လီဗာပူးလ္အသင္းရဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆင္ကေတာ့ ရွက္ဖီးလ္ယူနိုက္တက္ကို ႏွစ္ဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရခဲ့အၿပီးမွာေတာ့ သူတို႔အသင္းဟာ လူအမ်ား ေျပာေနၾကသလို အာဆင္နယ္အသင္းရဲ့ ရွုံးပြဲမရွိစံခ်ိန္ကို လိုက္မွီနိုင္ဖို႔ ႀကိဳးစားေနတာထက္ ကစားရတဲ့ ပြဲစဥ္တိုင္းကိုသာ အာ႐ုံစိုက္ၿပီး ႀကိဳးစား ကစားေနတယ္လို႔ ဖြင့္ဟေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Metro.com

လီဗာပူးလ္အသင္းဟာ ရွက္ဖီးလ္အသင္းကို အန္ဖီးလ္ကြင္းမွာ ႏွစ္ဂိုးျပတ္ အနိုင္ရရွိခဲ့တဲ့ ပြဲအၿပီးမွာ တစ္ႏွစ္တိတိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ရွုံးပြဲမရွိတဲ့ စံခ်ိန္တစ္ခုကို ပိုင္ဆိုင္နိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းဟာ စုစုေပါင္း ၃၇ပြဲဆက္ ရွုံးပြဲမရွိခဲ့တာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ရွုံးပြဲမရွိေအာင္ ပြဲအမ်ားဆုံးကစားထားတဲ့ အာဆင္နယ္အသင္းတင္ထားတဲ့ စံခ်ိန္ဟာ ၄၉ပြဲ ျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းရဲ့ စံခ်ိန္ကို လိုက္မွီနိုင္ဖို႔အတြက္ လီဗာပူးလ္အသင္းဟာ ေနာက္ထပ္ ၁၂ပြဲဆက္တိုက္ ရွုံးပြဲမရွိေအာင္ ကစားရမွာပါ။

Photo Credit: Metro.com

ဒါေပမယ့္ ဟန္ဒါဆင္ကေတာ့ သူတို႔အသင္းဟာ အာဆင္နယ္အသင္းရဲ့ ရွုံးပြဲမရွိတဲ့စံခ်ိန္နဲ႔ ပရီးမီးယားလိဂ္ဖလားရရွိမွုအေပၚ အာ႐ုံမထားေၾကာင္းနဲ႔ ပြဲစဥ္တိုင္းကိုသာ အနိုင္ရဖို႔ ႀကိဳးစားေနကာ ရွုံးပြဲမရွိနဲ႔ ဖလားရမယ္ ၊ မရဘူးဆိုတာကိုေတာ့ ေမလမွာသာ ေတြ႕ျမင္နိုင္မွာ ျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ အသင္းရဲ့ အေနအထားအေပၚ ဟန္ဒါဆင္က –

Photo Credit: Metro.com

” ကၽြန္ေတာ္က အခုခ်ိန္မွာ အဲ့ဒီအေၾကာင္းကို မစဥ္းစားထားပါဘူး။ ကၽြန္ေတာ္က ေနာက္ထပ္ ပြဲစဥ္တစ္ပြဲအေပၚပဲ အာ႐ုံစိုက္ထားပါတယ္။ ေနာက္ထပ္စိန္ေခၚမွုတစ္ခုကိုေပါ့။ အခုခ်ိန္ဟာ အေဝးကို ၾကည့္ရမယ့္အခ်ိန္မဟုတ္ပါဘူး။ ဘာေတြျဖစ္လာမလဲဆိုတာကေတာ့ ေမလ ေရာက္မွပဲ ေစာင့္ၾကည့္ရမွာပါ ”

လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင်ကတော့ ရှက်ဖီးလ်ယူနိုက်တက်ကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့အပြီးမှာတော့ သူတို့အသင်းဟာ လူအများ ပြောနေကြသလို အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို လိုက်မှီနိုင်ဖို့ ကြိုးစားနေတာထက် ကစားရတဲ့ ပွဲစဉ်တိုင်းကိုသာ အာရုံစိုက်ပြီး ကြိုးစား ကစားနေတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

လီဗာပူးလ်အသင်းဟာ ရှက်ဖီးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ တစ်နှစ်တိတိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး လီဗာပူးလ်အသင်းဟာ စုစုပေါင်း ၃၇ပွဲဆက် ရှုံးပွဲမရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိအောင် ပွဲအများဆုံးကစားထားတဲ့ အာဆင်နယ်အသင်းတင်ထားတဲ့ စံချိန်ဟာ ၄၉ပွဲ ဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ စံချိန်ကို လိုက်မှီနိုင်ဖို့အတွက် လီဗာပူးလ်အသင်းဟာ နောက်ထပ် ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားရမှာပါ။

Photo Credit: Metro.com

ဒါပေမယ့် ဟန်ဒါဆင်ကတော့ သူတို့အသင်းဟာ အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိတဲ့စံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားရရှိမှုအပေါ် အာရုံမထားကြောင်းနဲ့ ပွဲစဉ်တိုင်းကိုသာ အနိုင်ရဖို့ ကြိုးစားနေကာ ရှုံးပွဲမရှိနဲ့ ဖလားရမယ် ၊ မရဘူးဆိုတာကိုတော့ မေလမှာသာ တွေ့မြင်နိုင်မှာ ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းရဲ့ အနေအထားအပေါ် ဟန်ဒါဆင်က –

Photo Credit: Metro.com

” ကျွန်တော်က အခုချိန်မှာ အဲ့ဒီအကြောင်းကို မစဉ်းစားထားပါဘူး။ ကျွန်တော်က နောက်ထပ် ပွဲစဉ်တစ်ပွဲအပေါ်ပဲ အာရုံစိုက်ထားပါတယ်။ နောက်ထပ်စိန်ခေါ်မှုတစ်ခုကိုပေါ့။ အခုချိန်ဟာ အဝေးကို ကြည့်ရမယ့်အချိန်မဟုတ်ပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာကတော့ မေလ ရောက်မှပဲ စောင့်ကြည့်ရမှာပါ “