ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ဖလော်ရန်တီနိုပီရက်ဇ်က သူတို့ရဲ့ ရီးယဲလ်အသင်းဆီကို ပြင်သစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေ ရောက်ရှိလာပြီး သူတို့ရဲ့ ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းဆီကို နော်ဝေကြယ်ပွင့် အာလင်းဟာလန်း ရောက်ရှိစေချင်နေကာ ဘာပေ-ဟာလန်းတို့က ရော်နယ်လ်ဒို-မက်ဆီ ပြိုင်ဘက်ဟောင်း နှစ်ယောက်ရဲ့နောက်ပိုင်း နောက်ထပ် မျိုးဆက်သစ် ပြိုင်ဘက်အတွဲအဖက် ဖြစ်စေချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Twitter

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ စျေးကွက်တွေအတွင်းမှာ အသင်းအတွက် ကစားသမားသစ်တွေကို ငွေကြေး အကုန်အကျခံ ခေါ်ယူထားခြင်း မရှိခဲ့ပေမယ့်လည်း လာမယ့် နွေစျေးကွက်မှာတော့ ဘာပေ အပါအဝင် ထိပ်တန်းကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ ပြင်ဆင်နေကြပြီး ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းလည်း ရီးယဲလ် အလိုရှိနေတဲ့ ကစားသမားစာရင်းထဲမှာ အပါအဝင် ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်း ထွက်ပေါ်နေတတဲ့ သတင်းတွေထဲမှာတော့ ဟာလန်းက ရီးယဲလ်ရဲ့ ပြိုင်ဘက် ဘာစီလိုနာအသင်းဆီ ရောက်ရှိနိုင်ခြေ ရှိနေတယ်လို့ ဖော်ပြနေကြသလို ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကိုယ်တိုင်ကလည်း ဟာလန်းကို ဘာစီလိုနာဆီကို ပိုမိုရောက်ရှိစေချင်ပြီး ရော်နယ်လ်ဒို-မက်ဆီ နောက်ပိုင်း မျိုးဆက်သစ် ပြိုင်ဘက်တွေအဖြစ် ဘာပေနဲ့ဟာလန်းတို့ အားပြိုင်မှုကို မြင်တွေ့ချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Youtube

လတ်တလောမှာတော့ ဘာပေရော ဟာလန်းပါ လာမယ့် နွေစျေးကွက်ထဲမှာပဲ အသင်းအပြောင်းအလဲတွေ အသီးသီး ဖြစ်ပေါ်လာနိုင်ဖွယ် ရှိလို့နေပြီး နှစ်ယောက်လုံးက ရီးယဲလ်အသင်းဆီ ရောက်ရှိနိုင်ခြေ ရှိနေရသလို ကစားသမားနှစ်ယောက်ဟာလည်း ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတွေဆီကို အသီးသီး ရောက်ရှိသွားနိုင်ပါတယ်။ ရီးယဲလ်အသင်းက အလိုရှိနေတဲ့ ဘာပေက ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး အသုံးပြုရမှာ မဟုတ်ပဲ ကစားသမားအတွက် လုပ်ခလစာကိုသာ ပေးချေရမှာ ဖြစ်သလို ကစားသမားကိုယ်တိုင်က ရီးယဲလ်မှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေတာကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖို့ အခြေအနေ ကောင်းနေရပါတယ်။ ဘာစီလိုနာအသင်းကတော့ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ကြွေးမြီတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းကတော့ မကြာသေးခင်ကပဲ ဖယ်ရန်တောရက်စ်ကို ယူရို(၅၅)သန်းနဲ့ ခေါ်ယူထားခဲ့သလို ဟာလန်းလို ထိပ်တန်းကစားသမားတွေကိုလည်း ခေါ်ယူနိုင်တယ်လို့ ဘာကာ ဥက္ကဌလာပေါ်တာကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားတာကြောင့် လာမယ့်ဘောလုံးရာသီမှာ ဘာပေရော ဟာလန်းပါ လာလီဂါပြိုင်ပွဲဆီ ရောက်ရှိလာနိုင်ဖွယ် ရှိလို့နေပါတယ်။