MySport Myanmar

ဂရေဟမ်ပေါ်တာကို ထောက်ခံပေးဖို့ ချယ်လ်ဆီးပရိသတ်တွေအား ဂျိုးကိုး တောင်းဆို

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီး ဂျိုးကိုးက ချယ်လ်ဆီးအသင်းက လက်ရှိမှာ ရလဒ်တွေ ဆိုးရွားလျက် ရှိနေပေမဲ့လည်း အသင်းမှာက ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အသင်းနည်းပြ ဂရေဟမ်ပေါ်တာကို အပြစ်မတင်ပဲ ထောက်ခံအားပေးသွားကြဖို့လို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ သောမတ်စ်တူဟယ်လ်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဆီကို ပြီးခဲ့တဲ့ စက်တင်ဘာ (၈)ရက်နေ့မှာပဲ လက်တွဲဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိတော့ ချယ်လ်ဆီးကို ပြိုင်ပွဲစုံ (၁၉)ပွဲ ကိုင်တွယ်ထားခဲ့ရာ (၈)ပွဲနိုင် (၄)ပွဲသရေနဲ့ (၇)ပွဲအထိ ရှုံးထားခဲ့ရပါတယ်။ လက်ရှိမှာလည်း ပေါ်တာရဲ့ ချယ်လ်ဆီးအသင်းကို (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးနေတာကြောင့် ချယ်လ်ဆီးပရိသတ်တွေက နည်းပြပေါ်တာအပေါ် မကျေမနပ်တွေ ဖြစ်လာခဲ့ရပြီး ပေါ်တာကို အသင်းကနေ ထုတ်ပယ်ပေးဖို့အထိပါ တောင်းဆိုလာခဲ့ပေမဲ့ ဂျိုးကိုးကတော့ ပေါ်တာကို ထောက်ခံပေးသွားဖို့ တောင်းဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဂရေဟမ်ပေါ်တာနဲ့ ပတ်သတ်ပြီး ဂျိုးကိုးက “သူ့ကို အချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒီပွဲမှာတော့ အသင်းပရိသတ်တွေရဲ့ စိတ်အနှောင့်အယှက် အနည်းငယ်ကို မြင်တွေ့ခဲ့ရတယ်။ ဒါပေမယ့် အသင်းမှာက ဒဏ်ရာအခြေအနေတွေကြောင့် အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်ထားခဲ့ရတာကိုတော့ သူတို့ နားလည်ဖို့ လိုပါတယ်။ ဒီပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးအသင်းဆီကနေ လုံလောက်တဲ့ အရည်အသွေး အနည်းအကျဉ်းလောက် တွေ့ခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ရလဒ်တွေ ပြောင်းလဲလာမယ်လို့လည်း ယုံကြည်မိပါတယ်။ ပြီးခဲ့တဲ့ နှစ်(၂၀)အတွင်းမှာ ကလပ်အသင်းက ကိုယ်ပိုင်ပုံစံနဲ့ အရမ်း တည်ငြိမ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ပေါ်တာ ရောက်လာတယ်။ အသင်းရဲ့ပိုင်ရှင် အပြောင်းအလဲအောက်မှာ ကစားသမားသစ် စုဆောင်းမှုတွေလည်း ပြောင်းလဲလာတယ်။ ပေါ်တာအနေနဲ့ သူကိုယ်တိုင် အကောင်းဆုံး လုပ်ဆောင်နေနိုင်ပြီလို့လည်း ထင်မိပါတယ်။ သူက ရိုးရိုးသားသား ရှိတယ်။ သူ့ကစားသမားတွေကိုလည်း ယုံကြည်ချက်ထားတယ်။ ဒဏ်ရာပြသာနာတွေ ရှိနေပေမဲ့ top 6 အတွင်းမှာ ရပ်တည်နိုင်တဲ့ ကစားသမား အစုအဖွဲ့မျိုးကို ပိုင်ဆိုင်ထားတာမို့ ဆက်ပြီး လုပ်ဆောင်နေဖို့ လိုပါတယ်။ ပရိသတ်တွေ အသင်းသားတွေအားလုံးလည်း သူနဲ့ တစ်သားတည်း ရှိနေရပါမယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version