ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက သူရင်ဆိုင်ခဲ့သမျှ ဂိုးသမားတွေအားလုံးထဲကမှ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဆလိုဗေးနီးယားဂိုးသမားဖြစ်တဲ့ ဂျန်အိုဘလက်ခ်က သူ့အတွက်တော့ အော့ဘလက်က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ဖြစ်သလို အိုဘလက်ခ်နဲ့ ရင်ဆိုင်ရတဲ့ အချိန်တွေတိုင်းလိုလိုမှာ သူ့အတွက် စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်တယ်လို့ မက်ဆီက သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : 11 Sports

ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မက်ဆီဟာ ကစားသမားဘဝအတွင်းမှာ ဂိုးသမားပေါင်း (၁၆၀)ကို ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးသမားတွေထဲကမှ အသက်(၂၇)နှစ်အရွှယ် ဂိုးသမားအိုဘလက်ခ်က အကောင်းဆုံးသော ဂိုးသမားတစ်ယောက်လို့ သတ်မှတ်ပြောဆိုလိုက်ပါတယ်။ မက်ဆီက “အိုဘလက်ခ်က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါ။ ဒီလို အကောင်းဆုံးဂိုးသမားတစ်ယောက်နဲ့ ရင်ဆိုင်ရတာကလည်း အလွန်ကို ထူးခြားကောင်းမွန်ပါတယ်။ သူ့လို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပြီး သူ့လို ဂိုးသွင်းရခက်ခဲတဲ့ ဂိုးသမားတစ်ယောက်ကို ဂိုးသွင်းယူနိုင်ဖို့အတွက်ကိုလည်း တွန်းအားဖြစ်စေတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ လီယွန်နယ်မက်ဆီဟာ သူရဲ့ဘာစီလိုနာကစားသမားဘဝ သွင်းဂိုးစုစုပေါင်း (၆၄၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့လို့ ကမ္ဘာကျော်ဘောလုံးသမားကြီးဖြစ်တဲ့ ပီလီရဲ့ ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းယူခဲ့တဲ့ သွင်းဂိုးစံချိန်ကောင်းတစ်ခုဖြစ်တဲ့ သွင်းဂိုးပေါင်း (၆၄၃)ဂိုးကို ကျော်ဖြတ်ထားနိုင်ခဲ့တာဖြစ်လို့ နာမည်ကျော်ဘီယာတစ်ခုဖြစ်တဲ့ Budweiser ကနေ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ မက်ဆီဂိုးသွင်းခဲဲ့ဖူးတဲ့ ဂိုးသမားပေါင်း အယောက်(၁၆၀)ဆီကို အမှတ်တရ ဘီယာပုလင်းတွေ ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီဂိုးသမား အယောက်(၁၆၀)ထဲကမှ မက်ဆီဂိုးသွင်းခဲ့တဲ့ သွင်းဂိုးပမာဏနဲ့တွက်ချက်ပြီး မက်ဆီတစ်ဂိုးသွင်းယူခဲ့တဲ့ ဂိုးသမားတစ်ယောက်အတွက် ဘီယာတစ်လုံးနှုန်းနဲ့ လက်ဆောင်ပေးပို့ခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ သွင်းဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ဂိုးသမားက ဗလင်စီယာဂိုးသမားဟောင်းဖြစ်တဲ့ ဒီယေဂိုလိုပက်ဇ်ဖြစ်ပြီး (၂၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ Budweiser ကနေ မက်ဆီသွင်းယူခဲ့ဖူးတဲ့ ဂိုးသမားတွေဖြစ်တဲ့ ကာဆီးလက်စ် ဘူဖွန် ကယ်ပါအာရီဇာဘယ်လာဂါ အော့ဘလက်တို့လို ဂိုးသမားတွေဆီကို အမှတ်တရ ဘီယာပုလင်းတွေကို ပေးပို့ခဲ့ပြီး ဒီဂိုးသမားတွေကလည်း မက်ဆီရဲ့အောင်မြင်မှုတွေအတွက် ဂုဏ်ပြုစကားတွေ ပြန်လည်ပြောဆိုထားပါတယ်။