MySport Myanmar

Promotion King လန့်စ်ဘူရီ ပရီးမီးယားလိဂ်ကို စတုတ္ထကြိမ်မြောက်အဖြစ် တတ်လှမ်းနိုင်ဖွယ်ရှိ

ပရီးမီးယားလိဂ်ရဲ့ Promotion King လို့ တင်စားခေါ်ဆိုခံထားရတဲ့ ကွင်းလယ်ကစားသမား ဟန်နရီလန့်စ်ဘူရီဟာ သူရဲ့အသင်းဟောင်းတွေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေဆီ (၃)ကြိမ်မြောက်အဖြစ် တန်းတတ်နိုင်ခဲ့တဲ့ ထူးထူးခြားခြား ကစားသမားတစ်ယောက်ဖြစ်ပြီး အခုလည်း သူရဲ့လက်ရှိကလပ် လူတန်တောင်းအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ (၄)ကြိမ်မြောက်အဖြစ် တတ်လှမ်းနိုင်ဖို့အထိပါ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်နေရပါတယ်။

Photo Credit : The Sun

အသက်(၃၁)နှစ်အရွှ့ယ် အင်္ဂလန် ကွင်းလယ်လူ လန့်စ်ဘူရီဟာ နောဝစ်ချ်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အာဆင်နယ်လူငယ်အသင်းမှာရော အာဆင်နယ်စီနီယာအသင်းအတွက်ပါ (၃)ပွဲထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် အရမ်းတောက်ပလွန်းတဲ့ ကစားသမားမျိုး ဖြစ်မလာခဲ့တဲ့ လန့်စ်ဘူရီဟာ အသင်းငယ်လေးတွေမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ရသလို အင်္ဂလန်အသင်းအတွက်ကိုလည်း ယူ-၁၆ကနေ ယူ-၂၁အထိ တောက်လျှောက်ကစားခဲ့ရပေမယ့် လက်ရွေးစင်အသင်းအတွက်ကိုတော့ ရွေးချယ်ခံရခြင်းမရှိပဲ သာမာန်ကစားသမားဘဝနဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။

Photo Credit : The Sun

ဒါပေမယ့် လန့်စ်ဘူရီရဲ့ ထူးခြားချက်တစ်ခုကတော့ သူရဲ့အသင်းဟောင်း (၃)သင်းဖြစ်တဲ့ နောဝစ်ချ် ဝက်စ်ဟမ်းယူနိုက်တက် အက်စတွန်ဗီလာအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို (၃)ကြိမ်အထိ တန်းတတ်ထားနိုင်ခဲ့တာဖြစ်လို့ သူ့ကို Promotion King လို့ပါ တင်စားခေါ်ဆိုနေကြပါတယ်။ လန့်စ်ဘူရီဟာ သူရဲ့ ပထမဦးဆုံးအသင်းဖြစ်တဲ့ နောဝစ်ချ်အသင်းနဲ့အတူ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ပထမဆုံး တတ်လှမ်းနိုင်ခဲ့တာ ဖြစ်သလို လက်ရှိမှာ ဥရောပပြိုင်ပွဲတွေထိပါ ယှဉ်ပြိုင်နေရတဲ့ ဝက်စ်ဟမ်းအသင်း ချန်ပီယံရှစ်မှသာ ရှိနေသေးချိန်ကလည်း လန့်စ်ဘူရီက ဝက်စ်ဟမ်းမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားရင်း ဝက်စ်ဟမ်းနဲ့အတူ ပရီးမီးယားလိဂ် ဒုတိယတစ်ကြိမ် တန်းတတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် လန့်စ်ဘူရီဟာ အက်စတွန်ဗီလာအသင်းနဲ့လည်း ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ချန်ပီယံရှစ် ပလေးအော့ဖိုင်နယ်မှာ ဗိုလ်စွဲခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ကို တတိယအကြိမ် တတ်လှမ်းနိုင်ခဲ့ပါသေးတယ်။ အခုလည်း သူ ပါဝင်ကစားနေတဲ့ လူတန်အသင်းဟာ ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်သလို အဆင့်(၃)နေရာက နော်တင်ဟမ်နဲ့ပါ (၂)မှတ်တည်းသာ ကွာဟနေပြီး ပလေးအော့ ကစားရဖို့လည်း အခြေအနေကောင်းနေရပါတယ်။

Exit mobile version