ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယအကျော့ပွဲဲစဉ်အတွင်း ပီအက်စ်ဂျီအသင်းရဲ့ ညာနောက်ခံကစားသမား မြူနီယာနဲ့ထိခိုက်မိရင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တဲ့ အီဒင်ဟာဇက်ကတော့ ဒဏ်ရာပြသာနာကြောင့် ၂လဝန်းကျင်လောက်အထိကို အနားယူခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ တိုက်စစ်ကစားသမားဟာဇက်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါဝင်လာခဲဲ့ပြီး အသင်းအတွက်ကိုလည်း သိပ်မကြာခင်မှာပဲ ပြန်လည်ပွဲဲထွက်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။
Photo Credit : Getty Images
အသက်၂၉နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် အသင်းခေါင်းဆောင် ဟာဇက်က ဒီနှစ်ဘောလုံးရာသီကမှ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်၁၁၅သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရလျက်ရှိသလို ဒဏ်ရာပြသာနာတွေနဲ့လည်း မကြာခဏဆိုသလို ရင်ဆိုင်နေခဲ့ရပါတယ်။ ဟာဇက်ဟာ လက်ရှိအချိန်ထိ ရီးရဲလ်အသင်းအတွက် ၁၃ပွဲပဲ ကစားပေးထားရသလို သွင်းဂိုးမှာလည်း ၁ဂိုးပဲ ရယူထားနိုင်သေးတာဆိုပေမယ့် တကယ့်ကစားသမားကောင်းတစ်ယောက်မို့လို့ အခုလို ဒဏ်ရာကနေ ပြန်လည်သက်သာလာတာက အသင်းအတွက် အကျိုးရှိစေမှာတော့ အမှန်ပါပဲ။
Photo Credit : Getty Images
လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါ ပွဲပေါင်း၂၀ကစားထားခဲဲ့ပြီးနောက် ရမှတ်၄၃မှတ် ရယူထားနိုင်ခဲ့ကာ ဘာစီလိုနာအသင်းနဲဲ့ ရမှတ်တူ ဂိုးကွာခြားချက်မှာ ၂ဂိုးလျော့နဲ့ အမှတ်ပေးဇယားရဲ့ဒုတိယနေရာမှာ ရပ်တည်နေရပါတယ်။ ဆိုတော့ လာလီဂါမှာ လက်ရှိချန်ပီယံ ဘာစီလိုနာရဲ့ချန်ပီယံဘွဲ့ထူးကို လုယူနိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာကလည်း ပတ်ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းကို ကျော်ဖြတ်နိုင်ဖို့ ကစားသမားအင်အား တောင့်တင်းနေဖို့ လိုအပ်ပြီး အခုလို  ဟာဇက်ဒဏ်ရာကနေ အချိန်မှပြန်လည်ကောင်းမွန်လာရတာကလည်း ရီးရဲလ်အတွက် မင်္ဂလာသတင်း ဖြစ်နေမှာပါ။ ရီးရဲလ်အသင်းဟာ ဒီတစ်ပတ်မှာတော့ စပိန်လာလီဂါပွဲစဉ်(၂၁)အဖြစ် ဗယ်လာဒိုးလစ်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြဇီဒန်းကတော့ ဒီပွဲဲမှာ ဟာဇက်ကို အလောတကြီး အသုံးပြုတာမျိုး မလုပ်သေးပဲဲ အခြေအနေကို စောင့်ကြည့်သွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
(Zawgyi)
ဒဏ်ရာကနေ သက်သာလာလို့ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ့် ဟာဇက်
ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်အတွင်း ပီအက်စ်ဂျီအသင်းရဲ့ ညာနောက်ခံကစားသမား မြူနီယာနဲ့ထိခိုက်မိရင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တဲ့ အီဒင်ဟာဇက်ကတော့ ဒဏ်ရာပြသာနာကြောင့် ၂လဝန်းကျင်လောက်အထိကို အနားယူခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ တိုက်စစ်ကစားသမားဟာဇက်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါဝင်လာခဲ့ပြီး အသင်းအတွက်ကိုလည်း သိပ်မကြာခင်မှာပဲ ပြန်လည်ပွဲထွက်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။