MySport Myanmar

ချယ်လ်ဆီး legend ရီးယဲလ် အပယ်ခံ ဟာဇက်ကို ခေါ်ယူသွားမယ့် အင်တာမိုင်ယာမီ

ဒီဈေးကွက်အတွင်းမှာပဲ လီယွန်နယ်မက်ဆီ ဆာဂျီယိုဘူးစကွက်တို့လို ထိပ်တန်း ဘောလုံးသမားကြီးတွေကို ခေါ်ယူထားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းက အခုလည်း ချယ်လ်ဆီးရဲ့ ဂန္တဝင် ရီးယဲလ်မက်ဒရစ်ရဲ့ အပယ်ခံ ကစားသမားကြီး အီဒင်ဟာဇက်ကိုပါ ကမ်းလှမ်းလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Clutch Points

  အင်တာမိုင်ယာမီအသင်းက ဒီနွေမှာ ကလပ်အသင်းရဲ့ mega signing ကြီးတစ်ခုအဖြစ် မက်ဆီကို ခေါ်ယူထားနိုင်ခဲ့သလို မက်ဆီ အသင်းဖော်ဟောင်း ဘူးစကွက်အပြင် မက်ဆီ ဘူးစကွက်တို့နဲ့ ဘာစီလိုနာမှာ လက်တွဲဖူးသူ အာဂျင်တီးနား နည်းပြကြီး မာတီနိုကိုပါ ခေါ်ယူထားခဲ့ပါသေးတယ်။ ဒါ့အပြင် မက်ဆီနဲ့အတူ အသင်းဖော်တွေ ဖြစ်ခဲ့ကြတဲ့ ယော်ဒီအယ်လ်ဘာ အင်နီယေစတာ နဲ့ ဆာဂျီယိုရာမို့စ်တို့ကိုလည်း ဆက်လက် ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိနေပြန်ပါတယ်။

Photo Credit : Sky Sports

  ဒီလို ကြိုးပမ်းနေစဉ်အတွင်းမှာပဲ မကြာသေးခင်ကမှ ရီးယဲလ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားခဲ့တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်ဟောင်း အသင်းခေါင်းဆောင်ဟောင်း ဟာဇက်ကိုပါ ခေါ်ယူချင်လာခဲ့ပြန်ပါတယ်။ အသက် (၃၂)နှစ်အရွယ် ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ဟာဇက်က လိုင်လီ ချယ်လ်ဆီးအသင်းတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သူ ဖြစ်သလို အဓိကတော့ ချယ်လ်ဆီးမှာ legend player တစ်ဦးလိုမျိုး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးကနေ ရီးယဲလ်ကို ရောက်ချိန်မှာတော့ ဟာဇက်ရဲ့ form တွေ ကျဆင်းလာခဲ့ရသလို ဒဏ်ရာတွေနဲ့လည်း ရုန်းကန်ခဲ့ရရင်း ပုံမှန် ပွဲကစားခွင့်တွေပါ ပျောက်ဆုံးခဲ့ရပါတယ်။

Photo Credit : Transfermarket

  နောက်ဆုံးမှာတော့ ဟာဇက်က ရီးယဲလ်နဲ့ စာချုပ်တစ်နှစ် ကျန်ရှိနေသေးပေမယ့်လည်း အသင်းဘက်က ဟာဇက်နဲ့ စာချုပ်ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့ရာ အခုဆို ဟာဇက်ဟာ free agent player တစ်ဦး ဖြစ်နေရပါတယ်။ ဒီအခြေအနေမှာ အင်တာမိုင်ယာမီက ဟာဇက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒီကြိုးပမ်းမှုကို ဟာဇက်ဘက်က လက်ခံသွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version