MySport Myanmar

မက်ဆီ တစ်ဦးတည်းကသာ သူ့ထက် ပိုကောင်းတဲ့ ကစားသမားလို့ ဟာဇက် ဆို

ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ စူပါစတား ကစားသမားဟောင်းကြီး အီဒင် ဟာဇက်က သူနောက်ဆုံး လုပ်ဆောင်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီ တစ်ဦးတည်းကသာ သူ့ထက် ပိုကောင်းတဲ့ ကစားသမားလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းရဲ့ legend player တစ်ဦး ဖြစ်ခဲ့ရပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားချိန်မှာတော့ ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းခဲ့ရပြီး ကစားသမားဘဝကနေပါ စောစောစီးစီး အနားယူလိုက်ရဖို့အထိ အကြောင်းဖန်ခဲ့ရပါတယ်။

Photo Credit : The Sun

ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ချိန်ကတည်းက ဘောလုံးလောကနဲ့ လုံးဝ ကင်းကွာသွားခဲ့ရတဲ့ ဟာဇက်က အခု ပြင်သစ် နာမည်ကြီး သတင်းစာ L’Equipe နဲ့ အင်တာဗျူး လုပ်ဆောင်စဉ်မှာတော့ သူရဲ့ ဒဏ်ရာ အခြေအနေ ၊ ကစားသမားဘဝက အနားယူမှုတွေနဲ့ တခြားသော အကြောင်းအရာတွေကို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

“လီယွန်နယ် မက်ဆီဟာ ကျွန်တော့်ထက် ပိုကောင်းတဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ ဘာစီလိုနာအသင်းမှာ ရှိနေတုန်းက သူ ကစားတာကို ကြည့်နေရတာ သဘောကျမိပါတယ်။ နောက်ပိုင်းမှသာ သူ ကစားတာကို မကြိုက်တော့ပေမယ့် သူက ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားပါ။”

Photo Credit : Sportskeeda

“သူ့ဆီကနေ ဘောလုံးရယူဖို့ ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုရင်လည်း ကျွန်တော့်ထက် ပိုမို ကြီးကျယ်ခမ်းနားတဲ့ ကစားသမား ဆိုပေမယ့်လည်း စစ်မှန်ပြည့်ဝတဲ့ ဘောလုံးရှုထောင့်အရ ဆိုရင်တော့ ကျွန်တော်ထက် ပိုကောင်းနေတယ်လို့ မဆိုနိုင်ပါဘူး။ နေမာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၃)နှစ်သာ ရှိနေသေးတဲ့ လိုင်လီ ချယ်လ်ဆီး ရီးယဲလ် ကစားသမားဟောင်းကြီး ဟာဇက်က သူ့အနေနဲ့ ရီးယဲလ်အသင်းဆီ ရောက်ရှိသွားချိန်မှာ နွေရာသီတိုင်းလိုလို စိတ်လွတ်ကိုယ်လွတ် ပျော်ပါးတက်ပြီး ကိုယ်အလေးချိန် တက်စေမယ့် အစားအသောက်တွေလည်း စားသုံးလေးရှိတက်တယ်လို့ ဝန်ခံသွားခဲ့ပါသေးတယ်။

 

Exit mobile version