MySport Myanmar

ဒီးယက်ဇ်က ကစားသမားသစ် တစ်ဦးလို့ ဖြစ်နေလိမ့်မယ်လို့ ကလော့ပ် ဆို

ဒဏ်ရာ ပြသာနာဆိုးတွေကနေ ပြန်လည် သက်သာလာပြီဖြစ်သော ကိုလံဘီယာ တောင်ပံ တိုက်စစ်ကစားသမား လူးဝစ်ဒီးယက်ဇ်က သူတို့ အသင်းအတွက် ကစားသမားသစ် တစ်ဦးလို vibe မျိုး ပေးနိုင်လိမ့်မယ်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ကြွေးကြော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကမှ ပေါ်တိုကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ဒီးယက်ဇ်ဟာ လီဗာပူးလ် တိုက်စစ်မှာ အချိန်တိုလေးအတွင်း အံ့ဝင်နိုင်ခဲ့သူဖြစ်ပြီး အသင်းကို အကောင်းဆုံး အကျိုးပြုနိုင်ခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် ဘယ်တောင်ပံ ကစားသမား ဒီးယက်ဇ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ စတင်ပြီး သူရဲ့ ဒူးဒဏ်ရာကြောင့် လီဗာပူးလ်အသင်းရဲ့ ပြိုင်ပွဲစုံ ပွဲပေါင်း (၃၃)ပွဲအထိ လွဲချော်ထားခဲ့ရပါတယ်။ အခုတော့ ဒီးယက်ဇ်က အသင်းမှာ ရာနှုန်းပြည့် လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ကာ ဒီည လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာပဲ ပါဝင်လာဖွယ် ရှိနေပါတယ်။

Photo Credit : The Mirror

ဒီးယက်ဇ်နဲ့ ပတ်သတ်ပြီး “သူက အသင်း လေ့ကျင့်ရေးမှာ (၁၀၀) ရာခိုင်နှုန်းအပြည့် အဆင့်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ သူနဲ့ ပြန်ပေါင်းစပ်ရမယ်။ သူလည်း အသင်း လူစာရင်းမှာ ပါဝင်လာလိမ့်မယ်။ သူ ပြန်လာတာက ကစားသမားသစ်တစ်ဦးကို ခေါ်ယူထားသလိုမျိုး ဖြစ်နေမှာ အသေအချာပါပဲ။ သူက အကြီးအကျယ် တိုးတတ်လာတယ်။ သူရဲ့အင်္ဂလိပ်စကား အပြောအဆိုလည်း ပိုကောင်းလာပြီး တကယ်ပဲ အခြေတချ ဖြစ်လာတယ်။ သူ တကယ်ကို ရင့်ကျက်လာတယ်။ နိုင်ငံသစ်တစ်ခုကို စတင် ရောက်လာချိန်ကထက် ပိုပြီးတော့ကို အဆင်ပြေလာတယ်။ နေ့တိုင်းလိုလို လေ့ကျင့်ရေးကွင်းထဲမှာ ကွဲပြားခြားနားတဲ့ အသစ်အဆန်းတွေ လုပ်ဆောင်နိုင်တယ်”

Photo Credit : Liverpool FC News

“သူ ဒီကို ရောက်ခါစက ကျွန်တော် ပြောခဲ့ဖူးသလိုပဲ။ သူက လေ့ကျင့်ခန်းဆင်းရင်း အပြုံးတွေ ရယ်မောမှုတွေ မပါပဲနဲ့ကို မလေ့ကျင့်နိုင်ဘူး။ ဒါက တကယ်ကို ထူးခြားတဲ့ အရာဖြစ်ပြီး သူရဲ့ ပြုမှုပုံက အဲ့ဒီလိုပါပဲ” လို့ နည်းပြကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ ဒီးယက်ဇ်က ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲသာ ကစားထားရသေးပေမယ့် (၄)ဂိုးသွင်း (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

Exit mobile version