MySport Myanmar

ကက်စီမီရိုက သူ့အတွက် အသင်းဖော်တစ်ဦးထက် ပိုပါတယ်လို့ ဗယ်လ်ဗာဒီ ပြောဆို

လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြလျက် ရှိနေတဲ့ ကွင်းလယ်ကစားသမား ဖရက်ဒရစ်ကိုဗယ်လ်ဗာဒီက သူရဲ့ အသင်းဖော်ဟောင်းဖြစ်သူ ကက်စီမီရိုနဲ့ သူနဲ့က အသင်းဖော်တွေထက် ပိုမိုတဲ့ ညီအစ်ကိုလို ဆက်ဆံရေးမျိုး ရှိနေကြသူဖြစ်လို့ ကက်စီမီရို အသင်းကနေ ထွက်ခွာသွားတဲ့အပေါ် အရမ်းစိတ်မကောင်း ဖြစ်မိတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : We’re one white family

ဥရုဂွေး ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီဟာ ရီးယဲလ်ကို ရောက်ရှိလာချိန် ၂၀၁၆ခုနှစ်မှာပဲ အသင်းရဲ့ ကွင်းလယ်မှာ ဘရာဇီးလ် ကွင်းလယ်လူ ကက်စီမီရိုနဲ့ တွဲဖက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီလို တွဲဖက်ကစားနေရာကနေ ကက်စီမီရိုက ဒီနှစ်နွေမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာကြောင့် ဗယ်လ်ဗာဒီအနေနဲ့လည်း သူ့အတွက် ညီအစ်ကိုလို ခင်မင်ပေါင်းသင်းခဲ့ရတဲ့ အသင်းဖော်တစ်ဦးကို ဆုံးရှုံးခဲ့ရပယတယ်။ ကက်စီမီရိုနဲ့ သူ့ကြားက ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး ဗယ်လ်ဗာဒီက “သူ ထွက်ခွာသွားခြင်းက ကျွန်တော်တို့အတွက် အရမ်းဝမ်းနည်းဖို့ကောင်းတယ်ဆိုတာ သိသာထင်ရှားပါတယ်”

Photo Credit : Manchester Evening News

“ကျွန်တော့်အတွက်ဆိုရင်လည်း သူက အသင်းဖော်တစ်ဦးထက် ပိုပါတယ်။ သူက ကျွန်တော့်ကို အချိန်မရွေး ကြိုဆိုနေတဲ့သူပါ။ အကြံညဏ်ပေးတယ်။ ဒီအသင်းရဲ့တန်ဖိုးတွေကို ပိုမို နားလည်နိုင်ဖို့ သင်ကြားပေးတယ်။ ကျွန်တော့်ကိုလည်း အမြဲ အားပေးထောက်ခံတတ်တယ်။ အဝတ်လဲခန်းအတွင်းမှာဆိုရင်တော့ သူက ကျွန်တော်ရဲ့ အစ်ကိုကြီးတစ်ယောက်လိုပဲ။ အခု ကျွန်တော် သူ့ကို သတိရနေမိပါပြီ။ ဒါပေမယ့်လည်း ကက်စီမီရိုနဲ့ သူ့မိသားစုဝင်တွေအားလုံး ဘယ်နေရာကိုပဲရောက်ရောက် အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်” လို့ ပြောဆိုသွားကြပါတယ်။ ရီးယဲလ်အသင်းဟာ ကက်စီမီရိုလို အသင်းအတွက် အရေးပါလွန်းလှတဲ့ ကွင်းလယ်လူတစ်ဦးကို လက်လွတ်ထားခဲ့ရပေမယ့် အသင်းမှာ ကျန်ရှိနေသေးတဲ့ မိုဒရစ် ကရူးစ် ဗယ်လ်ဗာဒီတို့လို ကစားသမားတွေအပြင် လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ကာမာဗင်ဂါနဲ့ ချူအာမန်နီတို့ကိုပါ ခြေစွမ်းပြနေကြလို့ ဒီရာသီမှာ ပြိုင်ပွဲစုံကို ရာနှုန်းပြည့် နိုင်ပွဲတွေ ဆကိနေရတာ ဖြစ်ပါတယ်။

Exit mobile version