ဒီနှစ်ရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာသွားရတော့မယ့်လို့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ အသင်းဖော် အီဒင်ဟာဇက်ဟာ ကောလဟာလတွေ ထွက်ပေါ်နေသလို အသင်းနဲ့ လက်တွဲဖြုတ်သွားမှာမဟုတ်ပဲ အသင်းမှာသာ ဆက်လက်ရှိနေမှာ (၁၀၀)%အထိကို သေချာနေတယ်လို့ ရီးယဲလ်ဂိုးသမား ကော်တွိုက်စ်က မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၂)ရာသီ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခြင်းမရှိပဲ ဒဏ်ရာပြသာနာများစွာနဲ့သာ ရုန်းကန်နေခဲ့ရတာကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းဘက်ကနေ သူ့ကို ရောင်းထုတ်သွားတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ရတာဖြစ်သလို ဟာဇက်ကိုယ်တိုင်ကလည်း အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီ ပြန်လည်ပြောင်းရွှေ့ချင်နေတယ်ဆိုပြီး သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် ဒီလိုကောလဟာလတွေ ထွက်ပေါ်နေသလို ဟာဇက်က အသင်းနဲ့ လမ်းခွဲသွားမှာမဟုတ်ပဲ အသင်းမှာသာ ဆက်လက်ရှိနေဦးမှာ ရာနှုန်းပြည့် သေချာတယ်လို့ အသင်းဖော် ဂိုးသမားကော်တွိုက်စ်က ပြောဆိုလာခဲ့ပါတယ်။ ကော်တွိုက်စ်က “သူ ဒီအသင်းမှာပဲ ဆက်လက်ရှိနေမယ်ဆိုတာ (၁၀၀)%အပြည့် သေချာတယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။ သူ ဒီအသင်းကနေ မထွက်ခွာသွားချင်ပါဘူး။ မက်ဒရစ်အခြေစိုက် သတင်းမီဒီယာတွေကနေသာ ဟာဇက်ထွက်ခွာရမယ့်အကြောင်းတွေကို ရေးသားဖော်ပြနေတာပါ။ သူက ဒီမှာပဲ ဆက်ကစားချင်နေတာပါ။ ဒဏ်ရာပြသာနာကင်းကင်းနဲ့ ဆုဖလားတွေ ရယူနိုင်တဲ့အထိ သူ ဆက်ကစားချင်နေတာပါ။ ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးမှာ ရောက်ရှိနေပြီဆိုရင်တော့ ကစားသမားတိုင်းက အချိန်မရွေး ဝန်ခံမှုတွေနဲ့ ရင်ဆိုင်ရမှာပဲ။ ဂါရတ်ဘေးလ်ဆိုရင်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ။ ဒါပေမယ့် သူ ကိဗ်မှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သွင်းဂိုး(၂)ဂိုး သွင်းယူပြီး ချန်ပီယံလိဂ်ဖလားကိုပါ ရယူပေးနိုင်ခဲ့တယ်။ မက်ဒရစ်မှာဆိုရင် ပရိသတ်တွေရဲ့ဖိအား စာနယ်ဇင်းသမားတွေရဲ့ ဝေဖန်မှုတွေက များစွာခံရတတ်တယ်။ ဒါက အီဒင် ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ။ သူ အရာအားလုံးကို ပြောင်းလဲနိုင်ပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။