမှာ (၁၉၉၉) ခုနှစ်ကနေ (၂၀၀၇) ခုနှစ်အထိ ကစားသွားခဲ့ပြီး နည်းပြ အာစင် ဝင်းဂါးနဲ့ အတူ ပရီးမီးယားလိဂ် ရွှေဖလားဆုကိုလည်း ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အွန်နရီဟာ ဘောလုံး ကစားသမားဘဝက အနားမယူခင် (၂၀၁၁-၂၁) ခုနှစ်မှာ အာဆင်နယ်အသင်းကို ကာလတို အငှားနဲ့ လာရောက် ကစားခဲ့ပြီး အနားယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ ဖလား ရရှိခဲ့ဖူးတဲ့ အွန်နရီဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၂၈) ဂိုး သွင်းယူခဲ့ပြီး အသင်းရဲ့သွင်းဂိုး အများဆုံး ကစားသမား ဖြစ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြ ဝင်းဂါးကို ထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်ဖို့ ရှာဖွေနေခဲ့တဲ့ အချိန်မှာ အသင်းရဲ့ တိုက်စစ်မှူးဟောင်း အွန်နရီကို ခန့်အပ်ဖို့ အမေးအဖြေ ပြုလုပ်ခဲ့ပါတယ်။ သူဟာ မိုနာကိုအသင်းကို နည်းပြခဲ့ပေမဲ့လည်း ရလဒ်ဆိုးရွားခဲ့တာကြောင့် နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံပြီး လက်ရှိမှာကတော့ မွန်ထရီအယ်လ်အသင်းကို နည်းပြနေလျက် ဖြစ်ပါတယ်။

Photo Credit: Goal

အွန်နရီက “ကျွန်တော် အာဆင်နယ်အသင်းကို နည်းပြဖို့အတွက် အိပ်မက်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘတ်စကက်ဘောကွင်း တည်ဆောက်ဖို့လည်း အိမ်မက် ရှိပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်တွေ ဖြစ်လာပြီလို့ ပြောလို့ မရသေးပါဘူး။ ဒါပေမဲ့ အမှန်ပါပဲ။ ကျွန်တော် မသေခင် အာဆင်နယ်အသင်းကို နည်းပြချင်ပါတယ်။ အာစင် ဝင်းဂါး မထွက်သွားခင်မှာ အာဆင်နယ်အသင်းက ရုန်းကန်နေခဲ့ပြီးသားပါ။ တကယ်ကို ခက်ခဲခဲ့ပါတယ်။ နည်းပြ အလုပ်ကို လုပ်ဖို့ စတင် စိတ်ဝင်စားလာတဲ့ အချိန်မှာ ကျွန်တော် ကြားရတာတွေ ရှိပါတယ်။ ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ သိတဲ့ လူတွေ ဒါမှမဟုတ် ကျွန်တော် သိတဲ့ လူတွေဆီကနေ တစ်ခုခု ကြားမှာပါ။ ကျွန်တော်တို့ သိတာ ရှိမှာပါ။ ဒါပေမဲ့ အားလုံးကို တကယ် မသိကြပါဘူး”လို့ ပြောခဲ့ပါတယ်။