အီတလီ ဘောလုံးလောကနဲ့ ကမ္ဘာ့ဘောလုံးဇာတ်ခုံရဲ့ ထိပ်တန်း ဂိုးသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဂျန်လူအီချီ ဘူဖွန်က သူနဲ့အတူ ပီအက်စ်ဂျီအသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ နေမာက တကယ်ဆိုရင် ဘာလွန်းဒေါဆုကို (၅)ကြိမ်လောက်အထိတောင် ဆွတ်ခူးနိုင်ခဲ့သင့်တဲ့ ကစားသမားလို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။
အီတလီ ဂိုးသမားဟောင်းကြီး ဘူဖွန်ဟာ သူ့ကစားသမားဘဝမှာ ပါးမား ဂျုဗင်တပ်စ်အသင်းတွေအပြင် စီးရီးအေပြင်ပ ကလပ်ဆိုလို့ ပီအက်စ်ဂျီမှာသာ ပါဝင်ကစားခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ ဘူဖွန်ဟာ နေမာ ဘာပေ ကာဗာနီ ဒီမာရီယာ အဲလ်ဗက်စ် ဗာရက်တီ မာကွင်ဟို့စ်တို့လို ထိပ်တန်း ကစားသမားတွေနဲ့ တွဲဖက် ကစားခဲ့ရပါတယ်။
Photo Credit : CNN
ဘူဖွန်ဟာ ပီအက်စ်ဂျီမှာ တစ်ရာသီတည်းသာ ဖြတ်သန်းခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့အတူ ပြင်သစ်လီဂူး ချန်ပီယံ ဖြစ်ခဲ့သလို ဘူဖွန်ကလည်း အဲ့ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲအထိတောင် ကစားပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဘူဖွန်က ဘောလုံးသမားဘဝကနေ အနားယူပြီး အီတလီအသင်းမှာ အဖွဲ့ညှိနှိုင်းရေးမှုအဖြစ် ဆောင်ရွှက်နေပါတယ်။
ဘူဖွန်အနေနဲ့ သူဖြတ်သန်းခဲ့တဲ့ ကစားသမားဘဝတစ်လျှောက်မှာ ပြိုင်ဘက်ကစားသမားပေါင်းများစွာ တိုက်စစ်မှူးပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီထဲမှာ ဘူဖွန်အတွက် အတော်လေး ခက်ခဲစေခဲ့တဲ့ ပြိုင်ဘက်ကောင်းတွေ အမြောက်အများ ပါဝင်နေမှာ သေချာပါတယ်။ ဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ဘူဖွန်က “အခက်အခဲဆုံး ပြိုင်ဘက်ဆိုရင်တော့ ဒါက ရွေးချယ်ရခက်ပါတယ်။”
Photo Credit : Sky Sports
“ကျွန်တော်က ဘောလုံးမျိုးဆက် (၃)ခုလောက်နဲ့ ကစားခဲ့ရတာ ဆိုတော့လေ။ ဇီဒန်း ၊ ရော်နယ်လ်ဒို(နာဇာရီယို)၊ မက်ဆီ ၊ ရော်နယ်လ်ဒို(ခရစ္စတီယာနို)၊ အင်နီယေစတာတို့လို ကစားသမားထဲကမှ တစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင်တော့ နေမာပါ။ အခက်အခဲဆုံး ကစားသမားဆိုရင်လည်း ဟုတ်တယ်။ အခက်ခဲဆုံး လူပုဂ္ဂိုလ်လည်း ဟုတ်တယ်။”
“သူက ဘာလွန်းဒေါဆုကို (၅)ကြိမ်လောက်အထိ ဆွတ်ခူးနိုင်ခဲ့သင့်တဲ့ ကစားသမားမျိုးပါ။” လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နေမာဟာ ရော်နယ်လ်ဒို မက်ဆီတို့ပြီးရင် တတိယအကောင်းဆုံး ဘောလုံးသမားအဖြစ် မှတ်ယူခံရပေမယ့် သူရဲ့ ဒဏ်ရာ ပြဿနာတွေက သူ့ကစားသမားဘဝကို အတော်လေး ဟန့်တားခဲ့တာ ဖြစ်ပါတယ်။