လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန်အနေနဲ့ အက်သလက်တီကိုအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် (၁၆) သင်း ဒုတိယ အကျော့ ပွဲစဉ်မှာ ပါဝင်လာမှာ ဖြစ်တယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မနက်ဖြန်ည၊ ဗုဒ္စဟူးနေ့ည၊ ကြာသပတေးနေ့ နံနက် (၂း၃၀) အချိန်မှာ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ် ကစားသွားရမှာ ဖြစ်ပြီး ပထမ အကျော့ အဝေးကွင်း ပွဲစဉ်မှာ (၁-ဝ) ရလဒ်နဲ့ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့ပြီး သူ မပါဝင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နဲ့ အက်ဖ်အေ ဖလား ပွဲစဉ်တွေမှာ လီဗာပူးလ်အသင်း ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရှုံးပွဲတွေ ရှိခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ အပတ်က အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းက မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်း နဲ့ မန်ယူအသင်းတို့ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲဆက်ကို အနိုင်ရမယ်ဆိုရင် နှစ် (၃၀) ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ပြီး လက်ရှိမှာတော့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့မှာ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အတွက်ကြောင့် မနက်ဖြန်ည ကစားမယ့် ပွဲစဉ်မှာ အနိုင်ရရှိဖို့ အားခဲလာမှာ သေချာပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်က “ဟန်ဒါဆန်က ကစားဖို့ အဆင်သင့်ပါပဲ”လို့ ပြောသွားခဲ့ပြီး မနက်ဖြန် ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ပွဲထုတ်အသုံးပြုလာဖွယ် ရှိပါတယ်။