လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ လိဂ်ဖလားကို ကိုင်မြောက်ခဲ့ပြီးတဲ့နောက် နောက်တစ်နေ့မနက် နိုးထလာတဲ့ အချိန်မှာ နောက်ထပ် ဆုဖလား တစ်လုံးကို ရယူဖို့အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တယ်လို့ Sportsmail သတင်းမှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယား လိဂ် ဆုဖလားကို လက်ကျန် ပွဲစဉ် (၇) ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အချိန်မှာ ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းမှာ လိဂ်ဖလားကို အမြန်ဆုံး ရရှိတဲ့ အသင်း အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

Photo Credit: Allfootball

လီဗာပူးလ်အသင်းကတော့ ချဲလ်ဆီးအသင်းကို (၅-၃) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာ နှစ် (၃၀) ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြောက်ခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိသွားခဲ့ပါတယ်။ လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တာ ဖြစ်ပေမယ့် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ဆုဖလားကို ကိုင်မြောက်ခဲ့ပြီး သူက လိဂ်ဖလားကို ကိုင်မြောက်ပြီး နောက်နေ့မနက်မှာ နောက်ထပ်ဖလားတစ်လုံးအတွက် အဆင်သင့်ပါလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Allfootball

Sportsmail သတင်းမှာ ဟန်ဒါဆန်က “ကျွန်တော် အခု အဆင်သင့် ဖြစ်နေပါပြီ။ လိဂ်ဖလားကို ကိုင်မြောက်ပြီး နောက်နေ့မနက် နိုးထလာတဲ့ အချိန်မှာ နောက်တစ်လုံးကို ရယူဖို့ အဆင်သင့်ကို ဖြစ်နေခဲ့ပါတယ်။ ဒီဆုဖလားကို အရင်က ရရှိခဲ့ဖူးတဲ့ သူတွေရဲ့ ပြောစကားတွေကို နားထောင်ပြီး သူတို့က လိဂ်ဖလားက ရရှိဖို့ ခက်ခဲတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လိဂ်ဖလားကို ဆက်ထိန်းနိုင်ဖို့က ပို ခက်ခဲပါတယ်။ ဒီတော့ အခု စိန်ခေါ်မှု စတင်ပါပြီ။ ဒီစိန်ခေါ်မှုက ကြီးမားလှတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရော အသင်းရော အဆင်သင့် ဖြစ်နေပါပြီ။ နည်းပြ ပြောတာကို ကျွန်တော် ကြိုက်မိပါတယ်။ နည်းပြက လိဂ်ဖလားကို ကာကွယ်သွားမှာ မဟုတ်ဘဲ ထပ်ရဖို့ တိုက်ခိုက်သွားမယ်လို့ ပြောခဲ့ပါတယ်”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။