လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ အဓိက ဗိုလ်လုပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့တာတွေက ဘယ်လို အောင်မြင်နိုင်မလဲ ဆိုတာကို သင်ပေးခဲ့တယ်လို့ ပြောသွားခဲ့ပြီး ရှုံးနိမ့်မှုနဲ့ ကြုံရပြီးတိုင်း ပို ကောင်းလာပါတယ်လို့လည်း အခိုင်အမာ ပြောကြားသွားပါတယ်။ လီဗာပူးလ်အသင်းဟာ (၂၀၁၉) ခုနှစ်က ချန်ပီယံလိဂ် ဖလား မရရှိခင် ဗိုလ်လုပွဲစဉ်တွေမှာ အကြိမ်ကြိမ် ရှုံးနိမ့်နေခဲ့ပြီး (၂၀၁၆) ခုနှစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့သလို ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ်မှာလည်း မန်စီးတီးအသင်းကို ရှုံးခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ (၂၀၁၈) ခုနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာလည်း ရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး (၂၀၁၉) ခုနှစ်မှာတော့ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဥရောပရဲ့ အမြင့်ဆုံး ချန်ပီယံလိဂ် ဆုဖလားကို ထိုက်တန်စွာ ရရှိခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် (၂၅) မှတ် ဖြတ်ထားတာကြောင့် ဆုဖလား ရရှိဖို့ သေချာနေပြီ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ရှုံးနိမ့်မှုတွေက အောင်မြင်မှုတွေကို သင်ပေးခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဟန်ဒါဆန်က “ရှုံးနိမ့်မှုက ကြီးမားတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ (၂၀၁၈) ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာသာမကဘဲ ပြီးခဲ့တဲ့ နှစ်တွေက ဗိုလ်လုပွဲတွေမှာလည်း ရှုံးနိမ့်ခဲ့တယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့သလို ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ်မှာလည်း မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလို ရှုံးနိမ့်မှုတွေကနေ သင်ယူခဲ့ပြီး ဒီလို ရှုံးနိမ့်မှုတွေက အောင်မြင်မှု ရရှိဖို့ နဲ့ တိုးတတ်ဖို့ ပို ဆာလောင်စေပါတယ်။ ကျွန်တော်တို့ ဒီလို ရှုံးနိမ့်မှုတွေကို ကြုံတွေ့ပြီးတဲ့ အချိန်တိုင်းမှာ တကယ် ကောင်းမွန်တဲ့ ပုံစံကောင်းကို ပြန်လည် ရရှိခဲ့ကြတယ်။ ကျွန်တော်တို့ နိုင်ပွဲ ရဖို့ ဆက်လက် ဆာလောင်နေခဲ့ပြီး တစ်ခုခုကို ရရှိနိုင်တဲ့ အချိန်လည်း ရောက်ရှိလာမယ်လို့ ထင်ခဲ့ကြတယ်။ အဲဒီအချိန်က မနှစ်ကပါပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။