မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကတော့ လာမယ့် ရာသီမှာ ဂိုးသမား ဒီဂီယာကသာ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်နေဦးမှာ ဖြစ်ပြီး ဂိုးသမား ဟန်ဒါဆန်က မန်ယူအသင်းမှာ သက်သေပြစရာ အများကြီး ရှိနေသေးတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘောလုံး ဖမ်းယူတဲ့ အချိန် နဲ့ ဂိုးဧရီယာအတွင်း နေရာယူတဲ့ အချိန်မှာ အမှားတွေ ရှိခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီးမှာ နည်းပြ ဆိုးလ်ရှားရဲ့ အသုံးတော်ခံ ဂိုးသမား မဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

Photo Credit: Goal

မန်ယူအသင်းဟာ ရှက်ဖီးလ်ယူနိုက်တက်အသင်းကို အငှားချခဲ့တဲ့ ဂိုးသမား ဟန်ဆန်ဒါကို ကာလရှည် (၅) နှစ်ကြာ စာချုပ်သစ် ထပ်တိုးခဲ့ပြီး လာမယ့် ရာသီသစ်မှာ ဂိုးသမား ဒီဂီယာရဲ့ နေရာကို ဝင်ယူပြီး မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာနိုင်တယ်လို့လည်း ထင်ကြေးပေးခံရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ်က ဂိုးသမား ဟန်ဒါဆန်အနေနဲ့ မန်ယူအသင်းမှာ သက်သေပြစရာတွေ အများကြီး ရှိနေသေးပြီး ဂိုးသမား ဒီဂီယာကသာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်နေဦးမယ်လို့ SkySports သတင်းမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

SkySports သတင်းမှာ ဂယ်ရီ နဗီးလ်က “ဒီဂီယာက နံပါတ်တစ် ဂိုးသမား အဖြစ် ကစားသွားရမယ် ဆိုတာ သေချာပါတယ်။ နည်းပြ ဆိုးလ်ရှားက ရာသီရာခါနီးမှာ သူ့ကို မသုံးဘဲ ချန်ထားခဲ့ပါတယ်။ ဒီဂီယာကလည်း အဲဒီလို အခြေအနေကို ရောက်ရှိနေခဲ့တယ်။ ကျွန်တော်တို့ (၄) ပတ်ခန့် အကြာမှာ သူ ပြန်လာတာ မြင်ရပါလိမ့်မယ်။ ဂိုးသမား ဟန်ဒါဆန်ကတော့ သက်သေပြရာမှာတွေ အများကြီး ရှိသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရှက်ဖီးလ်အသင်းမှာ ဂိုးဖမ်းတာ နဲ့ မန်ယူအသင်းအတွက် ဂိုးဖမ်းတာက ခြားနားပါတယ်။ ဒီဟာက မတူညီတဲ့ မျှော်လင့်ချက်ပါပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။