ဘာစီလုိနာအသင္းကေန စြန္႔ပယ္ခံရေပမယ့္ အာဆင္နယ္အသင္းကုိ ေျပာင္းေရႊ႔လာခဲ႔ၿပီးေနာက္ အသင္းရဲ႕ အေရးအပါဆုံးေသာ ကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္လာႏုိင္ၿပီး ၂၀၁၈ခုႏွစ္ ဇန္နဝါရီလမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းဆီကုိ ထပ္မံေျပာင္းေရႊ႔ျဖစ္ခဲ႔တဲ႔ အလက္ဆစ္ဆန္းခ်က္ဇ္ဟာ ယူႏုိက္တက္မွာေတာ့ သူရဲ႕ေျခစြမ္းေတြ အေတာ္ေလးကုိ တိမ္ငုတ္သြားခဲ့ရၿပီး ပရီးမီးယားလိဂ္ သမုိင္းတေလွ်ာက္ အဆုိးရႊားဆုံး ေခၚယူမႈေတြထဲမွာေတာင္ ပါဝင္သြားခဲ႔ရပါတယ္။ အခုေတာ့ ဆန္းခ်က္ဇ္ဟာ အင္တာမီလန္အသင္းမွာ တစ္ရာသီအငွားနဲ႔ သြားေရာက္ကစားလုိ႔ေနပါတယ္။

Photo Credit : Getty Images

အသက္၃၀အရႊယ္ရွိ ခ်ီလီလက္ေရြးစင္ တုိက္စစ္ကစားသမားဆန္းခ်က္ဇ္ဟာ ကစားသမားဘဝအတြင္းမွာ ဒဏ္ရာျပသာနာနေတြနဲ႔ မၾကာခဏ ရင္ဆုိင္ေနရတတ္တဲ႔ ကစားသမားျဖစ္သလုိ အနားယူခဲ႔ရတဲ႔ရက္ေပါင္းကလည္း မနည္းလွပါဘူး။ အခု အင္တာမီလန္ကုိ ေရာက္စမွာလည္း ဒဏ္ရာျပသာနာေၾကာင့္ ခ်က္ခ်င္းပြဲမထြက္ႏုိင္ေသးပဲ ပြဲထြက္ခြင့္ရၿပီး ၄ပြဲေလာက္အၾကာမွာပဲ ေနာက္ထပ္ျပသာနာတစ္ခုကုိ ခ်ီလီအသင္းနဲ႔ ႏုိင္ငံတကာပြဲေတြ ဆင္ႏြဲေနရင္းနဲ႔ ထပ္မံရရွိခဲ႔ရလုိ႔ ေနာက္ထပ္ ရက္သတၱပတ္ေပါင္းမ်ားစြာ အနားေပးရျပန္ပါတယ္။ ဆန္းခ်က္ဇ္ရဲ႕ဒဏ္ရာဟာ ကုိလံဘီယာနဲ႔ ခ်ီလီအသင္းတုိ႔ ေအာက္တုိဘာလ လဆန္းပုိင္းေလာက္က ယွဥ္ၿပိဳင္ကစားခဲ႔တဲ႔ ႏုိင္ငံတကာေျခစမ္းပြဲမွာ ရရွိသြားခဲ႔တာျဖစ္ၿပီးေတာ့ ေျခခ်င္းဝတ္ကုိ ထိခုိက္သြားခဲ႔ရတာျဖစ္ပါတယ္။ အခုဆုိရင္ ဆန္းခ်က္ဇ္ဟာ ဒဏ္ရာေၾကာင့္ အနားယူေနရတာ တစ္လနီးပါး ရွိသြားခဲ႔ၿပီပဲျဖစ္ပါတယ္။

Photo Credit : Getty Images

ေဆးအဖြဲ႕ဝင္ေတြရဲ႕ကနဦးစစ္ေဆးခ်က္ေတြအရ ဆန္းခ်က္ဇ္ဟာ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ အနည္းဆုံးသုံးလေလာက္အထိ အနားယူရလိမ့္မယ္လုိ႔ ခန္႔မွန္းေျပာဆုိခဲ႔ေပမယ့္လည္း လက္ရွိမွာ ဆန္းခ်က္ဇ္ရဲ႕ဒဏ္ရာျပန္လည္သက္သာလာမႈက လ်င္လ်င္ျမန္ျမန္ ျဖစ္လာခဲ႔တာေၾကာင့္မုိ႔ သတ္မွတ္ထားတဲ့ရက္ထက္ ေစာစီးစြာ အသင္းအတြက္ ျပန္လာႏုိင္ဖြယ္ ရွိလုိ႔ေနပါတယ္။ ယခင္သတ္မွတ္ထားခ်က္ေတြအရ လာမယ့္၂၀၂၀ခုႏွစ္ လလယ္ပုိင္းေလာက္မွသာ အင္တာအတြက္ ျပန္ကစားႏုိင္ဖြယ္ရွိေနတယ္လုိ႔ သုံးသပ္ထားခဲ႔ေပမယ့္ လာမယ့္ရက္ပုိင္းေလးမွာပဲ ဆန္းခ်က္ဇ္ရဲ႕ဒဏ္ရာက အေျခအေန ပုိတုိးတတ္လာႏုိင္တယ္လုိ႔ အင္တာမီလန္ေဆးအဖြဲ႕ကေန ထုတ္ျပန္ေျပာဆုိလာခဲ႔ပါတယ္။ ဆန္းခ်က္ဇ္ဟာ အင္တာမီလန္အသင္းအတြက္ စီးရီးေအသြင္းဂုိးတစ္ဂုိးကုိသာ သြင္းယူႏုိင္ခဲ႔တာျဖစ္ၿပီး အဲ႔ဒီသြင္းဂုိးကုိ ရရွိခဲ႔တဲ႔ပြဲမွာပဲ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ပယ္ခံခဲ႔ရပါေသးတယ္။

(Unicode)

သတ်မှတ်ထားတဲ့ရက်ထက် စောစီးစွာ သက်သာလာဖွယ်ရှိနေတဲ့ ဆန်းချက်ဇ်

ဘာစီလိုနာအသင်းကနေ စွန့်ပယ်ခံရပေမယ့် အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အရေးအပါဆုံးသော ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာနိုင်ပြီး ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ထပ်မံပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာတော့ သူရဲ့ခြေစွမ်းတွေ အတော်လေးကို တိမ်ငုတ်သွားခဲ့ရပြီး ပရီးမီးယားလိဂ် သမိုင်းတလျှောက် အဆိုးရွှားဆုံး ခေါ်ယူမှုတွေထဲမှာတောင် ပါဝင်သွားခဲ့ရပါတယ်။ အခုတော့ ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားလို့နေပါတယ်။

Photo Credit : Getty Images

အသက်၃၀အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမားဆန်းချက်ဇ်ဟာ ကစားသမားဘဝအတွင်းမှာ ဒဏ်ရာပြသာနာနတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတတ်တဲ့ ကစားသမားဖြစ်သလို အနားယူခဲ့ရတဲ့ရက်ပေါင်းကလည်း မနည်းလှပါဘူး။ အခု အင်တာမီလန်ကို ရောက်စမှာလည်း ဒဏ်ရာပြသာနာကြောင့် ချက်ချင်းပွဲမထွက်နိုင်သေးပဲ ပွဲထွက်ခွင့်ရပြီး ၄ပွဲလောက်အကြာမှာပဲ နောက်ထပ်ပြသာနာတစ်ခုကို ချီလီအသင်းနဲ့ နိုင်ငံတကာပွဲတွေ ဆင်နွဲနေရင်းနဲ့ ထပ်မံရရှိခဲ့ရလို့ နောက်ထပ် ရက်သတ္တပတ်ပေါင်းများစွာ အနားပေးရပြန်ပါတယ်။ ဆန်းချက်ဇ်ရဲ့ဒဏ်ရာဟာ ကိုလံဘီယာနဲ့ ချီလီအသင်းတို့ အောက်တိုဘာလ လဆန်းပိုင်းလောက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ရရှိသွားခဲ့တာဖြစ်ပြီးတော့ ခြေချင်းဝတ်ကို ထိခိုက်သွားခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင် ဆန်းချက်ဇ်ဟာ ဒဏ်ရာကြောင့် အနားယူနေရတာ တစ်လနီးပါး ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ဆေးအဖွဲ့ဝင်တွေရဲ့ကနဦးစစ်ဆေးချက်တွေအရ ဆန်းချက်ဇ်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံးသုံးလလောက်အထိ အနားယူရလိမ့်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ပေမယ့်လည်း လက်ရှိမှာ ဆန်းချက်ဇ်ရဲ့ဒဏ်ရာပြန်လည်သက်သာလာမှုက လျင်လျင်မြန်မြန် ဖြစ်လာခဲ့တာကြောင့်မို့ သတ်မှတ်ထားတဲ့ရက်ထက် စောစီးစွာ အသင်းအတွက် ပြန်လာနိုင်ဖွယ် ရှိလို့နေပါတယ်။ ယခင်သတ်မှတ်ထားချက်တွေအရ လာမယ့်၂၀၂၀ခုနှစ် လလယ်ပိုင်းလောက်မှသာ အင်တာအတွက် ပြန်ကစားနိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်ထားခဲ့ပေမယ့် လာမယ့်ရက်ပိုင်းလေးမှာပဲ ဆန်းချက်ဇ်ရဲ့ဒဏ်ရာက အခြေအနေ ပိုတိုးတတ်လာနိုင်တယ်လို့ အင်တာမီလန်ဆေးအဖွဲ့ကနေ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းအတွက် စီးရီးအေသွင်းဂိုးတစ်ဂိုးကိုသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီသွင်းဂိုးကို ရရှိခဲ့တဲ့ပွဲမှာပဲ နှစ်ဝါတစ်နီနဲ့ အထုတ်ပယ်ခံခဲ့ရပါသေးတယ်။