လီဗာပူးလ္ ကြင္းလယ္လူ ဝုိင္နယ္လ္ဒမ္ကေတာ့ မနက္ျဖန္ ဝက္စ္ဟမ္းအသင္းနဲ႔ ကစားသြားရမယ့္ ပရီးမီးယားလိဂ္ လက္က်န္ပဲြစဥ္ မတုိင္ခင္မွာပဲ အသင္းေဖာ္ ဟန္ဒါဆင္ကုိ အေကာင္းဆုံး အသင္း ေခါင္းေဆာင္လုိ႔ ေျပာခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ မနက္ျဖန္၊ ၾကာသပေတးေန႔ည (၂း၁၅) အခ်ိန္မွာ ဝက္စ္ဟမ္းအသင္းနဲ႔ ပရီးမီးယားလိဂ္ လက္က်န္ ပဲြစဥ္ ကစားရမွာ ျဖစ္ၿပီး အႏုိင္ရရွိမယ္ ဆုိရင္ ရမွတ္ (၇၀) ရရွိသြားမွာ ျဖစ္သလုိ ရမွတ္ (၁၉) မွတ္ေတာင္ ျဖတ္သြားေတာ့မွာ ျဖစ္ပါတယ္။

Photo Credit: Goal

လီဗာပူးလ္ အသင္းဟာ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၃) ပဲြ ကစားၿပီးသြားတဲ့ အခ်ိန္မွာ (၁) ပဲြမွ မရႈံးေသးဘဲ (၂၂) ပဲြ အႏုိင္ ရရွိထားၿပီး ႏွစ္ (၃၀) ၾကာ ေစာင့္စားခဲ့ရတဲ့ ပရီးမီးယားလိဂ္ကုိ ရရွိဖုိ႔ ေသခ်ာေနၿပီ ျဖစ္ပါတယ္။ လက္ရွိရာသီမွာ လီဗာပူးလ္အသင္းရဲ႕ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၂) ပဲြစလုံးကုိ ကစားထားတဲ့ ဝုိင္နယ္လ္ဒမ္ကေတာ့ ဟန္ဒါဆန္ဟာ အျခား အသင္းေခါင္းေဆာင္ေတြနဲ႔ မတူဘဲ ႏွစ္ဦးမရွိတဲ့ အသင္းေခါင္းေဆာင္ နဲ႔ ကစားသမား ျဖစ္တယ္လုိ႔ ေျပာခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

ဝုိင္နယ္လ္ဒမ္က “သူဟာ ကစားသမား တစ္ဦးအေနနဲ႔ သာမက အသင္း ေခါင္းေဆာင္အေနနဲ႔ေရာ ႏွစ္ဦးမရွိတဲ့ ကစားသမားပါ။ ကြ်န္ေတာ္ လီဗာပူးလ္ကုိ ေရာက္လာတုန္းက သူနဲ႔ပဲ စသိခဲ့ပါတယ္။ သူက ဒီအသင္းအတြက္ ကြ်န္ေတာ္တို႔မွာ ရွိႏုိင္တဲ့ အေကာင္းဆုံး အသင္းေခါင္းေဆာင္ တစ္ဦးပါပဲ။ အသင္းေဖာ္ေတြကုိ ကူညီပုံ နဲ႔ အသင္းေဖာ္ေတြကုိ ကစားေျပာပုံက ကြ်န္ေတာ္တို႔ လိုခ်င္ေနၾကတဲ့ အသင္းေခါင္းေဆာင္ပုံစံပါပဲ။ သူက တကယ္ ေကာင္းတဲ့ ကစားသမားပါ”လုိ႔ ေျပာသြားခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်ကတော့ မနက်ဖြန် ဝက်စ်ဟမ်းအသင်းနဲ့ ကစားသွားရမယ့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် မတိုင်ခင်မှာပဲ အသင်းဖော် ဟန်ဒါဆင်ကို အကောင်းဆုံး အသင်းခေါင်းဆောင်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနက်ဖြန်၊ ကြာသပတေးနေ့ည (၂း၁၅) အချိန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး အနိုင်ရရှိမယ် ဆိုရင် ရမှတ် (၇၀) ရရှိသွားမှာ ဖြစ်သလို ရမှတ် (၁၉) မှတ်တောင် ဖြတ်သွားတော့မှာ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) ပွဲ ကစားပြီးသွားတဲ့ အချိန်မှာ (၁) ပွဲမှ မရှုံးသေးဘဲ (၂၂) ပွဲ အနိုင် ရရှိထားပြီး နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို ရရှိဖို့ သေချာနေပြီ ဖြစ်ပါတယ်။ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲစလုံးကို ကစားထားတဲ့ ဝိုင်နယ်လ်ဒမ်ကတော့ ဟန်ဒါဆန်ဟာ အခြား အသင်းခေါင်းဆောင်တွေနဲ့ မတူဘဲ နှစ်ဦးမရှိတဲ့ အသင်းခေါင်းဆောင် နဲ့ ကစားသမား ဖြစ်တယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဝိုင်နယ်လ်ဒမ်က “သူဟာ ကစားသမား တစ်ဦးအနေနဲ့ သာမက အသင်း ခေါင်းဆောင်အနေနဲ့ရော နှစ်ဦးမရှိတဲ့ ကစားသမားပါ။ ကျွန်တော် လီဗာပူးလ်ကို ရောက်လာတုန်းက သူနဲ့ပဲ စသိခဲ့ပါတယ်။ သူက ဒီအသင်းအတွက် ကျွန်တော်တို့မှာ ရှိနိုင်တဲ့ အကောင်းဆုံး အသင်းခေါင်းဆောင် တစ်ဦးပါပဲ။ အသင်းဖော်တွေကို ကူညီပုံ နဲ့ အသင်းဖော်တွေကို ကစားပြောပုံက ကျွန်တော်တို့ လိုချင်နေကြတဲ့ အသင်းခေါင်းဆောင်ပုံစံပါပဲ။ သူက တကယ် ကောင်းတဲ့ ကစားသမားပါ”လို့ ပြောသွားခဲ့ပါတယ်။